-->
×

Warning

JUser: :_load: Unable to load user with ID: 29


တစ္ခုခု ေရြးခ်ယ္မႈ မွားယြင္းသြားရင္.. ခံစားရမွာ.. နာက်င္ရမွာ..ျပီးေတာ့

တစ္ခုခု ေရြးခ်ယ္မႈ မွားယြင္းသြားရင္.. ခံစားရမွာ.. နာက်င္ရမွာ..ျပီးေတာ့ google.com

ဒီလို အေျခအေနမ်ိဳးကုိ လူေတာ္ေတာ္မ်ားမ်ားရဲ႕ဘဝမွာ ၾကံဳၾကိဳက္ဖူးၾကလိမ့္မယ္။ အထူးသျဖင့္ ဘဝကို အေကာင္းမြန္ဆံုး တည္ေဆာက္ခ်င္တဲ့သူေတြရဲ႕ဘဝမွာ ၾကံဳျဖစ္လိမ့္မယ္။

ဒီလုိ အခုိက္အတန္႔က်ရင္ လူေတြ အင္မတန္ေၾကာက္ၾကတယ္။ တစ္ခုခု ေရြးခ်ယ္မႈ မွားယြင္းသြားရင္.. ခံစားရမွာ.. နာက်င္ရမွာ..ျပီးေတာ့  အဆုိးဆံုးက ေနာင္တရၾကမွာကုိ ေၾကာက္ၾကတယ္။ 

ဒီေတာ့ သိမယ္ထင္တဲ့သူ.. တတ္မယ္ ထင္တဲ့သူ.. ကုိယ္ အားကိုးလို႔ရမယ့္သူ.. စသျဖင့္ ဆုိင္ရာဆုိင္ရာ လူေတြကို  အားကိုတၾကီး ေမးၾကတယ္။
"လုပ္သင့္တာနဲ႔ လုပ္ခ်င္တာ.. ဘာကို ေရြးရမလဲ" ဆုိျပီးေတာ့ေပ့ါ။

ဒီလို ေမးတာ.. အၾကံဥာဏ္ေတာင္းတာေတြက မွားတယ္လို႔ေတာ့ မေျပာပါဘူး။ ဒါေပမယ့္ သူၾကံဳခဲ့တဲ့ ဘဝနဲ႔ ကုိယ္ ၾကံဳေနရတဲ့ ဘဝဟာ တူခ်င္မွတူမယ္။ ေတြ႔ၾကံဳျဖတ္သန္းခဲ့ရတဲ့ ဘဝေတြ မတူတဲ့အခါ သူေျဖတဲ့ အေျဖကလည္း  ကိုယ္နဲ႔ အံဝင္ခြင္က် ျဖစ္ခ်င္မွျဖစ္မယ္..။

ဘဝမွာ ျဖစ္ခ်င္တဲ့အရာကို လုပ္ျပီး ေအာင္ျမင္ေနတဲ့သူေတြလည္း ရွိမယ္...။ ျဖစ္သင့္တဲ့အရာကို လုပ္ျပီး ေအာင္ျမင္ေနတဲ့သူေတြလည္း ရွိမယ္..။
ေသခ်ာတာက သူတုိ႔အခ်င္းခ်င္းမွာလည္း ျဖတ္သန္းခဲ့တဲ့ ဘဝေတြ မတူဘူး..။
သူတုိ႔ဘဝနဲ႔ ကုိယ္ျဖတ္သန္းရမယ့္ ဘဝနဲ႔ကလည္း မတူဘူး။

Read-တစ္ေန႔ ၂၄နာရီ တစ္ပတ္၁၆၈နာရီကုိ ဘယ္လုိအသံုးခ်ၾကမလဲ

ဒီေတာ့ "လုပ္သင့္တာနဲ႔ လုပ္ခ်င္တာ" ဘာေရြးရမလဲ ဆုိတဲ့ ေမးခြန္းမ်ိဳးက တျခားသူကို ေမးရမွာ မဟုတ္ဘူး..။ ကုိယ့္ကိုယ္ကုို ေမးရမွာ။ ကုိယ့္ဘဝကုိယ္ ေသခ်ာနားလည္ေအာင္ၾကည့္ျပီး ေမးရမယ့္ ေမးခြန္း။

ကိုယ့္ဘဝဟာ ကုိယ္လုပ္ခ်င္တာေတြ.. ျဖစ္ခ်င္တာေတြကို ဖန္တီးခြင့္ရမယ့္  အေနအထားမ်ိဳး၊ အခြင့္အလမ္းမ်ိဳး ရွိေနလားလုိ႔ ကုိယ့္ကုိယ္ကုိ ျပန္ေမး။ ဒီလို အေနအထား၊ အခြင့္အလမ္း ရွိေနတယ္ဆုိရင္ေတာ့ ျဖစ္ခ်င္တာ ကိုသာ ဦးစားေပးလုပ္လုိက္ပါ။
လူဆုိတာ ကုိယ္စိတ္အားထက္သန္တဲ့အရာကို လုပ္တဲ့အခါ ပိုျပီးေတာ့ ေအာင္ျမင္ႏုိင္တယ္။

