-->
×

Warning

JUser: :_load: Unable to load user with ID: 29


The Complete Guide to Facebook Advertising 2019 (2)

အင္တာနက္ ေၾကာ္ျငာနယ္ပယ္မွာ မင္းမူေနတဲ့ ေၾကာ္ျငာစနစ္ေတြျဖစ္တဲ့ Google ads ရယ္၊ Facebook ads ရယ္၊ Amazon ads ရယ္ ရွိၾကတယ္။

အရင္ဆုံး ရွိေနႏွင့္တာ Google ads ျဖစ္ၿပီး Facebook ads က Google ads ကို ပခုံးခ်င္းယွဥ္လာတဲ့သေဘာကို ေတြ႕ရတယ္။ ေနာက္မွ ေပါက္တဲ့ ေရႊၾကာပင္ ျဖစ္တဲ့ Amazon ads ကလည္း အလားအလာ ေကာင္းေနတယ္။

Zawgyi+Unicode

သူတို႔က တူနဲ႔ လႊလိုပါပဲ။
===============
သူတို႔ လုပ္ပုံကိုင္ပုံအရ ခြဲျခားရင္ Google ads ဟာ Paid Search ရွာေဖြမႈ အေျခခံထားတယ္။ Facebook ads ဟာ Paid Social ဆိုရွယ္မီဒီယာ အေျခခံထားတယ္။
အဲဒီ ေၾကာ္ျငာစနစ္ ႏွစ္မ်ဳိးစလုံးက ပါဝါႀကီးၾကတယ္။ ဒီေတာ့ ဘယ္ဟာက ပိုေကာင္းမလဲဆိုတာ ဒြိဟ ျဖစ္ၾကတယ္။ ႏွစ္မ်ဳိးစလုံးက ေၾကာ္ျငာျပေစလိုတဲ့ ပစ္မွတ္ပရိသတ္ကို ရွာေဖြေပးၿပီး သူတို႔ဆီကို အေရာက္ပို႔ၿပီး ေၾကာ္ျငာျပသေပးႏိုင္စြမ္းရွိတယ္။ သူတို႔က တူနဲ႔ လႊလိုပါပဲ။ ခင္ဗ်ား ပရိေဘာဂတစ္ခု ျပဳလုပ္တဲ့အခါ အဲဒီႏွစ္ခုဟာ သူ႔ေနရာနဲ႔သူ အသုံးတည့္တယ္။ အေရးပါတယ္။
အဲဒီႏွစ္ခုမွာ အဓိကကြာျခားတာက ဘာလဲ။
ေၾကာ္ျငာကို ျမင္ေတြ႕သူရဲ႕ ရည္ရြယ္ရင္း ကြာျခားပါတယ္။ Google ads ဟာ Paid Search အမ်ဳိးအစား ျဖစ္လို႔ Google, Bing, နဲ႔ Yahoo တို႔လို ရွာေဖြအင္ဂ်င္ search engines ေတြမွာ လာေရာက္ရွာေဖြတဲ့သူကို ေၾကာ္ျငာျပသေပးတယ္။ ျပသထားတဲ့ ေၾကာ္ျငာကို သူက ျမင္သြားတဲ့အတြက္ ေၾကာ္ျငာရွင္က ေငြေပးေခ်ရတယ္။ တကယ္လို႔ သူက ေၾကာ္ျငာကို ကလစ္လုပ္လိုက္ရင္ ေၾကာ္ျငာရွင္က ေငြေပးေခ်ရတယ္။
ခင္ဗ်ားရဲ႕ ေၾကာျ္ငာကို ေတြ႕မယ့္သူဟာ ရွာေဖြအင္ဂ်င္မွာ တစ္ခုခု လာရွာတဲ့သူ ျဖစ္တယ္။ လာရွာတဲ့သူကို ဘယ္ေၾကာ္ျငာ ျပမလဲဆိုတာ keywords အေပၚ မူတည္ၿပီး ဆုံးျဖတ္ေပးတယ္။
ဒီေနရာမွာ keywords ဆိုတာ ဘာလဲ ဆိုတာကို သိထားရင္ ပိုေကာင္းမယ္။
