-->
×
Warning
JUser: :_load: Unable to load user with ID: 29
<<< Unicode >>>
အမေဇုန် ကြော်ငြာမှတစ်ဆင့် ကိုယ့်ရဲ့ Brand ကို တည်ဆောက်ခြင်း
ကြော်ငြာလုပ်ငန်းလုပ်ဆောင်သူတွေဟာ ကိုယ်တိုင်ကြော်ငြာခြင်း ၊ ကြော်ငြာရှာခြင်းတွေကို အမေဇုန်ကနေ အတုယူပြီး ကိုယ့်လုပ်ငန်းရဲ့ အလားအလာများကို ကြည့်ပြီး လုပ်ဆောင်သင့်ပါတယ်။
ယခုအချိန်မှာ အမေဇုန် ကြော်ငြာတွေဟာ ခေတ်စားနေပြီး ကြော်ငြာလုပ်ငန်းလုပ်ဆောင်သူတွေအနေနဲ့ ကြော်ငြာများစွာနဲ့ တခြားအရင်းအမြစ်တွေကို စာရင်းလုပ်ပြီး ကိုယ့်လုပ်ငန်းအပေါ် သက်ရောက်မှုတွေရှိဖို့ အာရုံစိုက်သင့်ပါတယ်။ စပွန်ဆာတွေကြီးထွားလာမှုနဲ့အတူ ကြော်ငြာလုပ်ငန်းတွေဟာလည်း လုပ်ငန်းရှင်တွေအောက်မှာ ပြောင်းလဲလာကြပါတယ်။ အမေဇုန်ကို ဘာလို့ အတုယူသင့်တာလဲဆိုရင် အမေဇုန်ကြော်ငြာတွေဟာ ကြီးမားပြီး စီးပွားရေးမှာ ခိုင်ခိုင်မာမာ ရပ်တည်နေတာကြောင့်လည်း ဖြစ်ပါတယ်။
ဒါပေမဲ့ အမေဇုန်ကြော်ငြာတွေမှာလည်း အလုံးစုံ ပြည့်စုံနေတာတော့ မဟုတ်ပါဘူး။ ကြော်ငြာရှင်တွေဟာ ကိုယ်တိုင်ကြော်ငြာဖို့နဲ့ ရှာဖွေရသမျှ ကြော်ငြာတွေကို အတုယူပြီး ကိုယ့်လုပ်ငန်းအတွက်လုပ်ရင်း အလားအလာတွေကို စောင့်ကြည့်သင့်ပါတယ်။
Amazon ရဲ့ DSP ကြော်ငြာများဟာ သူတို့ရဲ့ အမြင်တွေကို ထည့်သွင်းစဉ်းစားပြီး ကြော်ငြာ ကဏ္ဍမှာ ပို အာရုံစိုက်လာကြတယ်။
အမေဇုန်ရဲ့ ကြော်ငြာဇယားတစ်ခုမှာဆိုရင် အမေဇုန်လုပ်ဆောင်ခဲ့တဲ့ အပေါ်မှာ ကြည့်ပြီး သုံးသပ်ကြည့်မယ်ဆိုရင် ၂၀၁၉ ခုနှစ်အတွင်းမှာပဲ Q1မှာ ၂၆ ရာခိုင်နှုန်းကနေ Q2မှာ ၆၀ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၉ မှာ ကြော်ငြာတွေကို စတင်ခဲ့တာဖြစ်ပြီး ၂၀၁၉ နှစ်ကုန်လောက်မှာပဲ ၄၀ရာခိုင်နှုန်းအထိ လျော့နည်းသွားတာ တွေ့ရပါတယ်။ အခုလို ကြော်ငြာတွေမှာ ရင်းနှီးမြှပ်နံှလိုက်တဲ့အတွက်ကြောင့် အခုဆိုရင် Q3 နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် Q4 မှာ ၄၄ ရာခိုင်နှုန်းအထိ တိုးတက်လာတာ တွေ့မြင်ရမှာပါ။
