-->
×
Warning
JUser: :_load: Unable to load user with ID: 29
အမေဇုန် ကြော်ငြာမှတစ်ဆင့် ကိုယ့်ရဲ့ Brand ကို တည်ဆောက်ခြင်း
<<< Unicode >>>
Xperience မှကြော်ငြာ လုပ်ငန်း တည်ထောင်သူ ကိုညီညီ နှင့် အင်တာဗျူး
----------------------------------------------
ဒီတစ်ခါမှာတော့ Myanmar Advertising Directory ကြော်ငြာလုပ်ငန်းပိုင်းဆိုင်ရာတွေကို စိတ်ပါဝင်စားတဲ့ ပရိသတ်ကြီးအတွက် Xperience ရဲ့တည်ထောင်သူ ကိုညီညီ နဲ့ တွေ့ဆုံကာ မေးခွန်းလေး အနည်းငယ် မေးမြန်းဖြစ်ခဲ့ပါတယ်။
ကိုညီညီဟာ ဆိုရင်တော့ Advertsing လောကထဲကို ၂၀၁၁ ခုနှစ် လောက်ကတည်းက စတင်ဝင်ရောက်လာတာ ဖြစ်ပြီး ထိုစဉ်ကတည်းက လုပ်ငန်းကို ခေတ်နဲ့ အညီ လိုက်ကာ အပြောင်းလဲတွေကြားမှာလုပ်ကိုင်လာခဲ့သူပါ။
ကဲ …. Xperience မှ ကိုညီညီ နှင့် တွေ့ဆုံ မေးမြန်းခဲ့ပုံကို တစ်ချက်လေ့လာဖတ်ရှုလိုက်ကြရအောင် ….
Xperience ကို စတင်တည်ထောင်တဲ့ ခုနှစ် လေးသိနိုင်မလားရှင့်
ဖြေ - ၂၀၁၂ ခုနှစ် ၊ ဇန်နဝါရီလ ကနေ စပြီး စတင်တည်ထောင်ခဲ့ တာပါ။
Xperience က နေပြီး ဘယ်လို ကြော်ငြာ ပိုင်းဆိုင်ရာ ကိစ္စ ရပ်တွေကို ဝင်ဆောင်မှု့ ပေးနေပါသလဲ
ဖြေ - အကိုတို့ က လောလောဆယ်တော့ လုပ်ငန်းပိုင်းမှာ ၂ မျိုးရှိတာပေါ့ . Printing ပိုင်းနဲ့ Media ပိုင်းနှစ်မျိုးပေါ့ , Printing ပိုင်းက ပုံနှိပ်တွေလုပ်ပေးတယ် ၊ Vinyl ၊ Sticker တွေပေါ့ ။
နောက်တစ်ခု Media ပိုင်းကတော့ ခွက်တွေ အကျီ ၤ တွေ ထီးတွေ ဆေးရိုက်တယ် အစ အဆုံးလုပ်ပေးတယ်။ Sticker Installation က ကားတွေဘာတွေမှာ Sticker ကပ်တာ တွေ ပွဲက Sticker တွေက အစ အစ အဆုံးလုပ်ပေးပါတယ်။
သင့်ရဲ့ ရည်းစားဟောင်း ရဲ့ ဓာတ်ပုံတစ်ပုံပေးရုံ့ ဖြင့် ဘာကာတစ်လုံးရရှိမည့် အခွင့်အရေး
အကိုအနေနဲ့ ဘယ်လို Brand တွေနဲ့ လုပ်ငန်းတွဲ လုပ်ဖူးပါသလဲ
ဖြေ - Brand တွေအနေနဲ့ အကို တို့ တွဲ လုပ်ဖူးတာ များတယ် ၊ မှတ်မှတ်ရရ ပြော ရရင် KIA ၊ Hyundai တို့ ပေါ့ ၊ ထူးထူးခြားခြားပြောရရင် ProOne ပေါ့ ProOne က အင်းစိန် ရယ် ၊ စက်ဆန်းရယ် ၊ မော်လမြိုင်ရယ်
