-->
×

Warning

JUser: :_load: Unable to load user with ID: 29


Google မှာ ဘယ်လို နည်းလမ်းတွေနဲ့ ကြော်ငြာမလဲ

Google မှာ ဘယ်လို နည်းလမ်းတွေနဲ့ ကြော်ငြာမလဲ google

 

Google Advertising ကို မကြာသေးမီက စီးပွားရေးလုပ်ငန်းများ စတင်အသုံးပြုလာကြတဲ့ ကြော်ငြာနည်းလမ်း တစ်ခုပဲဖြစ်ပါတယ်။

Google ကတော့ Search Engine ဖြစ်တဲ့ အတွက် သိချင်တာတွေ ရှာဖွေဖို့ အဓိကသုံးပါတယ်။ Google Search မှာ သိချင်တဲ့ သို့မဟုတ် စိတ်ဝင်စားတဲ့ Product ကိုတစ်ခုခု ရှာတဲ့အခါ ကြော်ငြာထားတဲ့ Brand က ထိပ်ဆုံးမှာ လာပေါ်နေတာမျိုးပါ။ Google မှာ ဘယ်လိုကြော်ငြာတွေ လုပ်လို့ရလဲဆိုတော့


၁။ SEM (Search Engine Marketing)

SEM ဆိုတာက Google မှာ ရှာရင် ကိုယ့် Web Site ထိပ်ဆုံးမှာ ရောက်နေအောင်လို့ Google ကို ပိုက်ဆံပေးထားပြီး ကြော်ငြာထားတာကို ပြောတာပါ။ ဥပမာ- google Search Box မှာ #Myanmar_Property ဆိုပြီး ရိုက်ရှာလိုက်ရင် ထိပ်ဆုံးမှာ imyanmarhouse ရဲ့ Ads ကြော်ငြာနဲ့ Shwe Property ရဲ့ ကြော်ငြာ Ads (၂) ခုကို တွေ့မြင်ရမှာပါ။ အဲဒါတွေက Google ကို ပိုက်ဆံပေးပြီး ကြော်ငြာထားတာပါ။ ပြီးတော့ အဲဒီ ထိပ်ဆုံးနေရာလေးကို ရဖို့ လေလံဆွဲသလိုပဲ၊ ပိုက်ဆံပိုပေးတဲ့ သူက ထိပ်ဆုံးကိုရောက်တာပါ။ imyanmarhouse ထက် google ကို ပိုက်ဆံပိုပေးတဲ့သူ ရောက်လာရင်လဲ imyanmarhouse က ထိပ်ဆုံးနေရာကနေ ဒုတိယနေရာကို ဆင်းသွားမှာပါ။ ပိုပေးတဲ့ သူကထိပ်ဆုံးကို ရောက်လာတာမှာပါ။

Google မှာ SEO ကြော်ငြာရဲ့ အဓိက အသက်သွေးကြောက Keyword ပါ။ Myanmar Property Keyword ပါတဲ့ ပိုက်ဆံပိုပေးတဲ့ Ads ကြော်ငြာကိုပဲ ထိပ်ဆုံးမှာ ပြပေးမှာပါ။ ကိုယ့် Business နဲ့ သက်ဆိုင်တဲ့ Keyword တွေ အားလုံး ကိုယ် web site ထဲမှာ ရှိအောင် လုပ်ထားပါ။ ဒီနေရာမှာ SEM နဲ့ SEO က မတုပါဘူး။ SEM က Google မှာ လေလံဆွဲထားပြီး ပိုက်ဆံပိုပေးလို့ ထိပ်ဆုံးနေရာကို ရောက်နေတာ SEM ပါ။ SEO (Search engine Optimization) ဆိုတာက Google ကို ပိုက်ဆံမပေးပဲနဲ့ သဘာဝအတိုင်း ကိုယ့်ဘာသာ ထိပ်ဆုံးကို ရောက်အောင် လုပ်တာပါ။ ကိုယ့် Web Site က Traffic လေးတွေ ပုံမှန်ရှိနေမယ်၊ Active လဲ ဖြစ်နေမယ်ဆိုရင် ထိပ်ဆုံးကို တဖြည်းဖြည်းနဲ့ ရောက်လာမှာပါ။ သူကတော့ အချိန်အများကြီး ကြာပါတယ်။

Read More...Website Speed ဟာ သင့် Social Media Marketing ကို ထိခိုက်စေနိုင်လား?