ဒီလို အေနအထား၊ အခြင့္အလမ္းမရွိဘဲ ျဖစ္ခ်င္တာကိုပဲ လုပ္မယ္ဆုိ သိပ္စြန္႔စားရာက်သြားမယ္။
ဒီလို အေျခအေနဆုိရင္ေတာ့ လုပ္သင့္တာကိုပဲ အရင္လုပ္လုိက္ပါ။
ဒါေပမယ့္ လုပ္သင့္တာပဲ လုပ္ရင္းနဲ႔ ဘဝကို ျငီးေငြ႔စရာအျဖစ္နဲ႔ အဆံုးမသတ္လုိက္ပါနဲ႔။ ၾကိဳးစားရင္းနဲ႔ တစ္ခ်ိန္မွာ ကုိယ္ျဖစ္ခ်င္တာေတြ.. လုပ္ခ်င္တာေတြကို လုပ္ႏုိင္ဖို႔ အခြင့္အလမ္းေတြ ေပၚလာပါလိမ့္မယ္။
ဒီလုိ အခြင့္အလမ္းမ်ိဳး ၾကံဳလာတဲ့အခါ ရင္ထဲကဆႏၵအတုိင္း လုပ္လုိက္ပါ။ ဘဝဟာ တစ္ၾကိမ္တစ္ခါပဲရတဲ့ အရာမ်ိဳးျဖစ္လို႔ ကုိယ္လုပ္ခ်င္တာကိုေတာ့ လုပ္လုိက္ဖို႔ သင့္ပါတယ္။

ဒီေမးခြန္းေလးက လူငယ္တစ္ေယာက္ ေမးတဲ့ေမးခြန္းေလးကို ျပန္ေျဖထားတာပါ။  ကုိယ့္လူတုိ႔အတြက္လည္း အက်ိဳးရွိမယ္ထင္လို႔ ျပန္မွ်ေဝေပးလုိက္ပါတယ္။

က်ေနာ္ကုိယ္တုိင္လည္း ျဖစ္ခ်င္တာကို လုပ္ဖို႔ အခြင့္အေရးမရွိေသးတဲ့သူမို႔ ေလာေလာဆယ္ေတာ့ ျဖစ္သင့္တာကို လုပ္ေနတဲ့သူတစ္ေယာက္ပါ။
တစ္ခ်ိန္မွာေတာ့ ကုိယ္ျဖစ္ခ်င္တာေတြကိုပဲ လုပ္ရင္း ဘဝကို ျဖတ္သန္းသြားခ်င္ပါတယ္။

 Credit; ေရႊညာေမာင္ (Focus Youth)

Unicode Version

ဒီလို အခြေအနေမျိုးကို လူတော်တော်များများရဲ့ဘဝမှာ ကြုံကြိုက်ဖူးကြလိမ့်မယ်။ အထူးသဖြင့် ဘဝကို အကောင်းမွန်ဆုံး တည်ဆောက်ချင်တဲ့သူတွေရဲ့ဘဝမှာ ကြံုဖြစ်လိမ့်မယ်။

ဒီလို အခိုက်အတန့်ကျရင် လူတွေ အင်မတန်ကြောက်ကြတယ်။ တစ်ခုခု ရွေးချယ်မှု မှားယွင်းသွားရင်.. ခံစားရမှာ.. နာကျင်ရမှာ..ပြီးတော့ အဆိုးဆုံးက နောင်တရကြမှာကို ကြောက်ကြတယ်။

ဒီတော့ သိမယ်ထင်တဲ့သူ.. တတ်မယ် ထင်တဲ့သူ.. ကိုယ် အားကိုးလို့ရမယ့်သူ.. စသဖြင့် ဆိုင်ရာဆိုင်ရာ လူတွေကို အားကိုတကြီး မေးကြတယ်။
"လုပ်သင့်တာနဲ့ လုပ်ချင်တာ.. ဘာကို ရွေးရမလဲ" ဆိုပြီးတော့ပေ့ါ။

ဒီလို မေးတာ.. အကြံဉာဏ်တောင်းတာတွေက မှားတယ်လို့တော့ မပြောပါဘူး။ ဒါပေမယ့် သူကြံုခဲ့တဲ့ ဘဝနဲ့ ကိုယ် ကြံုနေရတဲ့ ဘဝဟာ တူချင်မှတူမယ်။ တွေ့ကြံုဖြတ်သန်းခဲ့ရတဲ့ ဘဝတွေ မတူတဲ့အခါ သူဖြေတဲ့ အဖြေကလည်း ကိုယ်နဲ့ အံဝင်ခွင်ကျ ဖြစ်ချင်မှဖြစ်မယ်..။

