ဒုတိယကမ္ဘာစစ်လွန်ကာလ၌ စီးပွားရှာလုပ် ငန်းတို့ လုပ်နည်းကိုင်ဟန် ထပ်မံပြောင်းလဲသွားခဲ့ သည်။ စစ်အတွင်း၌ စစ်ရေးအသုံးစရိတ်ဖြင့်
တီထွင် ဖန်တီးမှုများ လုပ်ကိုင်ခွင့် ရရှိခဲ့ကြသည်။ သို့ဖြစ်ရာ နည်းပညာ တိုးတက်မှု သိသိသာသာ ဖြစ်ပေါ်ခဲ့ သည်။ ထိုသို့ ရှေ့သို့တိုးတက်ဖြစ်ပေါ်မှုများကို စီးပွား ရေးအရ သုံးစွဲလာကြသည်။ မန်နေဂျာတို့သည် အရေအတွက်ပမာဏအရ ဆန်းစစ်ခြင်းကို အသုံးချ လာကြပြီး ထိုနည်းလမ်းအရ တိုင်းတာခြင်းများ ပြုခဲ့ ကြသည်။ ထိုသို့ လုပ်ကိုင်နိုင်ရန်အတွက် ကွန်ပျူ တာများ ရှိနေကြပြီ ဖြစ်သည်။ ကွန်ပျူတာကိုလုပ်ငန်း လည်ပတ်မှု ထိန်းကျောင်းရန်အတွက်လည်း အသုံး ပြုနိုင်လာကြပြီ ဖြစ်သည်။
ထိုသို့ ပြောင်းလဲတိုးတက်မှုများ ရှိလာသော် လည်း လူ၏ ဆက်နွှယ်မှုများကို မေ့မထားကြချေ။ သို့သော် တိုင်းတာခြင်းကို ရှေ့တန်းတင်ထားခဲ့ကြ ပေသည်။
ကမ္ဘာစစ်လွန်ကာလ၌ စီးပွားရေးလုပ်ငန်း အများအပြားတို့ကို ပူးပေါင်းထားသည့် ကော်ပိုရေး ရှင်းကြီးများ ပေါ်ထွက်လာသည်။ နိုင်ငံတကာပုံစံဖြင့် လုပ်ကိုင်လာကြသည်။ ကမ္ဘာတစ်လွှား ဖြန့်ကျက် ကာ အလုပ်အမျိုးမျိုးတို့ကို လုပ်ကိုင်ကြသည်။
ကမ္ဘာစစ်ကြီးသည် ကမ္ဘာကို ကျဉ်းသွားစေခဲ့ သည်။ စစ်ရေးအရ သွားလာခဲ့ခြင်းများသည် ယခု အခါ ကုန်သွယ်ရေးအရ သွားလာမှုများ ဖြစ်လာခဲ့ သည်။ ထိုမှတစ်ဆင့်တက်ပြီး ကမ္ဘာ့အမည်အမှတ် တံဆိပ်များ ထူထောင်နိုင်ကြစေရန် လမ်းအူကြောင်း ပေါ်သွားစေခဲ့သည်။
ထိုသို့ရှိစဉ် မီဒီယာလောက၌ ခေတ်ပြောင်းချိန် ကို ဖြတ်သန်းပြီး ခေတ်သစ်တစ်ခုသို့ ရောက်ရှိသွား သည်။ ရုပ်မြင်သံကြား၊ မဂ္ဂဇင်းများ၊ သတင်းစာများ သည် စီးပွားရှာလုပ်ငန်းတို့ လူအမြောက်အမြားတို့ထံ မိမိ အသိပေးလိုသည်ကို အချိန်တိုတိုအတွင်း ပျံ့နှံ့ ရောက်ရှိအောင် လုပ်ပေးကြသည်။ ကြီးမားလှသော အရေအတွက်ရှိသည့် ပရိသတ်တို့ထံ စီးပွားရှာလုပ် ငန်းမှ အသိပေးလိုသည့် ‘သတင်း’ကို အရောက်ပို့ ပေးကြသည်။ ထိုအတွက် စီးပွားရှာလုပ်ငန်းတို့သည် နည်းလမ်း အသွယ်သွယ်ကို ငွေကုန်ကြေးကျခံကာ လုပ်ကိုင်ကြရာ၌ ကြော်ငြာသည်လည်း တစ်ခုအပါ အ၀င် ဖြစ်သည်။