Search engine ကို လာရွာတဲ့သူက ရွာေဖြဖို႔ အသုံးျပဳတဲ့ စာလုံးေတြ၊ စကားရပ္ေတြကို ဆိုလိုပါတယ္။ ထီးကို ရွာခ်င္လို႔ ထီး ဆိုတဲ့ စာလုံးကို အသုံးျပဳတယ္။ မိန္းမေဆာင္းထီး ဆိုတဲ့ စာလုံးကို အသုံးျပဳတယ္။ က်ားေဆာင္းထီး ဆိုၿပီး ရွာခ်င္ရွာမယ္။ ေဆာင္းစရာ လို႔လည္း သုံးခ်င္သုံးမယ္။ umbrella လို႔ ရွာခိုင္းတာလည္း ျဖစ္ခ်င္ျဖစ္မယ္။ အဲဒီလို ရွာေဖြတဲ့ စာလုံးေတြဟာ keywords ေတြ ျဖစ္ပါတယ္။
အဲဒီလို ရွာေဖြလိုက္တဲ့ စကားလုံး၊ စကားရပ္ keywords ဟာ ခင္ဗ်ားရဲ႕ ေၾကာ္ျငာနဲ႔ ကိုက္ညီတယ္ဆိုရင္ ရွာေဖြမႈရလဒ္ ထဲမွာ ခင္ဗ်ားရဲ႕ ေၾကာ္ျငာကို ထည့္သြင္း ေဖာ္ျပေပးလိုက္မွာ ျဖစ္ပါတယ္။
Facebook ads ဟာ Facebook webiste ထဲမွာပဲ ျပသတယ္။ Social media ကို လာတဲ့ ပရိသတ္ကို ျပသတာမို႔ Paid Social လို႔ သတ္မွတ္တာ သဘာ၀က်ပါတယ္။ Facebook သုံးစြဲသူက Facebook ကို လာၾကည့္တဲ့အခါမွာ ေၾကာ္ျငာကို ျပသေပးလိုက္တာ ျဖစ္ပါတယ္။
တစ္ခ်ိန္တုန္းကေတာ့ ပစၥည္းျဖစ္ျဖစ္ ၀န္ေဆာင္မႈျဖစ္ျဖစ္ ၀ယ္ခ်င္လို႔ အင္တာနက္မွာ ရွာေဖြတဲ့သူဟာ search enigne တစ္ခုခုမွာ ရွာမယ္။ Facebook website မွာ သူက မရွာေဖြဘူး။ အဲဒီေတာ့ Paid Search ေၾကာ္ျငာေတြဟာ ၀ယ္ခ်င္လို႔ ရွာတဲ့သူမ်ဳိးကို ရႏိုင္ၿပီး Facebook မွာ ေၾကာ္ျငာထားတဲ့ ေၾကာ္ျငာကေတာ့ အဲဒီလို ၀ယ္ခ်င္လို႔ ရတဲ့သူကို ရေတာင့္ရခဲ ျဖစ္မွာ ျဖစ္ပါတယ္။ အခုေတာ့ အဲဒီလို ကြဲျပားခ်က္ ေမွးမွိန္သြားၿပီ။
ဆိုရွယ္မီဒီယာကို သုံးစြဲၾကတာ ပုံစံေျပာင္းသြားတယ္။ Facebook မွာ ေဈးဆိုင္ စာမ်က္ႏွာေတြ တစ္ပုံတစ္ပင္ ရွိလာတယ္။ ဒီေတာ့ ၀ယ္ခ်င္တာကို Facebook မွာလည္း ရွာေဖြလာၾကတယ္။
ကၽြန္ေတာ္တို႔ ႏိုင္ငံလို Facebook ကိုသာ အင္တာနက္အျဖစ္ သုံးေနၾကတဲ့ ပရိသတ္ေတြဟာ ၀ယ္ခ်င္တာကို Facebook မွာပဲ ရွာလိုက္ၾကတယ္။ စုံစမ္းေမးျမန္းၾကတယ္။
ဒီေတာ့ Google ads နဲ႔ Facebook ads တို႔အၾကား zero purchase intent ၀ယ္ယူရန္ ရည္ရြယ္ရင္း သုံည ဆိုတဲ့ ေၾကာ္ျငာေလာက ေဝါဟာရအရ ကြဲျပားမႈ မရွိေတာ့ဘူး။

