-->
×

Warning

JUser: :_load: Unable to load user with ID: 29


iPhone 12 နှင့် Apple၏၀န်ဆောင်မှု အသစ်ထွက်ပေါ်နိုင်ဖွယ်ရှိ

iPhone 12 နှင့် Apple၏၀န်ဆောင်မှု အသစ်ထွက်ပေါ်နိုင်ဖွယ်ရှိ BGR

Appleသည် ပြီးခဲ့သည့်နှစ်က subscription service နှစ်ခုဖြစ်သော Apple TV + နှင့် Apple Arcadeကို စတင်ခဲ့ပြီး ကုမ္ပဏီအနေဖြင့် ဂီတ၊ သတင်းများ၊ တီဗီနှင့် ဂိမ်းများ ပါ၀င်တဲ့ ပေါင်းစည်းထုတ်ကုန်တစ်ခုကို မကြာမီ ကမ်းလှမ်းလာနိုင်တယ်လို့ လူအများအား ကြေငြာခဲ့တယ်လို့ သိရပါတယ်။

iCloud storageနှင့် AppleCare စတာတွေက အခြား၀န်ဆောင်မှုအမျိုးအစားများဖြစ်ပြီး ၎င်းဝန်ဆောင်မှုတွေမှာလည်း ထည့်သွင်းသွားနိုင်သလို သီးခြားလည်း ဖြစ်သွားနိုင်ပါတယ်။ Appleဟာ ဒီလိုကြေငြာချက်မျိုးကို တစ်ခါမှမလုပ်ခဲ့ပေမယ့် ဒီနှစ်မှာတော့ ပြောင်းလဲမှု အချို့လာနိုင်ပါတယ်။

GS 96.png

ယုံကြည်စိတ်ချရသောအတွင်းလူတစ်ဦးရဲ့ အစီရင်ခံစာအရ “ Apple One” subscription ထုတ်ကုန်မှ Apple ၀န်ဆောင်မှု အမြောက်အမြားကို စျေးနှုန်းချိုသာစွာနဲ့ ဝယ်ယူရရှိနိုင်မယ်လို့ အသေးစိတ် ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒီနှစ်မှာ iPhone 12 စီးရီးနဲ့အတူ Apple Oneနဲ့ သူ့ရဲ့ဝန်ဆောင်မှုအမျိုးမျိုးကို မိတ်ဆက်ပေးသွားမှာ ဖြစ်တယ်လို့လဲ သိရပါတယ်။

ဒီကိစ္စကို ကြိုတင်ခန့်မှန်းသိရှိသူတွေက Bloomberg ကို Apple Oneမှာ ကွဲပြားတဲ့ စျေးနှုန်းများနဲ့ စျေးနှုန်း အမျိုးမျိုးရှိမယ်ဆိုတာကို အတည်ပြု ခန့်မှန်းခဲ့ကြပါတယ်။

basic packageမှာ Apple Music နှင့် Apple TV + တို့ပါဝင်လိမ့်မယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ စျေးကြီးတဲ့ versionမှာတော့ ဂီတနဲ့TV productsတွေကို Apple Arcadeမှာ ထည့်သွင်းပေးသွားမယ်လို့ သိရပါတယ်။

အခြားpackageတွေက Apple News + လည်းပါချင်ပါမယ် သို့မဟုတ် iCloudကို ယခင်က ၀န်ဆောင်မှုသုံးခုနှင့်အတူ ချိတ်ပေးထားနိုင်ပါတယ်။

၎င်းဝန်ဆောင်မှုအသစ်ရဲ့ bundleတွေရည်ရွယ်ချက်က စားသုံးသူတွေကို အက်ပလီကေးရှင်းများတွင် ငွေကိုချွေတာရန်နှင့် ဝန်ဆောင်မှု သို့မဟုတ် ကုန်ပစ္စည်းတစ်ခုထက် ပိုပြီး ရယူရန်အတွက် ရည်ရွယ်တာဖြစ်ပါတယ်။

bundleအသစ်များ သုံးစွဲသူတွေကို တစ်လလျှင် ၂ ဒေါ်လာမှ ၅ ဒေါ်လာကြား သက်သာစေရန် ရည်ရွယ်ပြီး Apple's Family Sharing systemနဲ့သွားမှာဖြစ်ပါတယ်။

Bloombergမှ ပြောကြားချက်အရ Appleရဲ့ ၀န်ဆောင်မှုအားလုံးကို ရယူခြင်းနှင့် iCloud storageကို အများဆုံးstorageထိရယူခြင်းက တစ်လလျှင် ၄၅ ဒေါ်လာခန့်သာ ကျသင့်မှာဖြစ်ပြီး အဆင့်မြင့် Apple One bundleက တစ်လကို လစဉ်ကြေးအနေနဲ့ 5ဒေါ်လာ ဖြတ်တောက်မယ်လို့ သိရပါတယ်။

အစီရင်ခံစာအရ Appleကhardwareနှင့်အတူ အချို့သောဝန်ဆောင်မှုများကို bundling ကြည့်ဖို့ မှတ်ချက်ပြုခဲ့ပါတယ်။

K _196.png

ဥပမာအားဖြင့် Apple TV set-top boxကို ဝယ်ယူသူများသည် Apple Arcadeကို အခမဲ့ တစ်နှစ်ရရှိမှာ ဖြစ်ပြီး ဒီကမ်းလှမ်းမှုဟာ ပြီးခဲ့တဲ့နှစ်က Apple TV + အခမဲ့တီဗီအသုံးပြုမှုနဲ့ဆင်တူတယ်လို့ သိရပါတယ်။

မကြာသေးမီက ပေါက်ကြားခဲ့တဲ့သတင်းအရ iPhone 12 စတင်မိတ်ဆက်မည့်ပွဲဟာ အောက်တိုဘာလလယ်လောက်မှာ ဖြစ်လိမ့်မယ်လို့ ခန့်မှန်းထားကြပြီး တစ်လလောက်နောက်ကျမှာ ဖြစ်ပါတယ်။

အဲဒီအချိန်မှာပဲ Appleက သူရဲ့ Apple One Subscription Bundlesအသစ်ကို စတင်လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။

 

By Myanmar Advertising Guide

Ref:BGR

MSMCD.png

Read times
Rate this item
(0 votes)