၂။ Display Marketing (PPC)

Display Marketing ဆိုတာကတော့ ရှင်းပါတယ်Web Site တွေရဲ့ ဘေးဘယ်ညာ အပေါ်အောက်နားတွေမှာ ပုံလေးတွေနဲ့ ကြော်ငြာထားတာပါ။ ဥပမာ- Travel & Tour နဲ့ ပက်သက်ပြီးတော့ Display Marketing လုပ်မယ်ဆိုပါစို့ Image, Logo, Text, Design တို့ကတော့ ကြိုလုပ်ထားရမှာပေါ့။ Travel & Tour နဲ့ ပက်သက်ပြီး Display Marketing လုပ်မယ် Travel & Tour နဲ့ သက်ဆိုင်တဲ့ Web Site တွေမှာ ငါ့ရဲ့ ဒီကြော်ငြာကို ပြပေးပါလို့ Google ကို ပြောပြီးရင်ငါရဲ့ ဒီကြော်ငြာကို လူတစ်ယောက် Click လိုက်ရင် ငါမင်းကို ဘယ်လောက်ပေးမယ်ဆိုပြီး Google မှာ ကြော်ငြာတာပါ။ သူကို Pay Par Click (PPC) လို့လဲ ခေါ်ပါတယ်။ ပြီးတော့  Baner လို့လဲခေါ်ပါသေးတယ်။ သူနဲ့သက်ဆိုင်တဲ့ web site တွေ ကြော်ငြာပြထားရုံနဲ့ ပိုက်ဆံမပေးရသေးပါဘူး။ User က ကိုယ့်ကြော်ငြာကို ကလစ်လိုက်ပြီး ကိုယ့် Web Site ကို ရောက်လာမှာ ပိုက်ဆံပေးရတာပါ။ Business Owner ကနေ ကြော်ငြာခ ပေးတဲ့ ပိုက်ဆံကို Google က Web Site ပိုင်ရှင်တွေကို အချိုးကျ ပိုက်ဆံခွဲပေးပါတယ်။


၃။ YouTube Marketing

YouTube Marketing ဆိုတာကတော့ youtube မှာ ကြော်ငြာထည့်တာပါ။ Video ကြည့်ရှု့နူန်းတွေ တက်လာနေတာနဲ့အမျှ YouTube Marketing ကိုလည်း ပစ်ပယ်ထားလို့ မရပါဘူး။ YouTube marketing လုပ်မယ်ဆိုရင်တော့ အရင်ဆုံး ကိုယ့် Business အကြောင်းကို ဖော်ပြပေးမယ့် Shot Video လေး ကို ဆွဲဆောင်မှုရှိရှိနဲ့ Created ဖြစ်အောင် ဖန်တီးရပါမယ်။ YouTube Marketing ရဲ့ အဓိက အသက်သွေးကြောက အဲဒီ Shot Video လေးပါ။ အဲဒီ Shot Video လေးကသာ Attraction မယူနိုင်ရင် သွားမှာပါ။ အဲတော့ စိတ်ဝင်စားပြီး ဆွဲဆောင်မှုရှိတဲ့ Shot Video လေး ဖန်တီးထားပါ။

Read More...Like တွေ၊ Follower တွေ တက်အောင် ဘယ်လိုဆွဲဆောင်မလဲ


၎။ Shopping

Shopping ဆိုတာက ကိုယ့် Web Site က Ecommerce Web Site ဆိုရင် ကိုယ့် Product တွေ များများရောင်းထွက်ဖို့ နဲ့ လာဝယ်ဖို့ encouraging ဖြစ်အောင် Web Traffic များအောင် Google မှာ Marketing လုပ်တာကို ပြောတာပါ။


၅။ Universal App

Universal App ဆိုတာက ကိုယ့် Application ကို ကြော်ငြာလုပ်တာပါ။ ကိုယ် Application ကို Install ဆွဲသူများအောင် Google Search, Google Display, YouTube, Google Play Store စတဲ့ ကိုယ်ကြော်ငြာချင်တဲ့ Platform မှာ ကြော်ငြာတာပါ။

 

Source; SEMs

Myanmar Advertising Directory

Read times
Rate this item
(1 Vote)