-->
×

Warning

JUser: :_load: Unable to load user with ID: 29


အငှားကြော်ငြာစီးပွားရေးဆိုင်းဘုတ်များ အတွက် မဲနှိုက်စနစ်

အငှားကြော်ငြာစီးပွားရေးဆိုင်းဘုတ်များ အတွက် မဲနှိုက်စနစ် google.com

လာမည့်ဘတ်ဂျတ်နှစ်တွင် ရန်ကုန်မြို့ရှိ အငှားချထားပေးမည့် စီးပွားရေးကြော်ငြာဘုတ်များကို မဲနှိုက်မည့်စနစ်ဖြင့်သာ

လုပ်ကိုင်ခွင့်ချထားပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ စီမံရေးရာ ဌာန လုပ်ငန်းရေးရာဌာနခွဲ ကြော်ငြာစိတ်လက်ထောက်ဌာနမှူး ဦးစစ်မင်းဟန်ထံမှ သိရပါတယ်။

ထိုသို့ မဲစနစ်ဖြင့်ဆောင်ရွက်ပေးရခြင်းသည် အငှားချထားပေးမည့် စီးပွားရေးကြော်ငြာဘုတ်များအတွက် မသမာမှုများမရှိစေရန်နှင့်

ပွင့်လင်းမြင်သာမှုရှိစေရန်ဆောင်ရွက် ဆောင်ရွက်ခြင်းဖြစ်ပြီး မဲစနစ်ဖြင့်ဆောင်ရွက်ရာတွင်

မဲတစ်ပုံး၊ ပေါက်မဲနှင့် ဗလာမဲအတွက် မဲတစ်ပုံးစီထားရှိမည်ဖြစ်ကြောင်း၊

ပထမဆုံးမဲနှိုက်မည့်ကြော်ငြာကို လျှောက်ထားသူအတွင်းမှ Volunteer တစ်ဦးအားဖိတ်ခေါ်၍ ပေါက်မဲထွက်ရှိသည်အထိ မဲနှိုက်ပေးရမည်ဖြစ်ကြောင်း၊

စီးပွားရေးကြော်ငြာဆိုင်းဘုတ်လုပ်ငန်းလုပ်ကိုင်လိုသူများအနေဖြင့်

သြဂုတ် ၂၀ ရက်မှ ၃၁ ရက်အထိ လျှောက်ထားရန် သတ်မှတ်ထားပြီး

ကြော်ငြာဆိုင်းဘုတ်လျှောက်ထားလိုသူတစ်ဦးအနေဖြင့် တစ်ကြိမ်သာလျှောက်ထားခွင့်ပြုမည်ဖြစ်ကာ

ဆိုင်းဘုတ်အရေအတွက် အကန့်အသတ်မရှိ လျှောက်ထားနိုင်ကြောင်းသိရပါတယ်။

"မဲနှိုက်ပြီးချပေးတဲ့ စနစ်က ပွင့်လင်းမြင်သာမှုရှိအောင်လုပ်ပေးတာပါ။

ဘယ်သူက မဲနှိုက်ပေးမယ်ဆိုတာ သိမှာမဟုတ်တဲ့ အတွက် မသမာမှုကင်းပါတယ်။

အငှားချထားပေးမယ့် ကြော်ငြာဘုတ်တွေကို အုပ်စုခွဲပြီး သတ်မှတ်ပေးထားပါတယ်။

-အုပ်စု A မှာပါတဲ့ဘုတ်တွေကို ငွေကျပ်သိန်း ၂၅၀၊ အုပ်စု B မှာပါတဲ့ ဘုတ်တွေကို ငွေကျပ်သိန်း ၁၈၀၊

-အုပ်စု C မှာပါတဲ့ ဘုတ်တွေကို ငွေကျပ် ၁၃၅ သိန်း၊

-အုပ်စု D မှာပါတဲ့ ဘုတ်တွေကို ငွေကျပ်သိန်း ၁၀၀၊

-အုပ်စု E မှာ ပါတဲ့ ဘုတ်တွေကို ငွေကျပ်သိန်း ၅၀ သတ်မှတ်ထားပါတယ်။

လျှောက်ထားသူတွေအတွက် စည်းကမ်းချက်တွေကိုလည်း ထုတ်ပြန်ထားပေးတာဖြစ်လို့ သတ်မှတ်စည်းကမ်းတွေနှင့်အညီ လျှောက်ထားခွင့်ပြုမှာပါ"

လို့  ဦးစစ်မင်းဟန်က ပြောခဲ့ပါတယ်။

ဒီစီးပွားရေးကြော်ငြာဘုတ်များအတွက် လျှောက်ထားသူများအနေဖြင့်မြို့တော်စည်ပင်ဘဏ်သို့ ငွေကျပ် သိန်း ၂၀ ကြိုတင်ပေးသွင်းရမည်ဖြစ်ပြီး

မဲမပေါက်ပါက ပေးသွင်းထားသောငွေကို ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း၊

လျှောက်ထားသူများသည် ခွင့်ပြုပေးထားသော ယာယီဆိုင်းဘုတ်များအတွက် ကျသင့်အခွန်များကိုလည်း မပျက်မကွက်ပေးသွင်းရန်နှင့်

အရက်၊ ဘီယာ၊ စီးကရက်၊ ကန့်သတ်ကုန်ပစ္စည်းများ၊ ယဉ်ကျေးမှုနှင့် မကိုက်ညီသည့် ဒီဇိုင်းပုံစံများ ကြော်ငြာခြင်းမပြုရန် ထုတ်ပြန်ထားကြောင်း၊

အငှားစီးပွားရေးကြော်ငြာဘုတ်များအတွက် အသေးစိတ်သိရှိလိုသူများအနေဖြင့် သက်ဆိုင်ရာကြော်ငြာဌာနတွင် လာရောက်စုံစမ်းနိုင်ကြောင်း သိရပါတယ်ခင်ဗျာ...။

Recommended for you-ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံစာရင်းမှ လွတ်မြောက်လာတော့မည့် မြန်မာနိုင်ငံ

Source; မြဝတီ

Read times
Rate this item
(1 Vote)