-->
×
Warning
JUser: :_load: Unable to load user with ID: 29
သုည ဘဝမှစခဲ့ရတဲ့ Ray Kroc ရဲ့ ကြော်ငြာနည်းလမ်း
လိုက်ဝေနေရရှာတယ်။
စားသောက်​ကုန်ကြော်ငြာများ အပြာ website Porn Hub တွင်ကြော်ငြာတော့မည်
လှုပ်ရှားနေခဲ့တယ် အရာရာ ဟာ အခြေအနေပြောင်းလဲလာပြီမို့ ဘုရားသခင်ကိုသာ
တန်ဖိုးထားပေးရမယ်။
Unicode >>> 
Ray Kroc ဟာဆိုရင်တော့ဖြင့် ယခုသင်တို့သိနေတဲ့ Mc Donald's
စားသောက်ဆိုင်လုပ်ငန်းစုရဲ့ အောင်မြင်ခဲ့တဲ့တည်ထောင်သူကြီးပေါ့။
Mc Donald's ရဲ့ Founder ကြီး Ray Kroc ကို ၁၉၅၄ နှစ်ပိုင်းအချိန်
တွေကိုပြန်ကြည့်မယ်ဆိုရင်တော့ ချွေးသံတရွဲရွဲနှင့် လူလတ်ပိုင်း ပုံစံ
လူတစ်ယောက် အအေးဖျော်စက်ကြီးအလေးကြီးကို လက်က ပိုက်ထားတယ်
လက်တစ်ဖက်မှာ သူရောင်းတဲ့ ဖျော်ရည်စက်ရဲ့ ကြော်ငြာစာရွက်တွေနဲ့
စားသောက်ဆိုင်တွေ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် မရှက်မကြောက်
ဖျော်ရည် ဖျော်စက်ကို အစမ်းပြသရင်း ကြော်ငြာ စာရွက်လေးတွေ
လိုက်ဝေနေရရှာတယ်။
Ray Kroc ကိုတချို့စားသောက်ဆိုင်တွေက ရိုင်းပျစွာ မောင်းထုတ်ကျတယ်
တချို့ လူတွေ ကကျ လုံးဝ စိတ်မဝင်စားကြောင်း ကိုယ်ထိလက်ရောက်ပါ
မောင်းထုတ်ကျတာတွေ့ရတယ်။Ray Kroc ဇွဲ မလျော့ခဲ့ ပါဘူး သူ့မျှော်လင့်တာ
က သူ့လက်ထဲက စက်လေး ကိုလူတွေစိတ်ဝင်စားလာဖို့နဲ့ သူ့လက်ထဲက
ကြော်ငြာလက်ကမ်းစာစောင်လေးတွေကိုလူတွေ လက်ခံဖို့ပါပဲ။
သူမောင်းနှင်လာတဲ့ အင်ဂျင်ကျခံနီး နုံချာသော ကားစုတ်လေးကို
တရွေ့ရွေ့နှင့် မောင်းနှင်လာရင်း တစ်မြို့မှ တစ်မြို့နေရာတိုင်းမှာ
ထို စက်အလေးကြီးကိုလိုက်လံပြသကာ ကြော်ငြာစာရွက်လေးတွေ
လိုက်ဝေခဲ့တယ် ထိုသို့ပင်ပန်းခက်ခဲစွာလုပ်ကိုင်ခဲ့ပေမဲ့ အအေးဖျော်စက်
၆ လုံးသာရောင်းထွက် ခဲ့တယ်။
Ray Korc ဟာ တစ်ရက်မှာ Mac McDonald ညီအကို တွေနှင့် တွေ့စုံခဲ့တယ်
McDonald ညီအကိုတွေကို Ray Kroc က ညစာ ဖိတ်ကျွေးဖို့ဖိတ်ခဲ့တယ်။
McDonald ညီနောင်မှ ညီဖြစ်သူ က Ray Kroc ကို သိပ်အဆင်ပြေစွာ မမြင်နိုင်ခဲ့
တကယ်တော့ Ray Kroc ဟာ အလုပ်ကြိုးစားတဲ့ လုပ်ငန်းရှင်တစ်ယောက်
သူ့ရဲ့ လိပ်စာကတ်လေးနဲ့ ကြော်ငြာစာရွက်လေးတွေကို ဝေတာနဲ့တင်
လူ့သဘောသဘာဝအရ သူ့ကို အထင်အမြင်သေးကျတာပါ။
သို့ပေမဲ့ အလုပ်ကြိုးစားတဲ့ Ray Kroc ကို McDonald အကိုအကြီးကမြင်သည်