စီးပွားရှာလုပ်ငန်းတို့သည် ကြော်ငြာများကို အသုံပြုပြီး သုံးစွဲသူတို့ကို မိမိတို့၏ ထုတ်ကုန်များ အကြောင်း အသိပေးသည်။ ၀ယ်ယူအောင် စည်းရုံး သည်။ ထိုသို့ အသုံးပြုစရာ ပလက်ဖောင်းတစ်ခု ကျယ်ကျယ်ပြန့်ပြန့် ရှိနေခြင်းကြောင့် ဈေးကွက် ဖော်ဆောင်မှုတွင် အမြင်သစ်များ ပေါ်ထွက်လာစေခဲ့ သည်။ ဥပမာ ရောင်းချရန် တစ်ခုတည်းသော ကမ်း လှမ်းချက်(Unique Selling Proposition) တန်ဖိုး ကြီးပုံကို ၁၉၄၀ ပြည့်နှစ်လွန်ကာလတွင် အမြင်သစ် အဖြစ် တင်ပြခဲ့သည်။
unique selling proposition (USP) သည် “မိမိထံ၌သာ ရှိနေပြီး ပြိုင်ဘက်များထံတွင် မရှိသည့် အရာများ”ကို အများသိအောင် တင်ပြကာ ကြော်ငြာ ခြင်း ဖြစ်သည်။ ပြိုင်ဘက်များထက် မိမိထံ၌ ဈေးနှုန်း ပိုသက်သာခြင်း၊ မိမိသည် အရည်အသွေး အမြင့်မား ဆုံးဖြစ်နေခြင်း၊ မိမိသည် ၎င်းထုတ်ကုန်မျိုးကို အဦး ဆုံးထုတ်လုပ်သည့် မူရင်းမူလ ဖြစ်ခြင်း စသည့် အကဲသာချက်ကို မီးမောင်းထိုးပြခြင်း ဖြစ်သည်။ (၎င်းကို unique selling point ဟုလည်းခေါ်ဝေါ်ကြ ပေသေးသည်) တစ်နည်းဆိုသော် အရိုးရှင်းဆုံး တစ်ချက်ဖြင့် ထိုးနှက်ခြင်း ဖြစ်သည်၊
၁၉၆၀ ပြည့်လွန်နှစ်များတွင် ဈေးကွက်ဖော် ဆောင်နည်းများသည် ရေစီးကြောင်း ပြောင်းလဲသွား သည်။ ထုတ်ကုန်အကြောင်းကို ပြောပြအသိပေးကြ ရာ၌ သုံးစွဲသူတို့ ကြားချင်သည့်စကားကိုသာ ပြောပြ ခြင်း နည်းလမ်းကို သုံးစွဲကြသည်။ ထို့အပြင် ထုတ် ကုန်တို့ကို သုံးစွဲသူတို့နှင့် အံဝင်ခွင်ကျဖြစ်အောင် ကြံဆ ထုတ်လုပ်ပေးကြခြင်းဖြင့် ပြိုင်ဘက်တို့ကို ယှဉ်ပြိုင်ကြသည်။ ကုန်ထုတ်လုပ်သည့်ကဏ္ဍတွင် သာမက ၀န်ဆောင်မှုကဏ္ဍတွင်လည်း အလားတူပင် ဖြစ်သည်။ ထိုသို့ ရှိရာမှ ဈေးကွက်ဖော်ဆောင်မှုတို့ကို ဆန်းစစ်ဝေဖန်မှုများ ပေါ်ပေါက်လာသည်။ ဤသို့ ဖြစ်ရသည်မှာ လေလုံးထွားသည်မှာ လွန်ကျူးနေခဲ့ ကြ၍ ဖြစ်သည်။
၁၉၆၀ ပြည့်လွန်နှစ်များတွင် ကုန်စည် သို့မဟုတ် ၀န်ဆောင်မှုအကြောင်းကို သုံးစွဲသူအကြိုက် ပြောပြ ကြရာ၌ အရည်အသွေးကောင်းဖို့ထက် သည်းခြေ ကြိုက်ဖြစ်အောင် ပြောနိုင်ဖို့ကို အလေးပေးခဲ့ကြ သည်။ အပြောကောင်းလျှင် ဈေးကွက်မှာ အထက် သို့ တက်သည်။ သို့သော် ရေရှည်မတည်တံ့ချေ။ သုံးစွဲသူ အများစုတို့သည် ပြောသည့်အတိုင်း တကယ်မဟုတ်သည့် ကုန်စည်များနှင့် ၀န်ဆောင်မှု များကို မကျေမချမ်း ဖြစ်လာကြသည်။ လိမ်သည် ညာသည်ဟု စွပ်စွဲမှုများ ရှိလာစမြဲ ဖြစ်ပေရာ ဆင်ခြင်အပ်ပေသည်။ သို့ဖြစ်ရာ အကြံကြီးကြီးကြံပြီး အကောင်အထည်ဖော်လုပ်ကိုင်ကြရာတွင် ရိုးရိုးရှင်းရှင်း ဇြင့် အရိုးရှင်းဆုံးဖြစ်သင့်ပေသည်။