ကုန်ပစ္စည်းကြော်ငြာဖို့ရာမှာထားတဲ့ DSP ဟာ အခုဆိုရင် Q3 မှာ ၇၁ ရာခိုင်နှုန်း ရှိခဲ့ရာမှ Q4 မှာ ဆိုရင် ၇၈ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။
ကြော်ငြာတွေမှာ အမှတ်တံဆိပ်ကို ကြော်ငြာတာဟာ သုံးစွဲသူ အသစ်တွေကို လှုံံ့ဆော်ပေးရာလည်းရောက်တယ်။ ပြောရမယ်ဆိုရင် စည်းရုံးလှုံ့ဆော်မှုတွေမှာသုံးတဲ့ နှဖူးစည်းတွေဟာလည်း ကုန်အမှတ်ကြော်ငြာရာမှာ ထိရောက်တဲ့ နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။ အမေဇုန်ရဲ့ ကြော်ငြာတွေကို ကြည့်ပြီး ကြော်ငြာတဲ့ သူတွေဟာလည်း ယခုဆိုရင် အောင်မြင်တဲ့ လုပ်ငန်းတွေ ဖြစ်နေကြပါတယ်။
မကြာသေးမီက စပွန်ဆာအသစ်ရဲ့ Q4 မှာ ရှယ်ယာတွေ မြင့်တက်နေတာကို ကြည့်ပါ။
Tinuiti ရဲ့ ကြော်ငြာမှာဆိုရင် အမှတ်တံဆိပ်ကို လူသိများလာပြီး Q3 ၅၈ ရာခိုင်နှုန်းကနေ Q4 ၆၀ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။
ဆောင်းရာသီရဲ့ လက်ဆောင်ပေးတာတွေနဲ့ ခရစ်စမတ်တွေမှာဆိုရင် လူတွေက ကုန်ပစ္စည်းအသစ်တွေအပေါ်မှာ အာရုံစိုက်လေ့ရှိကြပြီး ချုံကြည့်မယ်ဆိုရင် ထုန်ကုန်အပေါ်မှာ နေ့စဉ် Q4 မှာဆိုရင် ၆၀ ရာခိုင်နှုန်းကနေ ၆၄ ရာခိုင်နှုန်းအထိ ပျှမ်းမျှ ရှိနေတာ ဖြစ်ပါတယ်။
ဒါဟာ ၂၀၁၉ ခုနှစ်မှာ ၇၅ ရာခိုင်နှုန်းပြောင်းလဲခဲ့တာကနေ အထင်ကြီးစရာကောင်းတာက ၈၇ ရာခိုင်နှုန်းအထိ ပြောင်းလဲပြီးလုပ်ဆောင်နိုင်ခဲ့တယ်။
ကြော်ငြာရှင်တွေဟာ ကြော်ငြာတွေကို ထိန်ညှိဖို့နဲ့ ပြိုင်ဘက်တွေ ကြော်ငြာနဲ့ပတ်သက်ပြီး ဘယ်နေရာတွေမှာ အာရုံစိုက်နေကြတယ်ဆိုတာ သိဖို့လိုအပ်ပြီး ကိုယ့် အမှတ်တံဆိပ်ကို သုံးမဲ့ သုံးစွဲသူအသစ်တွေကိုလည်း သုံးစွဲအောင် အစီအစဉ်တကျ လုပ်တတ်ဖို့လိုပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောရရင် လွန်ခဲ့တဲ့နှစ်ကစပြီး ကြော်ငြာတွေဟာ လျင်မြန်စွာပြောင်းလဲလာနေပါတယ်။ ကြော်ငြာရှင်တွေအနေနဲ့ ကြော်ငြာရဲ့အခွင့်အလမ်းတွေအပေါ်မှာ အာရုံစိုက်ပြီး နည်းလမ်းကျတဲ့ တုံ့ပြန်မှုတွေကိုလုပ်ရင်းနဲ့ ကိုယ်လုပ်ငန်းရဲ့ ရည်မှန်းချက်တွေအပေါ်မှာ အာရုံစိုက်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
Read times
Rate this item
(0 votes)