ထို့ကြောင့် Ray Kroc ရဲ့ ကမ်းလှမ်းချက်ဖြစ်တဲ့ McDonald's ဆိုင်ခွဲဖွင့်ဖို့ ခွင့်ပြု
ချက်သဘောတူညီမူ့ရရှိခဲ့တယ်။အဲ့ညမှ Ray Kroc တစ်ယောက်အင်မတန်မှ စိတ်
လုှပ်ရှားနေခဲ့တယ် အရာရာ ဟာ အခြေအနေပြောင်းလဲလာပြီမို့ ဘုရားသခင်ကိုသာ
သူ့အနေနှင့် ကျေးဇူးတင်နေမိသည်။
ားသောက်​ကုန်ကြော်ငြာများ အပြာ website Porn Hub တွင်ကြော်ငြာတော့မည်
၁၉၉၅ ဧပြီ လမှာ အမေရိကန်နိုင်ငံ အင်းလစ်နွိုက် မြို့မှာ Ray Kroc ဟာသူ့ရဲ့
Mc Donald's ဆိုင်ခွဲကိုဖွင့်ခဲ့တယ်။ကြော်ငြာ ဖန်တီးပညာရှင်တွေနဲ့ ည မအိပ်ပဲ
ကြော်ငြာ ဒီဇိုင်းတွေထိုင်တွေးတယ်။အစားအသောက်ကို အရေအသွေးကောင်း
သထက်ကောင်းနိုင်အောင် နည်းမျိုးစုံကြိုးစားတယ်။ကြိုးစားတဲ့ လူအဖို့အောင်မြင်
မူ့ဆိုတာ ရရှိစမြဲပဲ ဒီလောက် အပင်ပန်းခံထားတဲ့ Ray Kroc တစ်ယောက်
မအောင်မြင်ပဲနေပါ့မလား တကယ့်ကိုအောင်မြင်မှု့တွေရရှိခဲ့တယ်။
နောက်ပိုင်းမှာ McDonald's စုကြီးတစ်ခုလုံးကို Ray Kroc ပိုင်ဆိုင်ခဲ့တယ်
McDonald ညီအကိုနှစ်ယောက်ကတော့ နာမည် အသစ်နဲ့ဆိုင်တစ်ဆိုင်ဖွင့်ခဲ့တယ်တဲ့
Ray Kroc ရဲ့ ရည်မှန်းချက်က McDonald ခွဲပေါင်း ၁၀၀၀ တိတိ တိုးချဲ့လာ
ချင်တာပါ။၁၉၆၇ မှာ ဆိုင် ၁၀၀၀ တောင်မက McDonald ကဖွင့်နိုင်ခဲ့တယ်။
ယခုဆိုရင် McDonald က ဆိုင်ခွဲပေါင်း 37,855 ကျော်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သည်။
ကြော်ငြာကိစ္စရပ် ၁၉၆၇ မှာ McDonald ဟာ တီဗီကြော်ငြာကိုစတင်ပြသခဲ့ပါတယ်
ဒါကလည်း Ray Kroc ရဲ့ အတွေးပါပဲတဲ့
https://youtu.be/zRrMpRZ2PGc
Ray Kroc ရဲ့ ကြော်ငြာပိုင်းဆိုင်ရာသိမှတ်ဖွယ်ရာများ -
Ray Kroc က သူ့ရဲ့ ကြော်ငြာတွေကို ကမ္ဘာ့နေရာ အရပ်ရပ်က
လူတွေအကုန် သိရှိနားလည်စေရမယ်။
ကြော်ငြာ စာရွက်ဝေသူများကိုလည်း ထိုက်တန်စွာ
တန်ဖိုးထားပေးရမယ်။
ခေတ်စားတဲ့ အရာများကို ခေတ်နှင့်အမြဲ အညီလိုက်နိုင်နေရမယ်။
ကြော်ငြာအတွက်ကုန်ကျကျေးငွေကို လတိုင်း ဝေစုတစ်ပုံခွဲနိုင်ရမယ်။
Ray Kroc ဟာ ကြော်ငြာလုပ်ငန်းလုပ်ငန်းခြင်းတွင်ပေါက်ပေါက်မြှောက်မြှောက်ရှိ
တာကြောင့် Advertising Hall Of Fame ကိုရရှိခဲ့တယ်လည်းသိရပါတယ်။
လွတ်လပ်စွာကူးယူဖော်ပြခွင့်ပြုပါသည်။
Myanmar Advertising Directory 
Read times
Rate this item
(1 Vote)