Google ads နဲ႔ Facebook ads တို႔ ႏွစ္မ်ဳိ္းစလုံးဟာ လတ္တေလာမွာ ခင္ဗ်ား ဘာကို အင္တာနက္မွာ စိတ္၀င္တစားျဖစ္ေနသလဲ။ ဘယ္အေၾကာင္းအရာကို အင္တာနက္မွာ ရွာေဖြေနသလဲဆိုတာေတြအရ ကိုက္ညီတဲ ့ေၾကာ္ျငာကို ထိုးေပးၾကတယ္။ ခင္ဗ်ားအတြက္ သီးသန္႔ တိုင္းၿပီး ခ်ဳပ္ေပးလိုက္တ့ဲ အ၀တ္အစားလိုမ်ဳိး ခင္ဗ်ားအတြက္ ေၾကာ္ျငာကို သီးသန္႔ေရြးခ်ယ္ၿပီး ျပသေပးတယ္။

အခ်ဳပ္အားျဖင့္ ဆိုရရင္ ႏွစ္မ်ဳိးစလုံးဟာ သူ႔နည္းသူ႔ဟန္ျဖင့္ ထိေရာက္ၾကတယ္။ ႏွစ္မ်ဳိးစလုံးမွာ သုံးစြဲသူေတြရဲ႕ ေဒတာေတြကို စုေဆာင္းထားၿပီး အဲဒီေဒတာေတြအေပၚ အေျခခံၿပီး ေၾကာ္ျငာေတြ ျပသေပးသြားေလ့ရွိပါတယ္။
အခု တင္ျပေနတာက Facebook ေၾကာ္ျငာအေၾကာင္း ျဖစ္လို႔ Google ads ကို အသာထားၿပီး Facebook ads ကို ဆက္လက္တင္ျပသြားမွာ ျဖစ္ပါတယ္။

 

The Complete Guide to Facebook Advertising 2019 (2)
အင်တာနက် ကြော်ငြာနယ်ပယ်မှာ မင်းမူနေတဲ့ ကြော်ငြာစနစ်တွေဖြစ်တဲ့ Google ads ရယ်၊ Facebook ads ရယ်၊ Amazon ads ရယ် ရှိကြတယ်။ အရင်ဆုံး ရှိနေနှင့်တာ Google ads ဖြစ်ပြီး Facebook ads က Google ads ကို ပခုံးချင်းယှဉ်လာတဲ့သဘောကို တွေ့ရတယ်။ နောက်မှ ပေါက်တဲ့ ရွှေကြာပင် ဖြစ်တဲ့ Amazon ads ကလည်း အလားအလာ ကောင်းနေတယ်။

