-->
×

Warning

JUser: :_load: Unable to load user with ID: 29


အခြားသူတွေနဲ့မတူကွဲပြားတဲ့ပုံစံနဲ့ကြော်ငြာချင်ပါသလား...?

အခြားသူတွေနဲ့မတူကွဲပြားတဲ့ပုံစံနဲ့ကြော်ငြာချင်ပါသလား...? Google

ဈေးကွက်ထဲမှာ ကုန်စည်နဲ့ဝန်ဆောင်မှုတွေ အပြိုင်အဆိုင်များသလို ကုန်စည်နဲ့ဝန်ဆောင်မှုတွေကို ကြော်ငြာတဲ့အခါမှာလည်း အပြိုင်အဆိုင်တွေများလှပါတယ်။

ကုန်စည်တစ်ခု ဒါမှမဟုတ် ဝန်ဆောင်မှုတစ်ခုခုကို ဈေးကွက်ထဲချပြဖို့ဆိုရင် ကြော်ငြာလို့ရတဲ့နည်းလမ်းတွေက အမျိုးမျိုးပါ။ မက်ဆေ့ခ်ျတစ်ခုခုပေးမလား။ အခြားသူတွေက သူတို့ရဲ့ကုန်စည်နဲ့ဝန်ဆောင်မှုတွေအကြောင်းကို လူတွေသိအောင်ကြော်ငြာပေးသလိုမျိုးပေါ့။ ဒါမှမဟုတ် ရုပ်ပုံတွေနဲ့ကြော်ငြာမလား။

ဒါကြောင့် ကိုယ့်ရဲ့ကုန်စည်နဲ့ဝန်ဆောင်မှုကို အခြားသူတွေနဲ့မတူကွဲပြားတဲ့ပုံစံနဲ့ ကြော်ငြာဖို့ဆိုရင် သူမတူတဲ့ပုံစံနဲ့ထိုးဖောက်ဖို့လိုပါမယ်။ လူတွေဟာဘာကြောင့် ကုန်စည်နဲ့ဝန်ဆောင်မှုတွေကို တစ်ပုံစံတည်း မိတ်ဆက်ကြော်ငြာကြတာလဲဆိုတာကို သေချာမဆန်းစစ်ဖူးပေမဲ့ အာမခံပေးနိုင်တာတစ်ခုကတော့ သူများနဲ့မတူအောင်ကြော်ငြာချင်တယ်ဆိုရင် အရင်ဆုံးလုပ်ရမှာက ကိုယ့်ရဲ့ပြိုင်ဘက်တွေက သူတို့ရဲ့ကုန်စည်တွေနဲ့ဝန်ဆောင်မှုတွေကို ဘယ်လိုကြော်ငြာထားလဲဆိုတာကို သိအောင်လုပ်ဖို့ပါ။ အလားတူ ကြော်ငြာမှုများစွာကို ဆန်းစစ်ကြည့်တာမျိုးပေါ့။ ခန့်မှန်းမိသလောက် အဲသည်လိုမျိုး ကြော်ငြာမှုတွေခပ်ဆင်ဆင်ဖြစ်နေရတာက သည်အချက်နှစ်ခုကြောင့်ပါ။

Read More>>>ကြော်ငြာတွေပေါ်က Disclamier အကြောင်း

ပထမတစ်ချက်က ကုန်စည်နဲ့ဝန်ဆောင်မှုကို ထုတ်လုပ်ရောင်းချနေတွေက သူတို့ရဲ့ကုန်စည်နဲ့ဝန်ဆောင်မှုတွေကို ကြော်ငြာဖို့အတွက်စဉ်းစားတဲ့အခါ လက်တွေ့ဘဝနဲ့ကင်းကွာပြီး စဉ်းစားတာ ကြောင့်ပါ။ ဒုတိယအချက်ကတော့ သူတို့ကဝယ်ယူမယ့်သူတွေမျက်လုံးထဲ၊ စိတ်ထဲကိုထင်းခနဲရောက်သွားအောင် မပို့ဆောင်နိုင်တာပါ။ ဈေးကွက်ထဲကိုရောက်ရှိပြီးတဲ့ ကုန်စည်တစ်ခုကို ရောင်းချမယ်၊ ဈေးကွက်ထဲချပြတော့မယ်ဆိုရင် ဈေးကွက်ထဲမှာလက်ရှိဦးဆောင်နေတဲ့ နည်းလမ်းတွေ၊ ကြော်ငြာမှုတွေအတိုင်း လိုက်လုပ်နေစရာမလိုပါဘူး။ အောင်မြင်ခဲ့တဲ့သူတွေရဲ့ လမ်းဟောင်းအတိုင်းလိုက်ရုံနဲ့ ဈေးကွက်ကိုထိုးဖောက်ဖို့ မဖြစ်နိုင်ပါဘူး။ အကြောင်းကတော့ လူတွေကိုဆန်းသစ်မှုတွေကို အမြဲတောင့်တနေတာကြောင့်ပါ။

ဒါကြောင့် ကိုယ့်အနေနဲ့ကိုယ့်ရဲ့ကုန်စည် ဒါမှမဟုတ် ဝန်ဆောင်မှုတစ်ခုခုကို ဈေးကွက်ထဲချပြတော့မယ်ဆိုရင် အရင်ဆုံးလုပ်ရမှာက လက်ရှိရှိနေတဲ့ဈေးကွက်ထဲက ကုန်စည်တွေကို ဈေးကွက်ထဲကိုဖြန့်စဉ်က ဘယ်လိုနည်းလမ်းတွေ အသုံးပြုခဲ့သလဲဆိုတာနဲ့ သူတို့ရဲ့စားသုံးသူတွေကို ချဉ်းကပ်တဲ့ပုံစံတွေကို အရင်ဆုံးဆန်းစစ်လေ့လာပါ။ သည်လေ့လာမှုတွေက သင့်အတွက် ဆန်းသစ်တဲ့နည်းလမ်းတွေကို ပေးစွမ်းနိုင်ပါလိမ့်မယ်။ လက်ရှိနဲ့ကင်းကွာမှု ဖြစ်မနေစေဖို့လည်းဂရုစိုက်ပေးပါ။

Photo Studio & Lab (ဓာတ်ပုံစတူဒီယိုလုပ်ငန်းများ(၁၂၈၂) ခုကိုရှာရန်နှိပ်ပါ။)

နောက်ဆုံးသတိထားရမှာ တစ်ချက်ကဝယ်ယူသူတွေမျက်စိထဲကို ထင်းခနဲရောက်ရှိသွားအောင် ပို့ဆောင်နိုင်စေဖို့ပါ။ လူတွေက ခဏခဏကြားနေရတာ၊ မြင်နေရတာအပြင် မျက်စိထဲကို ထင်းခနဲရောက်စေတဲ့ ကြော်ငြာမှုတွေရှိတဲ့ ကုန်စည်နဲ့ဝန်ဆောင်မှုတွေကို ဝယ်ယူတတ်ကြပါတယ်။ ဒါကတော့ ဈေးကွက်ထဲကို အခြေချဖို့စဉ်းစားနေတဲ့ တက်သစ်စလုပ်ငန်းလေးတွေအနေနဲ့ မေ့ထားလို့မဖြစ်တဲ့ ဈေးကွက်ထိုးဖောက်မှုနည်းလမ်းတစ်ရပ်ပါ။

Credit; KuMuDra

Read times
Rate this item
(1 Vote)