-->
×

Warning

JUser: :_load: Unable to load user with ID: 29


စတော့ရှယ်ယာသူဋ္ဌေးကြီး ခရစ်ဂါဒနာ ပြောတဲ့ လျှို့ဝှက်ချက်များ

စတော့ရှယ်ယာသူဋ္ဌေးကြီး ခရစ်ဂါဒနာ ပြောတဲ့ လျှို့ဝှက်ချက်များ google.com

(၁)သင်လုပ်နေတာကို လူတစ်ယောက်က မအောင်မြင်ပါဘူး ပြောရင် ဂရုစိုက်နားထောင်မနေပါနဲ့။

သူတို့ လုပ်တာ မအောင်မြင်တာနဲ့ သင်လုပ်တာ မအောင်မြင်နိုင်ဘူး လို့

ထင်နေကြတာပါ။

(၂)သင်လုပ်နေတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဖြစ်အောင်လုပ်ဖို့တော့ လိုတယ်။

(၃)အောင်မြင်ရေးနည်း လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်။

အဲဒါ သင်စိတ်ဝင်စားတဲ့ အလုပ်၊ သင့်ကို စိတ်လှုပ်ရှားစေတဲ့ အလုပ်ကို လုပ်ပါ။

(၄)သင်လိုချင်နေတာ ရှိလား။ ချက်ချင်းထသွားပြီး ရအောင်ယူလိုက်ပါ။

(၅)သင့်မှာ အိမ်မက် တစ်ခုရှိနေရင် အဲ့ဒီအိမ်မက်ကို ကာကွယ်ပါ။

လူတွေက မဖြစ်နိုင်ပါဘူးလို့ ပြောပြီး သင့်အိမ်မက်ကို ဖျက်ဆီးကြလိမ့်မယ်။

(၆)သင့်ဘ၀ရဲ့ လက်ကျန်အချိန်ဟာ သင့်ဘဏ်စာရင်းလက်ကျန်ထက် ပိုအရေးကြီးပါတယ်။

(၇)ရှုံးနိမ့်တယ်ဆိုတာ အိုကေပါ။ မအိုကေတာက အရှုံးပေး လက်လျှော့လိုက်တာပါ။

(၈)တစ်နေ့ကို ခြေတစ်လှမ်း လှမ်းသလို တစ်ဆင့်ချင်းလုပ်ပါ။

အတန်ကြာလို့ နောက်ပြန်လှည့်ကြည့်တဲ့ အခါ သင် အတော် ခရီး ပေါက်နေပြီဆိုတာ အံ့သြစွာ တွေ့မြင်ရပါလိမ့်မယ်။

Read-ဘီလျှံနာကြီးတွေပြောတဲ့ လုပ်ငန်းတိုးတက်စေနည်းများ

Credit; ဆရာ ဗန်းမော်သိန်းဖေ

Read times
Rate this item
(2 votes)