-->
×

Warning

JUser: :_load: Unable to load user with ID: 29


မိမိ ကိုယ်ပိုင် နဖူးအားကြော်ငြာအတွက် ရောင်းစားခြင်း

မိမိ ကိုယ်ပိုင် နဖူးအားကြော်ငြာအတွက် ရောင်းစားခြင်း Google


















 

LinkedIn မှာကြော်ငြာမည့် သူများသိရှိထားသင့်သည့် အရာများ

 





















 

<<< Unicode >>>

 

Forehead Advertising ဆိုတာကတော့ အခ ကြေးငွေ ပေးပြီး လူတစ်ဦးတစ်ယောက်ရဲ့  နဖူး ကို ကြော်ငြာဆိုင်းဘုတ် သဖွယ် မိမိ Brand Logo(သို့)Website နာမည်ကို တက်တူးထိုးကာ ကြော်ငြာထားခြင်းပါ။   

အမေရိကမှာ ဆိုရင် ထိုနဖူး ပေါ်မှ ကြော်ငြာများကို ForeheAds လို့ ခေါ်ပါတယ်။ForeheAds တွေက အရမ်းခေတ်စားနေကာ လူအသက်အရွယ်နဲ့ ကျော်ကြားမူ့အလိုက် ဈေးက  ွက်တစ်ခု ဖြစ်နေတယ်လို့တောင်သိရပါတယ်။

နဖူးတွင် ForeheAds နေရာ ရောင်းချင်သူ တွေက Youtube / Ebay (သို့ )၎င်းတို့ရဲ့ Social Media များ တွင် တင်ထားကြာတာတွေ့ ရသည် ကြော်ငြာရှင်များ အနေဖြင့် မိမိ တို့ ကြော်ငြာချင်တဲ့ လူပုဂ္ဂိုလ်ရဲ့ နဖူးကို ရွေးချယ်နိုင်သည်။

ထိုကဲ့သို့ နဖူးပေါ်တွင် ကြော်ငြာ သည့် အသစ်အဆန်း နည်းလမ်းတစ်ခုကို စတင်ဖြစ်ပေါ်လာရခြင်းမှာအကြောင်းရှိသည်။

ထို Forehead Advertising ဖြစ်ပေါ်လာပုံကတော့ The Wall Street Journal မှာ ပါလာတဲ့ John Carver နဲ့ သူရဲ့ Creative အေဂျင်စီ အကြောင်းကနေ စပြောရလိမ့်မယ်။

၂၀၀၃ ဖေဖော်ဝါရီ လမှာ John ဟာ အရင်  ကြော်ငြာနည်းလမ်းတွေနဲ့ မတူတဲ့ ကြော်ငြာရေးနည်းလမ်း အသစ် တစ်ခုကို တီထွင်ခဲ့တယ်။သူဟာ ထို ကြော်ငြာနည်းလမ်း အသစ်ကို ForeheADS ( နဖူးကြော်ငြာ) ဆိုပြီး နာမည်ပေးခဲ့တယ်။

ထိုကြော်ငြာနည်းကို အခြားသော လုပ်ငန်းစုများကလည်း လိုက်လံ ပြီး အာရုံစိုက်လာကြသည်။

တကယ်တော့ နဖူးကြော်ငြာခြင်းကို အစပြုခဲ့တဲ့ သူက တက္ကသိုလ် ကျောင်းသားတွေ ဖြစ်တဲ့ Justin Kapust နဲ့ Nathan Allen တို့မဟုတ်ပါဘူး။သို့ပေမဲ့ Justin Kapust နဲ့ Nathan Allen တို့ဟာ ၎င်းတို့ရဲ့ နဖူးတွင် ကြော်ငြာများလက်ခံခဲ့ ကြတဲ့ ပထမ ဆုံးသော သူတွေပါ။

