-->
×

Warning

JUser: :_load: Unable to load user with ID: 29


YSL ရဲ့ Brand Ambassador Keanu Reeves

YSL ရဲ့ Brand Ambassador Keanu Reeves google

အခုတခါ အလှည့်ကျ ရေးမဲ့ သူကတော့ YSL ( Yves Saint Laurent ) မှ Brand Ambassador ဖြစ်သူ မင်းသားကြီး Keanu Reeves အကြောင်း ပဲဖြစ်ပါတယ်။

Keanu ဆိုတာနဲ့ Speed , Matrix , John wick တို့လိုကားတွေရဲ့မင်းသား ကမ္ဘာကျော်မင်းသားကြီးကိုအားလုံးမြင်ကြမယ်ထင်ပါတယ်

သူ့နာမည်အရင်းက Keanu Charlie Reeves ပါ

Keanu ဆိုတဲ့ သူ့နာမည်အစ စာလုံး အဓိပ္ပါယ်ဟာ ဟာဝါရီ ဘာသာစကားအရ တောင်ထိပ်ပေါ်မှလေညင်းလေးဆိုတဲ့အဓိပ္ပါယ်ပါတဲ့။

သူရဲ့ငယ်နာမည်က Charlie ပါ။

 

သူ့ကို September လ 2 ရက်နေ့ 1964 မှာမွေးပါတယ်။ လက်ဘနွန်မှာမွေးတဲ့သူလေးပါ။

သူပာာ ဗုဒ္ဓဘာသာဝင်တစ်ယောက်ပါ

သူပာာ အရပ် ၆ ပေ ၂ လက်မရှိပြီး မျက်ဝန်းအညိုနဲ့ ဆံပင်အနက်ရောင်ရှိကာ သူ့မျက်နှာလေးကသွယ်ပါတယ်

ငယ်ငယ်ကