-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကြော်ငြာ စာရေးရင်ဘာကို အလေးထားသင့်သလဲ

ကြော်ငြာစာရေးတော့မယ်.. ပို့စ်တစ်ခုရေးတော့မယ်ဆို.. အရေးပါဆုံး စဥ်းစားရမှာက သင့်ရဲ့ Audience ပါ။ကိုယ့်ကုန်ပစ္စည်းက ဘယ်သူတွေအတွက်လဲ..ဝယ်မယ့်သူတွေက ဘယ်သူတွေလဲ ဆိုတာ သင်သိရပါ့မယ်။

 

ဥပမာ..ကိုယ်က ဂုဏ်သရေရှိလူကြီးတွေအတွက် စီးပွားရေးလုပ်ငန်းဆိုင်ရာ ကုန်ပစ္စည်း/ ဝန်ဆောင်မှုတစ်ခုကို ရောင်းချင်တယ်ဆိုရင်..ကြော်ငြာစာမှာ.."ကွီး"တို့အတွက်.."ညေး"တို့အတွက်လို့ရေးလို့ မရပါဘူး။"လူကြီးမင်းတို့အတွက်"..ဆိုတာမျိုး.. "လုပ်ငန်းရှင်ကြီးများအတွက်" ဆိုတဲ့ အသုံးအနှုန်းကို သုံးပေးရပါ့မယ်။

 

ဒါကြောင့်ကိုယ့် Audience ကို သိအောင်လုပ်ထားမှသာ ကြော်ငြာစာရေးတဲ့နေရာမှာ အဆင်ပြေပါလိမ့်မယ်။ပြီးရင် ကျနော်တို့ Brand Person က ဘယ်လိုနေရာကနေပြောမှာလဲ ဆိုတာ စဥ်းစားရပါတယ်။

 

ယောက်ျားလေး အနေနဲ့ ပြောမှာလား..

 

မိန်းကလေးအနေနဲ့ပြောမှာလား..

 

ဆရာတစ်ယောက်အနေနဲ့ပြောတဲ့ပုံစံရေးမှာလား..

 

အသက်ငယ်တဲ့ နေရာကနေပြောတဲ့ပုံစံရေးမှာလား..

 

အသက်ကြီးကြီး လူကြီးတစ်ယောက်ကပြောတဲ့ပုံစံရေးမှာလား..စဥ်းစားရပါတယ်။

 

ဥပမာ..ကိုယ်ကအားကစားပစ္စည်းရောင်းဖို့ ပို့စ်ရေးတယ်ဆိုပါစို့.. ကိုယ့် brand person က ယောက်ျားလေး၊အသက် ၃၀၊ အားကစားပစ္စည်းအကြောင်း နှံ့နှံ့စပ်စပ် သိတဲ့သူတစ်ယောက်အဖြစ် သတ်မှတ်ထားလိုက်တယ်ဆိုရင်..

 

ကိုယ့်ပေ့ချ်မှာ လာပြောတဲ့ Message / commentတွေကို ပြန်ဖြေတဲ့ အခါမှာလည်း လာပြောတဲ့သူတွေရဲ့ အသက်ကို ကြည့်ပြီး..အသက်ငယ်ရင်"ညီ"..အသက်ကြီးရင်"အကို"လို့ခေါ်ရ..ယောက်ျား​လေးတစ်ယောက်အနေနဲ့ ပြောရပါ့မယ်။

 

ကိုယ့်Brand person ကိုသတ်မှတ်တာ အမျိုးမျိုးရှိနိုင်တဲ့ အတွက်.. ကိုယ်သတ်မှတ်ထားတဲ့အတိုင်း ပြောပေး..ရေးပေးဖို့ လိုပါတယ်။ပို့စ်ရေးတဲ့နေရာမှာ ဒီစကားလုံးတွေက အရေးကြီးပါတယ်။

 

လူတွေစိတ်ဝင်စားလာအောင်ဆွဲဆောင်ရာမှာသုံးတဲ့စကားလုံး(၁၃)ခုအကြောင်း ပြောပေးလိုက်ပါတယ်..။ကိုယ်ရေးတဲ့ပို့စ်​ကိုစိတ်ဝင်စားလာအောင်လုပ်ချင်တယ်ဆိုရင် ဒီစကားလုံးတွေကိုသိထားသင့်ပါတယ်။

 

အွန်လိုင်းပေါ်မှာစျေးရောင်းတဲ့သူတွေအတွက်ဆို ပိုအရေးကြီးတာပေါ့..။ပြီးတော့ စကားလုံးတွေကစွမ်းအားရှိတာကို အားလုံးသိကြမှာပါ။လူတွေကို ဆွဲဆောင်ဖို့... စိတ်ခံစားမှုကိုလှုံ့ဆော်ဖို့အတွက် ဒီစကားလုံးတွေကို သုံးကြသလို..ကုန်ပစ္စည်းတွေရောင်းဖို့ ကြော်ငြာတွေကိုဖန်တီးဖို့အတွက်လည်း ဒီစကားလုံးတွေထဲက ကိုယ့်လုပ်ငန်း၊ကုန်ပစ္စည်းနဲ့ကိုက်ညီမယ့် စကားလုံးတစ်ချို့နဲ့ သုံးလေ့ရှိကြပါတယ်။

 

(၁)Free (အလကား/အခမဲ့)
Free ပေးတာကိုလူတိုင်းနီးပါးကြိုက်ကြပါတယ်။

 

(၂)You (သင်/ခင်ဗျား)
Marketing လုပ်တယ်ဆိုတာ သုံးစွဲသူတွေကိုရည်ညွန်းရပါတယ်။ နမူနာအနေနဲ့ ဖုန်းအော်ပရေတာတွေကနေ ကိုယ့်ဆီကိုပို့တဲ့ Message တွေကိုကြည့်ကြည့်ပါ..Mpt မှသင့်အတွက် အထူးအစီအစဥ်ဆိုတာမျိုးပေါ့..။

 

(၃)Result (ရလဒ်တွေ)
သုံးစွဲသူတွေရဲ့ ရလဒ်တွေကိုပြောပေးရင်လည်း စိတ်ဝင်စားကြသတဲ့။

 

(၄)Health(ကျမ်းမာရေး)

 

(၅)Love(အချစ်)


(၆)Proven(ခိုင်မာသော၊သက်သေပြပြီးဖြစ်သော)

 

(၇)Money(‌ငွေ၊ပိုက်ဆံ)
"ဖုန်းတစ်လုံးရှိရုံနဲ့ ဝင်ငွေတွေရမယ်"ဆိုတာမျိုး...အိမ်မှာနေရင်းငွေရှာနိုင်မယ့်နည်းလမ်းတွေ..စတာတွေပေါ့..။

 

(၈)News (အသစ်)

 

(၉)Easy(အလွယ်တကူ)
လူတွေက အလွယ်တကူလုပ်လို့ရတာကို သဘောကျကြပါတယ်။

 

(၁၀)Safety(ဘေးကင်းလုံခြုံမှု)

 

(၁၁)Guaranteed(အာမခံချက်)
အာမခံပါတဲ့ ပစ္စည်းတွေဆို လူတွေကြိုက်ကြပါတယ်။ပိုပြီးတော့ ဝယ်လေ့ရှိပါတယ်။

 

(၁၂)Save (ချွေတာလိုက်ပါ)

 

(၁၃)Discovery(ရှာဖွေတွေ့ရှိမှု) စတာတွေပဲဖြစ်ပါတယ်။

 

Digital Marketer Group 

Read times
Rate this item
(0 votes)