သူတို့က တူနဲ့ လွှလိုပါပဲ။
===============
သူတို့ လုပ်ပုံကိုင်ပုံအရ ခွဲခြားရင် Google ads ဟာ Paid Search ရှာဖွေမှု အခြေခံထားတယ်။ Facebook ads ဟာ Paid Social ဆိုရှယ်မီဒီယာ အခြေခံထားတယ်။
အဲဒီ ကြော်ငြာစနစ် နှစ်မျိုးစလုံးက ပါဝါကြီးကြတယ်။ ဒီတော့ ဘယ်ဟာက ပိုကောင်းမလဲဆိုတာ ဒွိဟ ဖြစ်ကြတယ်။ နှစ်မျိုးစလုံးက ကြော်ငြာပြစေလိုတဲ့ ပစ်မှတ်ပရိသတ်ကို ရှာဖွေပေးပြီး သူတို့ဆီကို အရောက်ပို့ပြီး ကြော်ငြာပြသပေးနိုင်စွမ်းရှိတယ်။ သူတို့က တူနဲ့ လွှလိုပါပဲ။ ခင်ဗျား ပရိဘောဂတစ်ခု ပြုလုပ်တဲ့အခါ အဲဒီနှစ်ခုဟာ သူ့နေရာနဲ့သူ အသုံးတည့်တယ်။ အရေးပါတယ်။
အဲဒီနှစ်ခုမှာ အဓိကကွာခြားတာက ဘာလဲ။
ကြော်ငြာကို မြင်တွေ့သူရဲ့ ရည်ရွယ်ရင်း ကွာခြားပါတယ်။ Google ads ဟာ Paid Search အမျိုးအစား ဖြစ်လို့ Google, Bing, နဲ့ Yahoo တို့လို ရှာဖွေအင်ဂျင် search engines တွေမှာ လာရောက်ရှာဖွေတဲ့သူကို ကြော်ငြာပြသပေးတယ်။ ပြသထားတဲ့ ကြော်ငြာကို သူက မြင်သွားတဲ့အတွက် ကြော်ငြာရှင်က ငွေပေးချေရတယ်။ တကယ်လို့ သူက ကြော်ငြာကို ကလစ်လုပ်လိုက်ရင် ကြော်ငြာရှင်က ငွေပေးချေရတယ်။
ခင်ဗျားရဲ့ ကြောြ်ငာကို တွေ့မယ့်သူဟာ ရှာဖွေအင်ဂျင်မှာ တစ်ခုခု လာရှာတဲ့သူ ဖြစ်တယ်။ လာရှာတဲ့သူကို ဘယ်ကြော်ငြာ ပြမလဲဆိုတာ keywords အပေါ် မူတည်ပြီး ဆုံးဖြတ်ပေးတယ်။
ဒီနေရာမှာ keywords ဆိုတာ ဘာလဲ ဆိုတာကို သိထားရင် ပိုကောင်းမယ်။
Search engine ကို လာရှာတဲ့သူက ရှာဖွေဖို့ အသုံးပြုတဲ့ စာလုံးတွေ၊ စကားရပ်တွေကို ဆိုလိုပါတယ်။ ထီးကို ရှာချင်လို့ ထီး ဆိုတဲ့ စာလုံးကို အသုံးပြုတယ်။ မိန်းမဆောင်းထီး ဆိုတဲ့ စာလုံးကို အသုံးပြုတယ်။ ကျားဆောင်းထီး ဆိုပြီး ရှာချင်ရှာမယ်။ ဆောင်းစရာ လို့လည်း သုံးချင်သုံးမယ်။ umbrella လို့ ရှာခိုင်းတာလည်း ဖြစ်ချင်ဖြစ်မယ်။ အဲဒီလို ရှာဖွေတဲ့ စာလုံးတွေဟာ keywords တွေ ဖြစ်ပါတယ်။
အဲဒီလို ရှာဖွေလိုက်တဲ့ စကားလုံး၊ စကားရပ် keywords ဟာ ခင်ဗျားရဲ့ ကြော်ငြာနဲ့ ကိုက်ညီတယ်ဆိုရင် ရှာဖွေမှုရလဒ် ထဲမှာ ခင်ဗျားရဲ့ ကြော်ငြာကို ထည့်သွင်း ဖော်ပြပေးလိုက်မှာ ဖြစ်ပါတယ်။
Facebook ads ဟာ Facebook webiste ထဲမှာပဲ ပြသတယ်။ Social media ကို လာတဲ့ ပရိသတ်ကို ပြသတာမို့ Paid Social လို့ သတ်မှတ်တာ သဘာဝကျပါတယ်။ Facebook သုံးစွဲသူက Facebook ကို လာကြည့်တဲ့အခါမှာ ကြော်ငြာကို ပြသပေးလိုက်တာ ဖြစ်ပါတယ်။
တစ်ချိန်တုန်းကတော့ ပစ္စည်းဖြစ်ဖြစ် ဝန်ဆောင်မှုဖြစ်ဖြစ် ဝယ်ချင်လို့ အင်တာနက်မှာ ရှာဖွေတဲ့သူဟာ search enigne တစ်ခုခုမှာ ရှာမယ်။ Facebook website မှာ သူက မရှာဖွေဘူး။ အဲဒီတော့ Paid Search ကြော်ငြာတွေဟာ ဝယ်ချင်လို့ ရှာတဲ့သူမျိုးကို ရနိုင်ပြီး Facebook မှာ ကြော်ငြာထားတဲ့ ကြော်ငြာကတော့ အဲဒီလို ဝယ်ချင်လို့ ရတဲ့သူကို ရတောင့်ရခဲ ဖြစ်မှာ ဖြစ်ပါတယ်။ အခုတော့ အဲဒီလို ကွဲပြားချက် မှေးမှိန်သွားပြီ။
ဆိုရှယ်မီဒီယာကို သုံးစွဲကြတာ ပုံစံပြောင်းသွားတယ်။ Facebook မှာ ဈေးဆိုင် စာမျက်နှာတွေ တစ်ပုံတစ်ပင် ရှိလာတယ်။ ဒီတော့ ဝယ်ချင်တာကို Facebook မှာလည်း ရှာဖွေလာကြတယ်။
ကျွန်တော်တို့ နိုင်ငံလို Facebook ကိုသာ အင်တာနက်အဖြစ် သုံးနေကြတဲ့ ပရိသတ်တွေဟာ ဝယ်ချင်တာကို Facebook မှာပဲ ရှာလိုက်ကြတယ်။ စုံစမ်းမေးမြန်းကြတယ်။
ဒီတော့ Google ads နဲ့ Facebook ads တို့အကြား zero purchase intent ဝယ်ယူရန် ရည်ရွယ်ရင်း သုံည ဆိုတဲ့ ကြော်ငြာလောက ဝေါဟာရအရ ကွဲပြားမှု မရှိတော့ဘူး။