အဲ့ ဖွင့်ပွဲတွေအထိတောင် အကို Flyer တွေ ၊ Sticker တွေ ၊ Vinyl တွေ Support လုပ်ပေးခဲ့ တာပေါ့ နော်။
ယခင်တုန်းက ကြော်ငြာ ပိုင်းဆိုင်ရာနဲ့ ယခု ကြော်ငြာ ပိုင်းဆိုင်ရာလုပ်ငန်းလောက ပြောင်းလဲလာတာမျိုးများ ရှိပါသလား။
ဖြေ - ပြောင်းလဲ တာ အများကြီးတော့ မပြောင်းလဲ ပါဘူး ညီမရဲ့ ဘာတွေပြောင်းလဲ လဲဆိုရင် ပြောင်းလဲ တဲ့ အပိုင်းကတော့ Marketing ပိုင်းကို နည်းနည်း ပြောင်းလဲ ရတာပေါ့ ။
ကျန်တဲ့ Production ပိုင်းတွေမှာ လုပ်ဆိုင်တွေအပိုင်းတွေက အတူတူပါပဲ Market ဝင်တဲ့ ပုံလေးသာ ပြောင်းလဲ လာတာပေါ့။ကြော်ငြာ ပိုင်းကတော့ Online Media က ခေတ်စားလာတာတွေ့ရပါတယ်။
အကိုအနေနဲ့ ရော Digital Marketing ကို လုပ်ဆောင်ဖို့ ရှိပါသလား
ဖြေ - အခုတော့ မရှိသေးဘူး ၊ ဒါပေမဲ့ လုပ်ဆောင်ဖို့ တော့ ရှိပါတယ်။
အကို့ ရဲ့ ကြော်ငြာလုပ်ငန်းပိုင်းဆိုင်ရာတွေထဲက အကို့ အနှစ်ခြိုက်ဆုံး ကို သိနိုင်မလား ?
ဖြေ - အကို ကတော့ Off-set printing ကို သဘောကျပါတယ် ၊ အကို့ အပျော်ရွင်ဆုံးလို့ ပဲ ပြောရမှာပေါ့။
အကို့ အနေနဲ့ ကျွန်မ တို့ Myanmar Advertising Directory နဲ့ ဘယ်ကတည်းက စတင်လက်တွဲခဲ့တာလဲ ?
ဖြေ - Advertising Directory ကို ၂၀၁၀ လောက် ကတည်းက စတင် လက်တွဲ ခဲ့တာပါ။
Myanmar Advertising Directory မှာ ဘာကြောင့်ကြော်ငြာ သင့်တယ်ထင်ပါသလဲ ပရိသတ်ကို စကားလက်ဆောင်လေးပြောပေးပါဦးရှင့်
ဖြေ - အကို့ ရဲ့ အမာခံ Marketing ဆို Myanmar Advertising Directory ပါပဲ နောက် Yangon Directory ပေါ့။
အဲ့ မှာဆို ဒီလုပ်ငန်းစတည်ကတည်းက အကို ကြော်ငြာ ထည့် တယ်ပေါ့နော် တစ်နှစ်မှ မပျက်သေးဘူး။
ညီမတို့ စာအုပ်တွေကနေမှ အကို့ ဆီကို လုပ်ငန်းလာအပ်သူတွေရောက်လာပါတယ်။
Xperience ကို ဆက်သွယ်လို့ရတဲ့ လိပ်စာ ဖုန်းနံပါတ်လေးကိုပြောပြပေးပါ
ဖြေ- အမှတ် ၁၉၃ , လမ်း ၄၀ ( အလယ်ဘလောက် ) , ကျောက်တံတား မြို့နယ် , ရန်ကုန်မြို့ ပါ။
အခုလိုအချိန်ပေး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။
Xperience_Offset-Printing_(A)_40.jpg
Myanmar Advertising Directory 
Read times
Rate this item
(0 votes)