-->
×

Warning

JUser: :_load: Unable to load user with ID: 29



Trend နောက်ကို လိုက်မလား (သို့) Trend တွေကိုဖန်တီးမလား Google







 

အသားအရေပျက်စီးစေနိုင်တဲ့ Skin care တွေကို ကြော်ငြာရင် ထောင် ငါးနှစ်နဲ့ သိန်း၅၀ ကျခံရမည်

 


 



 

ထို Page က Fan Base ကို ကျွန်မ ကိုယ်တိုင်တည်ဆောက်ခဲ့တာမို့ သိရသည်က Generation Z များသည် ယောက်ျားပီပီသသ အနောက်တိုင်းမင်းသားများကို ထို Page က Fan base မှ ကြိုက်သည်။

 


 


 

<<< Unicode >>>

 

Trend နောက်ကို လိုက်မလား (သို့) Trend တွေကိုဖန်တီးမလား

 

ယခု လတ်တလော Digital Marketing လောကမှာ အောင်မြင်တဲ့ Digital Marketing သမား တွေထဲက နှစ်မျိုး နှစ်စား ရှိသည်။ Trend နောက်ကို လိုက်တဲ့သူနဲ့ Trend တွေကို ဖန်တီးတဲ့သူပေါ့။

 

တကယ်တန်း Trend နောက်ကို လိုက်တဲ့ Marketing သမားတွေက သာလျင် Trend ဖန်တီးသူတွေဖြစ်လာခဲ့ ကြတယ်လို့ ဆိုရင် မမှားလောက်ဘူး။ တစ်ချို့ကြတော့ Trend နောက်မလိုက်ဘဲ မိမိရဲ့ Consumer တွေ သဘောတရား နားလည်ပြီး Trend ကို ဖန်တီးတဲ့ ပါရမီရှင်တွေပေါ့။

Trend နောက်ကို ဘယ်လို လိုက်မလဲ ………… ?

 

Trend နောက်ကို လိုက်တာက ပညာသားပါတယ်။ Social Media တွေကို အမြဲ မျက်စိဖွင့် နားစွင့် နေရမယ်။  သတင်းတွေဖတ်မယ်၊ လူထု အသံကို နားထောင်မယ်။ Social Media မှာ ဘာတွေဖြစ်နေသလဲဆိုတာ Trend နောက်လိုက်မဲ့ Digital Marketing သမားတွေက မျက်ခြေပြတ်နေလို့ မဖြစ်ဘူး။

လတ်တလော Trend နောက်လိုက်တဲ့ ကိစ္စ ကို ဥပမာပြောပြရရင် Burger King က အင်္ဂလန် မင်းသား Harry သူ့အမျိုးသမီး ဖြစ်သူ နဲ့ ဗြိတိန် နန်းတော်က ထွက်ကာ ကယ်လီဖိုးနီးယားမှာ အခြေချ နေထိုင်မယ်။ ကိုယ်ပိုင်အခွန်အခဆောင်ပြီး အိမ်ယာထူထောင်မည်ဆိုတုန်းက တစ်ကမ္ဘာလုံး ထိုသတင်းက ကြီးစိုးနေစဉ် Burger King က ဈေးကွက်မြှင့်တင်ရေးသမားက သူတို့ရဲ့ ဝန်ထမ်းခေါ်စာမှာ လူတိုင်း ဘုရင်ဖြစ်နိုင်တယ်။ မြို့စားများ အလုပ်လာလျှောက်နိုင်ကြောင်း ၎င်းတို့ရဲ့ Social Media တွေမှာ ကြော်ငြာခဲ့တော့ Trend နဲ့ အညီ လိုက်သလို ဖြစ်သွားရော ။

 

ရန်ကုန်မြို့ရဲ့ Billboard ကြော်ငြာ ဈေးကွက်အကြောင်း

 

ချုံပြောရရင် Digital Marketing သမားတိုင်း သတင်းတွေကို ဖတ်နေရမည်။ ဒါမှ Trend တွေလိုက်လို့ အဆင်ပြေစေမယ်။

 

Trend တွေကို ဘယ်လိုဖန်တီးရမလဲ …………… ?

 

ပထမ ဦးစွာ Fan base ကို ကောင်းကောင်း တည်ဆောက်ရမယ် ။ ကိုယ့် ရဲ့ Consumer က ဘာကြိုက်တတ်လဲ ဆိုတာသိရင် သင် Trend တွေကို ကောင်း ကောင်း ဖန်တီး နိုင်ပြီပေါ့။

 

Trend ဖန်တီးတဲ့ ကိစ္စနှင့်ပတ်သက်ပြီး ပြောပြရရင် ကိုယ်တွေ့ကို အရင်ပြောပြရမည်။ ကျွန်မ ပြီးခဲ့ တဲ့ နှစ်က အနောက်တိုင်း ရုပ်ရှင်အကြောင်းတွေ Celebrity တွေ အကြောင်းတွေ ရေးတဲ့
Page မှာ စာရေးခဲ့ဖူးသည်။

 

ထို Page က Fan Base ကို ကျွန်မ ကိုယ်တိုင်တည်ဆောက်ခဲ့တာမို့ သိရသည်က Generation Z များသည် ယောကျ်ားပီပီသသ အနောက်တိုင်းမင်းသားများကို ထို Page က Fan base မှ ကြိုက်သည်။

 

ဒါ့ကြောင့် မသေခင် Date သွားသင့်သော ကောင်လေးများ ဆိုတဲ့ ခေါင်းစဉ်နဲ့ Hollywood မှ Single တစ်ဖြစ်လဲ မင်းသား ၁၀ ယောက်ရဲ့ ပုံနှင့် ထို Post ကို တင်ခဲ့ သည်။ ပရိသတ်များ တခဲနက်အားပေးရုံ သာမက ကျောင်းသားလေးများက ထို Trend ကို နှစ်သက်ခဲ့သည်။ လူတိုင်းရဲ့ Facebook wall ပေါ်မှာ မသေခင် Date သင့်သော ကောင်လေးဆိုတဲ့ ခေါင်းစဉ်ရှိခဲ့ ဖူးသည်။

 

#Freya 

Myanmar Advertising Directory 

ပြောရရင်တော့ Trend တစ်ခု ဖန်တီးဖို့ဆိုရင် ကိုယ့် Product ကို နားလည်ရမယ်။ Consumer တွေကို နားလည်ရမယ်။ ဒါဆိုရင်တော့ Trend တွေကို ဖန်တီးနိင်တဲ့ Digital Marketing သမားတစ်ယောက် ဖြစ်ပြီပေါ့။

Read times
Rate this item
(1 Vote)