ဘဝမှာ ဖြစ်ချင်တဲ့အရာကို လုပ်ပြီး အောင်မြင်နေတဲ့သူတွေလည်း ရှိမယ်...။ ဖြစ်သင့်တဲ့အရာကို လုပ်ပြီး အောင်မြင်နေတဲ့သူတွေလည်း ရှိမယ်..။
သေချာတာက သူတို့အချင်းချင်းမှာလည်း ဖြတ်သန်းခဲ့တဲ့ ဘဝတွေ မတူဘူး..။
သူတို့ဘဝနဲ့ ကိုယ်ဖြတ်သန်းရမယ့် ဘဝနဲ့ကလည်း မတူဘူး။

ဒီတော့ "လုပ်သင့်တာနဲ့ လုပ်ချင်တာ" ဘာရွေးရမလဲ ဆိုတဲ့ မေးခွန်းမျိုးက တခြားသူကို မေးရမှာ မဟုတ်ဘူး..။ ကိုယ့်ကိုယ်ကိုု မေးရမှာ။ ကိုယ့်ဘဝကိုယ် သေချာနားလည်အောင်ကြည့်ပြီး မေးရမယ့် မေးခွန်း။

ကိုယ့်ဘဝဟာ ကိုယ်လုပ်ချင်တာတွေ.. ဖြစ်ချင်တာတွေကို ဖန်တီးခွင့်ရမယ့် အနေအထားမျိုး၊ အခွင့်အလမ်းမျိုး ရှိနေလားလို့ ကိုယ့်ကိုယ်ကို ပြန်မေး။ ဒီလို အနေအထား၊ အခွင့်အလမ်း ရှိနေတယ်ဆိုရင်တော့ ဖြစ်ချင်တာ ကိုသာ ဦးစားပေးလုပ်လိုက်ပါ။
လူဆိုတာ ကိုယ်စိတ်အားထက်သန်တဲ့အရာကို လုပ်တဲ့အခါ ပိုပြီးတော့ အောင်မြင်နိုင်တယ်။

ဒီလို အနေအထား၊ အခွင့်အလမ်းမရှိဘဲ ဖြစ်ချင်တာကိုပဲ လုပ်မယ်ဆို သိပ်စွန့်စားရာကျသွားမယ်။
ဒီလို အခြေအနေဆိုရင်တော့ လုပ်သင့်တာကိုပဲ အရင်လုပ်လိုက်ပါ။
ဒါပေမယ့် လုပ်သင့်တာပဲ လုပ်ရင်းနဲ့ ဘဝကို ငြီးငွေ့စရာအဖြစ်နဲ့ အဆုံးမသတ်လိုက်ပါနဲ့။ ကြိုးစားရင်းနဲ့ တစ်ချိန်မှာ ကိုယ်ဖြစ်ချင်တာတွေ.. လုပ်ချင်တာတွေကို လုပ်နိုင်ဖို့ အခွင့်အလမ်းတွေ ပေါ်လာပါလိမ့်မယ်။
ဒီလို အခွင့်အလမ်းမျိုး ကြံုလာတဲ့အခါ ရင်ထဲကဆန္ဒအတိုင်း လုပ်လိုက်ပါ။ ဘဝဟာ တစ်ကြိမ်တစ်ခါပဲရတဲ့ အရာမျိုးဖြစ်လို့ ကိုယ်လုပ်ချင်တာကိုတော့ လုပ်လိုက်ဖို့ သင့်ပါတယ်။

ဒီမေးခွန်းလေးက လူငယ်တစ်ယောက် မေးတဲ့မေးခွန်းလေးကို ပြန်ဖြေထားတာပါ။ ကိုယ့်လူတို့အတွက်လည်း အကျိုးရှိမယ်ထင်လို့ ပြန်မျှဝေပေးလိုက်ပါတယ်။
ကျနော်ကိုယ်တိုင်လည်း ဖြစ်ချင်တာကို လုပ်ဖို့ အခွင့်အရေးမရှိသေးတဲ့သူမို့ လောလောဆယ်တော့ ဖြစ်သင့်တာကို လုပ်နေတဲ့သူတစ်ယောက်ပါ။
တစ်ချိန်မှာတော့ ကိုယ်ဖြစ်ချင်တာတွေကိုပဲ လုပ်ရင်း ဘဝကို ဖြတ်သန်းသွားချင်ပါတယ်။

Credit; ရွှေညာမောင် (Focus Youth)

Read times
Rate this item
(1 Vote)