-->
×

Warning

JUser: :_load: Unable to load user with ID: 29


အသားအရေပျက်စီးစေနိုင်တဲ့ Skin care တွေကို ကြော်ငြာရင် ထောင် ငါးနှစ်နဲ့ သိန်း၅၀ ကျခံရမည်


 





 


 


 


 

<<< Unicode >>>

 

အသားအရေပျက်စီးစေနိုင်တဲ့ ကြော်ငြာကို ကြော်ငြာရင်
ထောင် ငါးနှစ်နဲ့ သိန်း၅၀

 

လူတွေကို ရောဂါဖြစ်စေတဲ့ ၇၈မျိုးသော အသားအရေနဲ့ဆိုင်တဲ့ ထုတ်ကုန်တွေနဲ့ ရောဂါဖြစ်စေတဲ့ အရာများကို လိမ်ညာပြီး ကြော်ငြာတဲ့ သူတွေကို ထောင် ၅နှစ်နဲ့ သိန်း၅၀ ဒဏ်ရိုက်မယ်လို့ ပြောခဲ့ပါတယ်။

 

နယူးဒေလီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက မူးယစ်ဆေးဝါးနှင့် အလှအပအတွက် သုံးတဲ့ပစ္စည်းများကို ၁၉၅၄အရ ကန့်ကွက်နိုင်သောကြော်ငြာများအက်ဥပဒကိုထောင်ဒဏ် ၅ နှစ်အထိချမှတ်ခြင်းနှင့် ရူပီး သိန်း ၅၀ အထိ ပြင်ဆင်ရန်မူကြမ်းကို အဆိုပြုထားသည်။ အသားအရေလှပအောင်လုပ်ခြင်း၊ မူးယစ်ဆေးဝါးမြှင့်တင်ခြင်း၊ လိင်ပိုင်းဆိုင်ရာကျူးလွန်ခြင်း ၊ အမျိုးသမီးများမျိုးမပွားနိုင်ခြင်း၊ အရွယ်မတိုင်မိအိုခြင်းနှင့် ဆံပင်ဖြူခြင်း စသည်တို့ ကြော်ငြာချက်ထဲမှာ ပါဝင်ပါတယ်။



ဖြည့်စွက်ချက်အသစ်မှာ အသားအရေအတွက် ကုထုံးများ၊ မူးယစ်ဆေးဝါးများသုံးစွဲတာ၊ လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်၊ အချိန်မတန်မီအိုမင်ခြင်း၊ AIDS၊ ဆံပင်ဖြူခြင်းတို့ ပါဝင်ပါတယ်။ အက်ဥပဒေအရ ပထမပြစ်မှုကို ထောင်ဒဏ်ခြောက်လမှ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် တစ်နှစ် ဒါမှမဟုတ် ဒဏ်ငွေဖြစ်စေ နှစ်မျိုးလုံးဖြစ်နိုင်ပါတယ်။

 

ပြင်ဆင်ချက်များကိုလည်း ပြစ်ဒဏ်များ တိုးမြှင့်ပေးရန် တောင်းဆိုထားကြပါတယ်။ ပထမပြစ်မှုအတွက်ပြစ်ဒဏ်မှာ ထောင်ဒဏ် ၂နှစ်နှင့် ရူပီး သန်း ၁၀ အထိသတ်မှတ်ထားပြီး နောက်ထပ်ပြစ်မှုအတွက်ကတော့ ထောင်ဒဏ် ၅နှစ်နဲ့ ရူပီး သိန်း၅၀ အထိကျခံရမှာပါ။၂၀၁၅ ခုနှစ်က NDTV က ထုတ်ပြန်တဲ့ ‌ကြေငြာမှုကတော့ တရားမမျှတဘူးလို့ ပြောခဲ့ကြပါတယ်။

 

ပြင်ဆင်ချက်မှာ ရောဂါများ ဖြစ်တဲ့ အခြေအနေများလည်း ဖြည့်စွက်မှုများပြုလုပ်ထားပါသည်။ လူတွေကို သေစေနိုင်တဲ့ ရောဂါ ၇၈ ခုမှသည် ဆေးဝါးမျာ၊ အသားအရေကို ပျက်စီးစေနိုင်တဲ့ ထုတ်ကုန်များကို ကြော်ငြာခြင်းမပြုသင့်ကြောင်း ဖြည့်စွက်ထားပါသည်။ ဝန်ကြီးဌာနကတော့ အချိန်နှင့် နည်းပညာ ပြောင်းလဲမှု အပေါ် မူတည်ပြီး လုပ်ဆောင်သွားမယ်ဆိုတဲ့အကြောင်းပြောခဲ့ပါသည်။ အများပြည်တွေရဲ့ အကြံပြုချက်များနဲ့ကန့်ကွက်မှုများအားလည်း ယူလိမ့်မယ်ဟု ပြောပါတယ်။ အသိပေးချက်ကိုလည်းထုတ်ပြန်သည့်နေ့မှစ၍ ၄၅ ရက်အတွင်း ပေးပို့နိုင်ပါတယ်။

 

ဥပဒေကြမ်းတွင် ကြော်ငြာတစ်ခုနဲ့ သက်ဆိုင်တာတွေကိုပါ အဆိုပြုတင်သွင်းထားတယ်။ အသံနဲ့ဆိုင်သော၊ မြင်နိုင်တဲ့အရာတွေ၊ အလင်း၊ အသံ၊ သတင်းတွေ၊ အင်တာနက် ၊ ဝက်ဆိုက်နဲ့ ပိုစရာတွေနဲ့ စာရွက်စာတမ်းကြော်ငြာတွေအထိ ပါဝင်တယ်လို့ ပြောခဲ့ပါတယ်။

Read times
Rate this item
(0 votes)