-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကမ္ဘာတစ်ဝှမ်းလုံးတွင် စျေးအကြီးဆုံး Tequila ပုလင်း ၁၅ မျိုး

ကမ္ဘာတစ်ဝှမ်းလုံးတွင် စျေးအကြီးဆုံး Tequila ပုလင်း ၁၅ မျိုး TUKO

ကမ္ဘာပေါ်မှာရှားပါး Tequilaပုလင်းတွေက ၀ယ်လိုအား အလွန်မြင့်မားပါတယ်။ ထိုTequilaတွေက အကန့်အသတ်ဖြင့် ထုတ်လုပ်ဖြန့်ချီသော စီးရီးများဖြစ်တဲ့ အပြင် ပုလင်းများကို တန်ဖိုးကြီးသော သတ္တုများ၊ အဖိုးတန်ကျောက်များဖြင့် ပြုလုပ်ထားတာကြောင့်တန်ဖိုးအရမ်းကြီးပြီး ရှားပါးနေရခြင်း ဖြစ်ပါတယ်။ ၎င်းအဖျော်ယမကာကို blue agave စက်ရုံမှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချတာပဲ ဖြစ်ပါတယ်။

 

သင်သိထားတဲ့ အတိုင်း Old but Goldဆိုသလို tequilas တွေကလည်း ထိုနည်းအတိုင်းဖြစ်ပါတယ်။ ပိုကောင်းတဲ့ အရာသာရရှိဖို့ ပိုကြာတဲ့ သိုလှောင်သိမ်းဆည်းမှုတွေ လိုအပ်ပါတယ်။ ယခုအခါ ၎င်းစျေးအကြီးဆုံး Tequila ပုလင်း ၁၅ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

 

၁၅။ Casamigos Reposado Tequila - ဒေါ်လာ ၅၀ 

ဈေးအကြီးဆုံး tequila ပုလင်း

 

ကမ္ဘာမှာ ဈေးကြီးတဲ့ tequila ပုလင်းဖြစ်သည့် Casamigosက ကမ္ဘာ့ အကောင်းဆုံး အရက်တွေထဲမှာတော့ မပါဝင်နိုင်ပါဘူး။ ပုလင်းတစ်လုံးကို ဒေါ်လာ ၅၀ ကုန်ကျမှာ ဖြစ်ပြီး တစ်ပုလင်းရဲ့ အရက်ဖော်စပ်ရန် ကြာချိန်က ခုနှစ်လခန့် ကြာမြင့်ပါတယ်။

 

၁၄။ Clase Azul Reposado Tequila - ဒေါ်လာ ၁၁၉.၉၉ 

 

စျေးကြီးတက်ကီလီလာ

 

စိတ်ဝင်းစားဖွယ်ကောင်းတဲ့ ပုလင်းအမျိုးအစားနဲ့ ၎င်းTequilaကတော့ ဖော်စပ်တဲ့အခါ ကြာချိန်က ၈လရှိပြီး ဒေါ်လာ ၁၁၉.၉၉ တန်ဖိုးရှိပါတယ်။

 

၁၃။ Gran Patrón Platinum Tequila - ဒေါ်လာ ၂၅၀ 

 

စျေးကြီးတက်ကီလီလာ

 

Gran Patron သည် ဒေါ်လာ ၂၅၀ ဖြင့်ရောင်းချသော ကမ္ဘာပေါ်ရှိစျေးကြီးတဲ့ Tequila အမျိုးအစားများထဲက တစ်ခုဖြစ်ပါတယ်။

 

၁၂။ Don Julio Real Tequila - ဒေါ်လာ ၃၅၉.၉၉ 

 

စျေးကြီးတက်ကီလီလာ

 

ဒီ Tequilaရဲ့ Don Julio secret recipeက liquor industry တစ်ခုလုံးရဲ့ သရဖူကိုဆောင်းထားနိုင်တဲ့ တစ်ခုထဲသော သော့ချက်ဖြစ်ပါတယ်။ ချောကလက်နှင့် vanilla အရသာ၂မျိုးကို ပေါင်းစပ်ထားပြီး ၎င်းကိုအချဉ်ဖောက်တဲ့ ကြာချိန်က သုံးနှစ်မှ ငါးနှစ်အထိကြာမြင့်ပါတယ်။ ဒီလိုအံ့ဩဖွယ်ကောင်းတဲ့ Tequilaတစ်ပုလင်းကို ဒေါ်လာ ၃၅၉.၉၉ပဲ ကျသင့်မှာ ဖြစ်ပါတယ်။

၁၁။ Casa Herradura Seleccion Suprema Tequila - ဒေါ်လာ ၃၆၀ 

 

စျေးကြီးတက်ကီလီလာ

 

