-->
×

Warning

JUser: :_load: Unable to load user with ID: 29


Coca cola နှင့် Pepsi တို့ရဲ့ကြော်ငြာတိုက်ပွဲ









သုည ဘဝမှစခဲ့ရတဲ့ Ray Kroc ရဲ့ ကြော်ငြာနည်းလမ်း





















Unicode >>> 

Coca Cola နဲ့ Pepsi ကို နာမည်ကြီးဖျော်ရည်အအေးတွေအဖြစ်သိထားကြတယ်။

အမှန်တော့ Coca Cola နဲ့ Pepsi ဟာ ပြိုင်ဘက်စစ် စစ်တွေပါ။

Cola နဲ့ Pepsi ဟာ အရသာကအချိုဘက်သွားတယ်။ဂတ်စ်ပါတဲ့အချိုရည်မျိုးကိုမှ ဗနီလာ , သစ်ကြံပိုးခေါက် , ရှောက်လိမ္မော်အရည် တို့၏ အနံ့အရသာများကိုပေါင်းစပ်ထုတ်လုပ်တယ်သိရပါတယ်။
Coca Cola ဟာအရောင်အားဖြင့် သကြား မီးဖုတ်ထားသော အရောင် ရှိပါတယ် Pepsi ကတော့ Coca Cola ထက်ပိုမို အရောင်ဖျော့တယ်လို့သိရှိရပါတယ်။

Cola သမိုင်း အကျဉ်းချုပ်

၁၈၈၆ မေလ ၈ ရက်မှာ အက်တလန်ဒါးမှာရှိတဲ့ ဂျေးကွတ်ပ် ဆေးတိုက်ကနေ ကိုကာကိုလာ ကိုဖော်ဆက်သူ John Pemberton က ပထမဦးဆုံး ကိုလာပုလင်းကို စတင်ရောင်းချခဲ့တယ်။

သူရဲ့ စီးပွားရေးလုပ်ငန်းဖြစ်တဲ့ကိုကာကိုလာ ပုလင်းများထုတ်လုပ်ခြင်းကိုအရောင်းမြင့်တင်ဖို့အတွက် ကိုကာကိုလာ ကြော်ငြာကို အက်တလန်းဒါး ဂျာနယ်မှာ ကြော်ငြာစတင်ထည့်ခဲ့တယ်

ကိုကာကိုလာကို ခေါင်းကိုက်တာတွေပင်ပန်းနွမ်းနယ်တာတွေပျောက်တဲ့ဆေးအဖြစ် သာ ကြော်ငြာခဲ့တယ်သိရပါတယ်။

ပထမဆုံးကိုကာကိုလာရဲ့စာစုမှာ ‘ အရသာရှိသည် ၊ ရင်ဖိုရသည် ၊ အားအင်ပြည့်တိုးစေသည်၊ လန်းဆန်းစေသည် ‘ ဟူစသဖြင့်ရေးသားထားသည်။

Pepsi သမိုင်း အကျဉ်းချုပ်

Pepsi ကို ၁၈၉၃ မှာ Caleb Bradham မှ ပထမဦးဆုံး Brad's Drink နာမည်နဲ့စတင်မိတ်ဆက်ခဲ့တယ် ၁၈၉၈ မှ Pepsi ဆိုတဲ့နာမည်ကို စတင်ခေါ်တွင်စေခဲ့တယ်။
Pepsi ကအစာကြေခြင်းနှင့် အင်အားဖြည့်အချိုရည်အဖြစ်သောက်သုံးရန်သင့်တော်သည်။

Pepsi နှင့် Cola ဟာ ၁၈၉၀ ခုနှစ်တွေထဲက ကြော်ငြာအားပြိုင်မှု့တွေရှိခဲ့တာပါ။

အမေရိကန် ကားတွေဖြစ်တဲ့ Ford ကားတွေရဲ့ ပဲ့ကိုင်ရှင် Ford ကား company ရဲ့ စတင်တည်ထောင်သူကြီး Henry Ford ရဲ့ ပြောစကားအရ
{ A man who stops advertising for save money is like a man who stops a clock to save times } တဲ့

Henry Ford ဆိုလိုတာကတော့ product တစ်ခု / Brand တစ်ခုရဲ့ ကြော်ငြာတွေကို ငွေစုဖို့ အတွက် ရပ်တန့်လိုက်ခြင်းဟာ အချိန်တွေကို စုဆောင်းဖို့ နာရီတစ်လုံးကို ရပ်တန့်လိုက်သလိုပါပဲတဲ့။

အဓိကအချက်ကတော့ product တစ်ခု/

brand တစ်ခုအတွက် ကြော်ငြာတွေသာ မရှိနိုင်တော့ရင် ကိုယ့် လုပ်ငန်းအတွက် အကျိုးယုတ်စေနိုင်ပါတယ်။

ဒါကြောင့်လဲ နာမည်ကြီး Brand တွေဖြစ်တဲ့ Pepsi နဲ့ Cola တို့ရဲ့ ကြော်ငြာ အားပြိုင်မူ့ တွေဟာAdvertising War တစ်ခုထိ အခြေအနေတောင်ဖြစ်လာတာပါ။
ထို Advertising war ရဲ့ အမည်က Cola Wars ပါ။

Coca Cola က Advertising war မှာဆိုရင်တော့ဖြင့် အမြဲ Idea လက်ဦးမှု့ ရှိပါတယ်။
Christmas ဆို Christmas ရာသီ လိုက် Halloween ဆို လည်းသူ့ရာသီအလိုက် ကြော်ငြာဖန်တီးမူ့ရှိပြီးသားပါ။

Pepsi ကတော့ Coca Cola ရဲ့ အားသာချက်တွေကို ဖိနင်းရိုက်ပြတဲ့ကြော်ငြာတွေရိုက်ကူးတဲ့နေရာမှာသိပ်တော်ပါတယ်။

တစ်ခါ က Pepsi က Coca Cola ကို နင်းတဲ့ကြော်ငြာတစ်ခု ရိုက်ကူးခဲ့တယ် ...

ကလေးလေးတစ်ယောက်က အကြွေစေ့ထည့်ပြီး အချိုရည်ထွက်တဲ့ စက်နားကိုလမ်းလျှောက်လာတယ်

မမှီမကမ်းနှင့် ထိုစက်ထဲကနေ Coca Cola နှစ်ဗူးထုတ် လိုက်တယ် ပြီးမှ ထို Cola နှစ်ဗူးကိုနင်းပြီး

Pepsi ပုလင်းခလုတ်ကို နှိပ်ကာ Pepsi ကိုယူသွားတာကို ရိုက်ပြထားတယ်။

Cola မှလည်း ပြန်လည်ခြေပကာရိုက်ထားပြန်သည်

Cola နှင့် Pepsi စက်ရုံလုပ်သားနှစ် ကုန်စုံဆိုင်လေးဆီသို့ ပစ္စည်းချကြတယ်

အပြေးအလွှားပစ္စည်းချစဉ် Pepsi ပုလင်းတွေက ကွဲသွားခဲ့တယ်

ဒါကို Cola ဘက်မှ စက်ရုံလုပ်သားမှ Pepsi ဘက်ကိုနှစ်သိမ့်ကြောင်း ရိုက်ပြထားတယ်။

ကြော်ငြာ အပိုင်းမှာသာမက အရာရာတိုင်းဟာ အပြိုင်အဆိုင်ရှိမှတိုးတတ်မှပါ

ဒါကြောင့်သင်တို့ ပြိုင်ဘက်ကို တန်ဖိုးထားပါ။

Myanmar Advertising Directory 

Read times
Rate this item
(0 votes)