Johnson & Wales မှ ကျောင်းသားများသည် ထို နဖူးပေါ်တွင် ကြော်ငြာခြင်းကို ၂၀၀၃ ခုနှစ်နှောင်းပိုင်းတွင် စတင်ကြော်ငြာခဲ့ ကြသည်။

ပြောရရင်တော့ ကျောင်းသားတွေရဲ့ နဖူးပေါ်မှာ ယာယီ တက်တူးထိုးပြီး ၎င်းတို့ရဲ့ Website များ Brand များကို ကြော်ငြာတာပါ။

ကြော်ငြာရှင်လုပ်ငန်းစုကတော့  Roommates.com ဆိုတဲ့ ကျောင်းသားများအဆောင်ရှာတဲ့ Website ကပါ။

ထိုကြော်ငြာခြင်းအတွက် နဖူးပေါ်မှာ ကြော်ငြာ ပေးသူအား ၁ ပတ် ကို ဒေါ်လာ ၁၅၀ ပေးရပါတယ်တဲ့။

၎င်း Roommates.com မှ အလုပ်သမားများ အားတက်သရော နဖူးတ ွင်ကြော်ငြာခဲ့ ကြပါတယ်။ထိုလုပ်ငန်းစုမှာ အခုတော့ ထိုကဲ့သို့ မကြော်ငြာတော့ဘူးလို့သိရပါတယ်။

စစ ပိုင်းမှာ ကျောင်းသား ၆၄ ယောက် ကြော်ငြာခဲ့ ကြပါတယ်။

၂၀၀၄ တွင် တိုယိုတာမှ ၎င်းတို့ရဲ့ Scion tC ကားအသစ်ကိုကြော်ငြာရန် Guerilla marketing နည်းပညာ အသုံးပြုကာထို နဖူးကြော်ငြာ ခြင်းကို အသုံးပြုခဲ့သည်သိရသည်။

ထိုနဖူးကြော်ငြာတွင် Brand အမှတ်တွံဆိပ် ၊ မော်ဒယ်နံပါတ် အပြင် သူ့ဈေးနှုန်းဖြစ်တဲ့ ဒေါ်လာ ၁၆၄၆၅ သောင်း ပါပါဝင်ပြီးကြော်ငြာထားသည် သိရသည်။

လူလတ်ပိုင်းအရွယ်လူ အယောက် ၄၀ လောက်ထို နဖူးကြော်ငြာကိုလက်ခံ ကြော်ငြာခဲ့ ကြပြီး ထို ယာယီ တက်တူး နဖူးတွင် ကြော်ငြာခ တစ်နာရီ လျှင် ဒေါ်လာ ၁၁ ကျပ်ရရှိတယ်သိရပါတယ်။

Guerilla marketing ဆိုသည်မှာ ဈေးကွက် ပျောက်ကြား စစ်ဆင်ရေးနည်းဗျူဟာ ဖြစ်သည်။
ဈေးကွက် ပျောက်ကြားနည်းပညာဆိုသည်မှာ ကိုယ့် လုပ်ငန်းစု ကို လူတွေ အမြင်မှာ အရမ်း အံသြပြီး စိတ်ဝင်စားနေအောင် ဈေးကွက် ချဲ့ ထွင်သည့် နည်းလမ်းတစ်ခုပင်ဖြစ်သည်။

ထိုကြော်ငြာခြင်းကို လူစဉ်ကားသောTimes Square တွင်ပြုလုပ်ခဲ့ ပြီး အချိန် ၃ နာရီလောက် ကြာမြင့်စွာ ကြော်ငြာခဲ့တယ်လို့သိရပါတယ်

ထိုကြော်ငြာအား အသက် ၃၀ မှ ၄၀ အတွင်းရှိ ကားဝယ်စီးနိုင်သော အရွယ် လူကြီးများ ကို မြင်ဖို့ ရည်ညွှန်းကြော်ငြာခဲ့တယ်လို့သိရပါတယ်။

 