Google ads နဲ့ Facebook ads တို့ နှစ်မျိုးစလုံးဟာ လတ်တလောမှာ ခင်ဗျား ဘာကို အင်တာနက်မှာ စိတ်ဝင်တစားဖြစ်နေသလဲ။ ဘယ်အကြောင်းအရာကို အင်တာနက်မှာ ရှာဖွေနေသလဲဆိုတာတွေအရ ကိုက်ညီတဲ့ကြော်ငြာကို ထိုးပေးကြတယ်။ ခင်ဗျားအတွက် သီးသန့် တိုင်းပြီး ချုပ်ပေးလိုက်တဲ့ အဝတ်အစားလိုမျိုး ခင်ဗျားအတွက် ကြော်ငြာကို သီးသန့်ရွေးချယ်ပြီး ပြသပေးတယ်။

အချုပ်အားဖြင့် ဆိုရရင် နှစ်မျိုးစလုံးဟာ သူ့နည်းသူ့ဟန်ဖြင့် ထိရောက်ကြတယ်။ နှစ်မျိုးစလုံးမှာ သုံးစွဲသူတွေရဲ့ ဒေတာတွေကို စုဆောင်းထားပြီး အဲဒီဒေတာတွေအပေါ် အခြေခံပြီး ကြော်ငြာတွေ ပြသပေးသွားလေ့ရှိပါတယ်။
အခု တင်ပြနေတာက Facebook ကြော်ငြာအကြောင်း ဖြစ်လို့ Google ads ကို အသာထားပြီး Facebook ads ကို ဆက်လက်တင်ပြသွားမှာ ဖြစ်ပါတယ်။

Read times
Rate this item
(0 votes)