ထူးခြားတဲ့ အရည်အသွေးတွေကို သင် ဒီအမှတ်တံဆိပ်ကနေပြီးတော့ တစ်ခုတည်းခံစားရမှာ မဟုတ်ပါဘူး။ ၎င်းTequilaကနေ နှင်းဆီပွင့်နှင့် agaveရဲ့ ထူးခြားသောအနံ့အပြင် သောက်လိုက်တဲ့အခါ နူးညံ့သော၊မုန့်ချိုသော အရသာကိုသင်ခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒီ tequila တစ်ပုလင်းကို ဒေါ်လာ ၃၆၀ နဲ့ ရောင်းပါတယ်။

 

၁၀။ Tres-Quatro-Cinco Tequila - ဒေါ်လာ ၃၇၉ 

 

စျေးကြီးသော tequila အမှတ်တံဆိပ်

 

ချစ်စရာကောင်းတဲ့ ပုလင်းဒီဇိုင်းကို ရရှိရန် အမှတ်တံဆိပ်အမျိုးမျိုးမှ ဒီဇိုင်းများကို ပေါင်းစပ်ထားပြီး ပုလင်းထဲက ရွှေညိုရောင်အရက်ကတော့ စားသုံးသူ ဖောက်သည်တွေကို ဆွဲဆောင်နိုင်တဲ့ အရာတစ်ခုလည်းဖြစ်ပါတယ်။ ၎င်းTequilaကို ဒေါ်လာ ၃၇၉ဖြင့် ရောင်းချပေးပါတယ်။

 

၉။ Rey Sol Añejo Tequila - ဒေါ်လာ ၂၄၉.၉၅ 

 

စျေးကြီးသော tequila အမှတ်တံဆိပ်

 

ဒီအရသာရှိတဲ့ tequila ပုလင်းက ဒေါ်လာ ၂၄၉.၉၅ ကျသင့်မှာဖြစ်ပါတယ် ။ သင်ကို ခံစားမှု အသစ်နဲ့ ထူးခြားစေမယ့် ၎င်းTequilaမှ vanilla, caramel, agave nectar ကဲ့သို့သော အရသာမျိုးကို သင်မြည်းစမ်းကြည့်သင့်ပါတယ်။ 

 

၈။ Clase Azul Extra Añejo (Ultra) - ဒေါ်လာ ၁၆၉၉.၉၈ 

 

စျေးကြီးသော tequila အမှတ်တံဆိပ်

 

ဒေါ်လာ ၁၆၉၉.၉၈ တန်ဖိုးရှိတဲ့ ၎င်းTequilaက ကမ္ဘာပေါ်ရှိ ဈေးအကြီးဆုံး အရက်အမျိုးအစားထဲမှ တစ်မျိုးဖြစ်ပါတယ်။  အခြား ကုန်အမှတ်တံဆိပ်များနှင့်မတူဘဲ အကန့်အသတ်နှင့်သာ ထုတ်လုပ်သည့် အမှတ်တံဆိပ်ဖြစ်ပါတယ်။

 

၇။ 1800 Colección - ဒေါ်လာ ၁,၈၀၀

 

စျေးကြီးသော tequila အမှတ်တံဆိပ်

 

၎င်းသည် Beckmann မိသားစုမှာ မှတ်ပုံတင်ထားသော လေးစားဖွယ်အမှတ်တံဆိပ်ဖြစ်သည်။ agave စက်ရုံမှ ၁၈၀၀ Coleccion tequilaကို နှစ်ပေါင်းများစွာကြာအောင် ထီထွင်ထားတဲ့ဒီ tequila တစ်ပုလင်းကို ၁၈၀၀ ဒေါ်လာနဲ့ရောင်းပါတယ်။ 

 

၆။ José Cuervo 250 Aniversario - ဒေါ်လာ ၂၇၁၉

 

စျေးကြီးသော tequila အမှတ်တံဆိပ်

 

အရောင်ဖျော့ဖျော့နဲ့ အရသာရှိပြီး သောက်လိုက်တဲ့အခါ ၎င်းအရက်သည် vanilla နှင့်ချောကလက်တို့ရဲ့ အရသာများဖြင့် လွှမ်းခြုံထားမှာ ဖြစ်ပါတယ်။ 

 

၅။ Barrique က de Ponciano Porfidio - ဒေါ်လာ ၂၂၀၀

 

စျေးကြီးတက်ကီလီလာ

 