ကြော်ငြာ Influencer လေး Kylie Jenner

 

လူတွေကတော့ အရင်ကြော်ငြာနည်းလမ်း နှင့်မတူပဲ ထိုထူးဆန်းတဲ့ တိုယိုတာရဲ့  ကြော်ငြာနည်းလမ်းအသစ်ကို စိတ်ဝင်စားမှုရှိခဲ့ ကြသည်။

ထို လန်ဒန်မြို့ အေဂျင်စီတစ်ခုမှ အစပြုခဲ့သော နဖူးကြော်ငြာရေးနည်းလမ်းကို  Leeds, Glasgow, နဲ့ Cardiff မြို့တွင် ပါ အသုံးပြုခဲ့ကြသည်။၂၀၀၅ တွင် CNX မှ ယူရိုပီယမ် လူငယ် တီဗီ ချန်နယ်ကို ထိုနည်းလမ်းဖြင့် ကြော်ငြာခဲ့သည်။

နဖူးကြော်ငြာခြင်းလုပ်ငန်းကို ၂၀၀၅ ခုနှစ်အစောပိုင်းတွင် အသက် ၂၀ အရွယ် ကောင်လေး တစ်ဦးဖြစ်တဲ့ Andrew Fischer ဟာ သူ့ရဲ့ နဖူးကို Ebay မှာ ကြော်ငြာလက်ခံကြောင်းလေလံ တင်ခဲ့သည်။

လေလံ ရရှိသွားတဲ့ လုပ်ငန်းစုကတော့ SnoreStop ပါ ရက် ၃၀ ကြော်ငြာခြင်းအတွက် ထိုကောင်လေးမှာ ဒေါ်လာ ၃၇၃၇၅ ကျပ်လက်ခံရရှိခဲ့ပါတယ်။

ထိုလေလံ ပြီးချိန်တွင် ထိုကောင်လေးမှာ ‘ နဖူးလူသား ‘ အဖြစ် လူသိများလာခဲ့ပါတယ်။Andrew မှာ HumanAdSpace.com ဆိုတဲ့ သူရဲ့ Web မှာ ဆက်လက်လုပ်ကိုင်တယ်သိရပါတယ်။

၂၀၀၅ ခုနှစ်ရဲ့ ဂျွန်လမှာဆို ထို နဖူးမှာ ယာယီ တက်တူးထိုးတာထက်ကြော်လွန်ခဲ့ပါတယ်။Kari Smith ဟာသူမရဲ့ နဖူးကို ဒေါ်လာ ၁ သောင်း နှင့် ကြော်ငြာတင်ဖို့ လေလံတင်ခဲ့ပါတယ်။

ကနေဒါရဲ့ လောင်းကစားဆိုင်ရာ လုပ်ငန်းစုတစ်ခုဖြစ်တဲ့ GoldenPalace.com က အရင် ၉ သောင်း ၉ ထောင် ၉၉ ကျပ် ထိ လေလံ ရောက်ရှိပြီး ဒေါ်လာ ၁ သောင်းဖြင့် ဖျက်လို့မရသော တက်ထိုးထိုးခဲ့တယ်သိရပါတယ်။

GoldenPalace.com မှာ အမျိုးသမီးများရဲ့ တင်ပါး ၊ ကိုယ်ဝန်ရှိသော အမျိုးသမီးများရဲ့ ဗိုက် ၊ အမျိုးသမီးများ ရဲ့ ခြေသလုံးများ ၊ ထို့ပြင် ရေကူး ဝတ်စုံအမြဲ ဝတ် တဲ့ Model များရဲ့ ရင်ဘတ် တွင် ကြော်ငြာတက်တူးထိုးစေကာကြော်ငြာခဲ့တယ်သိရပါတယ်။

