-->
×

Warning

JUser: :_load: Unable to load user with ID: 29


အရောင်းသမားတစ်ယောက်အနေနဲ့ အလိုအပ်ဆုံး အရည်အချင်းနှစ်ခု

အရောင်းသမားတစ်ယောက်အနေနဲ့ အလိုအပ်ဆုံး အရည်အချင်းနှစ်ခု google

အရောင်းသမားတစ်ယောက်အနေနဲ့ အလိုအပ်ဆုံး အရည်အချင်းနှစ်ခုကို ပြောပါဆိုရင် မှန်ကန်ထိရောက်တဲ့ မေးခွန်းမေးမြန်းခြင်းနဲ့ သေချာ နားထောင်တတ်ခြင်းလို့ ပြောလို့ရပါတယ်။

မေးခွန်းမေးမြန်းမယ် ဆိုရင်တော့ မေးခွန်း အမျိုးအစားတွေကို သိရှိနားလည်ထားရမှာ ဖြစ်ပါတယ်။ ဘယ်အချိန်မှာ၊ ဘယ်လိုအခြေအနေမှာ၊ ဘယ်လိုရလာဒ်မျိုး လိုချင်ရင် ဘယ်မေးခွန်း အမျိုးအစားကို သုံးမယ်ဆိုတာကို သိထားရပါမယ်။ မေးခွန်းတွေကို အမျိုးအစားအားဖြင့် အဖွင့်မေးခွန်း (Open Questions) နဲ့ အပိတ်မေးခွန်း (Close Questions) ဆိုပြီးခွဲထားနိုင်ပါတယ်။


အဖွင့်မေးခွန်း အမျိုးအစား

အဖွင့်မေးခွန်းဆိုတာမျိုးက ဟုတ်ပါတယ်။ မဟုတ်ပါဘူး။ ဆိုတာမျိုးနဲ့ ဖြေလို့မရတဲ့ မေးခွန်းမျိုး တွေဖြစ်ပါတယ်။ နောက်ပြီး ဖောက်သည်၊ ဝယ်သူ၊ ပြောဆိုနေတဲ့ လူတွေဆီကနေ လိုအပ်တဲ့ အချက်အလက်တွေ မေးတဲ့ နေရာမျိုးမှာ သုံးပါတယ်။ များသောအားဖြင့် ဒီမေးခွန်းတွေက “ဘယ်လို”၊ “ဘာလဲ”၊ ပြောပြပေးပါဦး။ စတဲ့ မေးခွန်းစကားလုံးတွေ နဲ့ ဖြစ်ပြီးတော့ ကိုယ့်ဝယ်သူကို များများပြောစေချင်တဲ့ အခါမှာ သုံးတာမျိုးဖြစ်ပါတယ်။ ခံစားချက်၊ ထင်မြင်ယူဆချက် စတာတွေကို သိချင်တဲ့ အခါမှာ သုံးတဲ့မေးခွန်းပုံစံမျိုး ဖြစ်ပါတယ်။ ဥပမာ အကို၊ အမ ဒီထုတ်ကုန်ကို မကြိုက်တာ ဘာလို့လဲ။ ပြောပြပေးပါလား။

ဒါဆိုရင် အဖွင့်မေးခွန်း ပုံစံတွေကို ဘယ်အချိန်မှာ သုံးမလဲ။

၁။ ကိုယ့်ဝယ်သူဖောက်သည် နဲ့ စကားဝိုင်း စတင်တဲ့ အခါမျိုး။ အပေါက်အလမ်းတည့်အောင် စလုပ်တဲ့ နေရာမျိုးမှာ သုံးပါတယ်။ ဥပမာ အကိုနေကောင်လား။ စနေနေ့က ဘယ်တွေများ သွားဖြစ်သေးလဲ။

၂။ ခေါင်းစဉ်တစ်ခုခု ပြောင်းချင်တဲ့ အခါမျိုးမှာ သုံးပါတယ်။ တစ်ခုခု ပြောနေရင်း နဲ့မှ နောက်ခေါင်းစဉ် ပြောချင်တဲ့ အချိန်မျိုးမှာ။ ဥပမာ ကျွန်တော်တို့ အခု အလုပ်အကြောင်း စပြောကြမလား။

၃။ ကိုယ့်ဝယ် သူဖောက်သည်ရဲ့ ခံစားချက်၊ အတွေးအမြင်၊ထင်မြင်ယူဆချက်တွေကို မေးတဲ့ အခါမှာ သုံးပါတယ်။ ဥပမာအကို အခုလက်ရှိ အရောင်းသမားတွေ နဲ့ ပတ်သက်ပြီး ကြုံတွေ့နေရတဲ့ အခက်အခဲတွေက ဘာတွေ ဖြစ်မလဲ။


ဒီတော့ အဖွင့်မေးခွန်းပုံစံ ဆိုတာ ကိုယ့်ဝယ်သူတွေရဲ့ ခံစားချက်၊ ထင်မြင်ယူဆချက်၊ အကြံဥာဏ် ပြန်တောင်းခံတဲ့ အခါမျိုးတွေမှာ သုံးပါတယ်။ စကားသိပ်ပြောလေ့ မရှိတဲ့ ဝယ်သူတွေ နဲ့ တွေ့တဲ့အခါမှာ ဆိုရင်လဲ အသုံးတည့်ပါတယ်။

 

အပိတ်မေးခွန်း အမျိုးအစား

ဒီမေးခွန်းမျိုးကတော့ တိကျတဲ့အချက်အလက်၊ အထင်အမြင်ကို မေးချင်ရင်သုံးပါတယ်။ အပိတ်မေးခွန်း အမျိုးအစားကလဲ အဖွင့်မေးခွန်း အမျိုးအစားလိုဘဲ အသုံးတည့်ပါတယ်။ ဟုတ်လား။ မဟုတ်ဘူးလား။ တိကျတဲ့ အချက်အလက်လိုချင်တဲ့ အခါမှာ မေးပါ။ ဥပမာ အသက်ဘယ်လောက်ရှိပြီလဲ။ ဒီမေးခွန်းက အသက်ကိုဘဲ ဖြေလို့ရစေပါတယ်။ ရန်ကုန်မှာနေနေတုန်းဘဲလား။ ဒါဆိုလဲ ဟုတ်တယ်။ မဟုတ်ဘူး။ ဖြေရုံပါဘဲ။ ဒီလို မေးခွန်းမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။


အရောင်းသမားတိုင်းမှာ ရှိသင့်တဲ့ အရေးပါတဲ့ အရည်အချင်းတွေထဲမှာ မေးခွန်းမေးမြန်းခြင်းဖြစ်ပါတယ်။ မေးခွန်းမေးမြန်းခြင်းလို့ပြောရင် ထိရောက်မှန်ကန်တဲ့ မေးခွန်းမျိုးတွေ ဖြစ်ဖို့လဲ လိုပါတယ်။ ကိုယ့်ဝယ်သူအကြောင်း၊ ကိုယ့်ထုတ်ကုန်၊ ဖြစ်နေတဲ့ အခြေအနေ၊ လိုချင်တဲ့ ရလာဒ် ပေါ်မှာ မူတည်ပြီး အဖွင့်၊ အပိတ် မေးခွန်း အမျိုးအစားများကို ပေါင်းစပ်အသုံးခြင်းအားဖြင့် ရောင်းအားတက်လာအောင် လုပ်နိုင်ကြဖို့ ရည်ရွယ်ပါတယ်။

 

Source; Min

Myanmar Advertising Directory

Read times
Rate this item
(2 votes)