ကုန်ကျငွေ ဒေါ်လာ ၂,၂၀၀ ဖြင့် ၎င်းတန်ဖိုးကြီးသော တက်ကီလာရဲ့ အထင်ရှားဆုံးအချက်ကတော့ ပုလင်းနှင့် ယင်းရဲ့ ဖြည့်စွက်ဒီဇိုင်းများ ဖြစ်ပါတယ်။ ၎င်းတွင်အက္ခရာများဖြင့် ထွင်းထားသော ပန်းချီကားတွေက ခမ်းနားထည်ဝါလှပါတယ်။ ထို့အပြင် ၂၁ ကာရက်ရှိ ရွှေဖြင့်အလှဆင်ထားပြီး ပြီးပြည့်စုံသောအရသာရှိတဲ့ ၎င်းတက်ကီလာ ၁၀၀ ရာနှုန်းကို Agaveမှ ထုတ်လုပ်ရောင်းချပါသည်။ 

 

၄။ AsomBroso Reserva Del Porto - ဒေါ်လာ ၂၈၀၀

 

စျေးကြီးတက်ကီလီလာ

 

ဒီအံ့သြဖွယ်သောက်စရာကို ဒေါ်လာ ၂,၈၀၀ နဲ့ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ 

၃။ Tequila Ley .925 Ultra-Premium - ဒေါ်လာ ၃၅၀၀ ကနေ ၂၂၅၀၀၀ ကြား

 

Ultra Premium Tequila Ley .925 -- from Hacienda La Capilla ...

 

ထုတ်လုပ်သူတွေက သူတို့ရဲ့ အမှတ်တံဆိပ် အမည်များကို ထိပ်ဆုံးနေရာမှာ ရှိနေစေမယ့် အသစ်တစ်ခုကို ဖန်တီးလိုကြသည်။ ရွှေ၊ ငွေ၊ ပလက်တီနမ်တို့၏ ဒီဇိုင်းအသစ်များသည် စျေးကွက်ရှာဖွေရေး အတွေးအခေါ်သစ်များကို ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဒါ့ကြောင့် ၎င်းTequilaများ အတွက်စျေးနှုန်းက ရွှေငွေ (ဒေါ်လာ ၂၅၀၀၀)၊ ရွှေပလက်တီနမ် (ဒေါ်လာ ၁၅၀,၀၀၀) နှင့် ရွှေဖြူပလက်တီနမ် (ဒေါ်လာ ၂၂၅,၀၀၀) တို့ အသီးသီးဖြစ်ကြပါတယ်။ ထို့အပြင် အပြာရောင် agave sap ပါသည့် အရက်ကို ပြင်ဆင်ချိန်က ခြောက်နှစ်တောင်ကြာတဲ့ အတွက် သောက်လေကောင်းလေဖြစ်နေမှာပါ။

 

၂။ Clase Azul 15th Anniversary Edition - ဒေါ်လာ ၃၀၀၀၀

 

most expensive tequila bottle

 

၎င်းစျေးကြီးတဲ့ တက်ကီလာတစ်ပုလင်းကို ဒေါ်လာ ၃၀,၀၀၀ နဲ့ရောင်းချပါတယ် ။ အဆိုပါ တက်ကီလာရဲ့ထုပ်ပိုးမှု ပုလင်း ဒီဇိုင်းနှင့် အရသာဟာ 1997 ခုနှစ်ကတည်းက ယခုအချိန်ထိအကောင်းဆုံး အနုပညာတစ်ခု ဖြစ်ခဲ့ပါတယ်။ 

 

၁။ Tequila Ley .925 Diamanté - ဒေါ်လာ ၃.၅ သန်း 

 

ဈေးအကြီးဆုံး tequila ပုလင်း

 

ဈေးအကြီးဆုံး tequila တံဆိပ်တွေ အကြောင်းပြောရရင် ဒီဟာက ဒေါ်လာ ၃.၅ သန်းနဲ့ ထိပ်ဆုံးမှာရှိနေပါတယ်။ ချောမွေ့နေသော ပုလင်းဒီဇိုင်းက တန်ဖိုးအဲ့လောက်တောင်ရှိလားလို့ တွေးနေနိုင်ပါတယ်။ ပြီးပြည့်စုံသော vanilla သို့မဟုတ် butterscotch အရသာကို ခံစားရစေဖို့ ၁၈လ ကြာအောင် ဖန်တီးပုံဖော်ရပါတယ်။ ၎င်းသည် နဂါးနဲ့သက်ဆိုင်တဲ့ ဖန်သား ပတ်ပတ်လည်ဒီဇိုင်းများနှင့် ဖန်အသွားများ ပါရှိပါတယ်။ ဤtequilaကို သောက်သုံးရန် အထူးအခွင့်အရေး တစ်ရပ်အနေနဲ့ စဉ်းစားနိုင်တဲ့အပြင် ၎င်း၏တန်ဖိုးကိုလည်း ထည့်စဉ်းစားဖို့လိုပါတယ်။ 

 

By Myanmar Advertising Guide

Ref: TUKO

mealdhafizsgdvjapkz.png

 

Read times
Rate this item
(0 votes)