၂၀၀၅ ခုနှစ် သြဂုဏ်လမှာ Alex Fisher ရဲ့  Lease Your Body (သင့်ရဲ့ ခန္ဓာကိုယ်မှ နေရာများကို ဌား)ပါဆိုတဲ့ Trend ပေါ်ပေါက်လာကာ တချို့ ရုပ်ချောသူများရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းများဆို လွတ်တဲ့ နေရာမရှိသလောက် ရှားခဲ့ ပြီးကြော်ငြာခဲ့ ကြပါတယ်။
ကြော်ငြာကြေး ဒေါ်လာ ၁၀၀ မှ ဒေါ်လာ ၅၀၀၀ အတွင်းရရှိပြီး နဖူး ၊ လည်ပင်း၊ လက်မောင်း ၊ ခြေသလုံး ၊ ဝမ်းဗိုက် စတဲ့နေရာများတွင် အသီးသီး ကြော်ငြာလက်ခံခဲ့ကြပါတယ်။

အခုဆိုရင်တော့ နဖူးကြော်ငြာခြင်းကနေ ဦးခေါင်းတစ်ခုလုံးကြော်ငြာခြင်းအဖြစ်ကို ဦးတည်လာခဲ့ပါပြီ။

၂၀၀၉ မှာ ကယ်လီဖိုးနီးယားမှ Terry Gardner က သူမ ခေါင်းကို ဆံပင်အကုန် ရိတ် ပြစ်ပြီး Air New Zealand  အတွက် ယာယီ ကြော်ငြာပေးခဲ့ပါတယ်။

ထိုကဲ့သို့ကြော်ငြာခြင်းကို "cranial billboards.” (ဦးခေါင်းတစ်ခုလုံး ဘေဘုတ် ) လို့တောင်နာမည်ပေးထားပြီး ထိုကဲ့ သို့ ကြော်ငြာသူ အယောက် ၃၀ လောက်ရှိတယ်သိရပါတယ်။

ထိုကဲ့ သို့ ကြော်ငြာသူတွေဟာ အဆိုပါ နယူးဇီလန် လေယာဉ်မှ ခရီးစဉ်တစ်ခုရဲ့ လေယာဉ်လက်မှတ် သို့ ဒေါ်လာ ၇၇၇ ကျပ်ကို ကြိုက်နှစ်သက်ရာ ရယူနိုင်ပါတယ်။

တချို့ ကြော်ငြာ များကြပြန်တော့ မျက်ခွံ ပေါ်ရှိ နေရာ အလွတ်ပေါ်တွင် တက်တူးယာယီ ထိုးခဲ့ ကြပါတယ် သူတို့ရဲ့ တာဝန်က အခြားသူတွေကိုမျက်လုံးမှိတ်ပြရုံပါပဲ။

အမျိုးသား ၁၀ ယောက်နှင့် အမျိုးသမီး ၁၀ ယောက် FeelUnique.com ဆိုတဲ့ Web လိပ်စာကို ယာယီ တက်တူးထိုးခဲ့ ကြပြီး ငွေ ကြေးအားဖြင့် ၁၄၉ ကျပ် ရရှိတယ်သိရပါတယ်။

အချုပ်အားဖြင့် ဆိုသော် Forehead Advertising ကို ညွှန်းဆိုရာတွင် အဆန်းထွင် နဖူးမှာ ချိုပေါက် ဆိုတဲ့ စကားအစား အဆန်းထွင် နဖူးမှာ ကြော်ငြာရောက်လို့ဆိုရပေလိမ့်မည် .....

ဒါ့ထက် Free 1.cz မှ ၎င်းတို့ရဲ့ Website တံဆိပ်ကို အမျိုးသမီး တစ်ဦးရဲ့ နဖူးမှာ ဒေါ်လာ ၅၀၀၀ ဖြင့် ဖျက်မရသော တက်တူးထိုးပြီးကြော်ငြာတာကို video ရိုက်ပြထားပါသည် >>>

 

 

Myanmar Advertising Directory 

 

 

 

 

 

Read times
Rate this item
(0 votes)