-->
×

Warning

JUser: :_load: Unable to load user with ID: 29


စီးပွားရေးလုပ်ငန်းရှင်များအတွက် ဒီဂျစ်တယ် OnGo Payroll Service

စီးပွားရေးလုပ်ငန်းရှင်များအတွက် ဒီဂျစ်တယ် OnGo Payroll Service google.com

စီးပွားရေးလုပ်ငန်းရှင်တွေအတွက် ငွေသွင်း၊ ငွေထုတ်ရာမှာပဲ ဖြစ်ဖြစ်၊ ငွေလွှဲချင်လို့ပဲ ဖြစ်ဖြစ် လွယ်ကူအဆင်ပြေစေမယ့် Application လေးတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်နော်...။

အဲ့ဒီ application လေးကတော့ OnGo Mobile application ပဲဖြစ်ပါတယ်ခင်ဗျ။

စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့ ဝန်ထမ်းတွေရဲ့ လစာကို ဒီဂျစ်တယ်စနစ်နဲ့ ပေးနိုင်အောင် ပြုလုပ်ထားတဲ့

OnGo Payroll ဝန်ဆောင်မှု လေးကို နဲနဲလောက် မိတ်ဆက်မယ်နော်။

MOB ဘဏ်နဲ့ OnGo မှ ပူးပေါင်း ပြုလုပ်ထားတဲ့ OnGo Payroll ဝန်ဆောင်မှုမှာ OnGo Desktop Software ပါဝင်မှာ ဖြစ်ပြီး

လုပ်ငန်းရှင်တွေအနေနဲ့ ဝန်ထမ်းတွေရဲ့ လစာအချက်အလက်တွေကို အသေးစိတ်ထည့်သွင်းနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။

ဝန်ထမ်းတွေအနေနဲ့ OnGo Mobile Wallet Application ထည့်သွင်းထားဖို့ လိုမှာ ဖြစ်ကာ လကုန်ရက်မှာ Payslip ကြည့်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ငွေသွင်း၊ ငွေထုတ်၊ ဖုန်းငွေဖြည့်သွင်းတာ၊ ငွေလွှဲခြင်းနဲ့ အွန်လိုင်းကနေ ဈေးဝယ်တာတွေအတွက် OnGo Mobile Application ကနေ ပြုလုပ်နိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။

လုပ်ငန်းရှင်တွေအနေနဲ့ ကြီးမားတဲ့ ငွေကြေးကိုင်တွယ်ရတဲ့ ကိစ္စရပ်တွေမှာ ဒီဂျစ်တယ်စနစ်နဲ့ ဖြေရှင်းနိုင်မှာ ဖြစ်တဲ့ အတွက် အထောက်အကူပြုမှာပါ။

လက်ရှိ OnGo Payroll Service ကို ကုမ္ပဏီ ၃ ခုမှာ စမ်းသပ်အသုံးပြုနေပြီဖြစ်ပါတယ်။

ဝန်ဆောင်မှု အတွက် လစဉ်ကြေးအနေနဲ့ ဒေါ်လာ ၁၀၀ ကျပ်ကျသင့်မှာဖြစ်ပါတယ်။

လုပ်ငန်းရှင်တွေအနေနဲ့ စာရင်းပေးသွင်းတဲ့ ဝန်ထမ်းတွေ အားလုံးရဲ့ OnGo Mobile Wallet နဲ့ ချိတ်ဆက်ထားတဲ့ OnGo/MOB Debit Card တွေကို ရရှိမှာ ဖြစ်ပါတယ်ခင်ဗျ။

ပြီးတော့ အဲ့ဒီ Debit Card ကို ဝန်ထမ်းတွေ အနေနဲ့ ပြည်တွင်းအနှံ့က MPU အမှတ်တံဆိပ်ပါတဲ့ မည်သည့် ATM မှာမဆို ငွေထုတ်ယူနိုင်ပါတယ်လို့ သိရပါတယ်ခင်ဗျာ...။

အောက်မှာ  Link ပေးထားပါတယ်နော်...။

Download  Link >>>https://ongo.com.mm/my/

Recommended for you-ဘီလီယံနာ ဖြစ်စေတဲ့ လုပ်ငန်းတွေ အကြောင်း

PES(Myanmar Advertising Directory)

Read times
Rate this item
(2 votes)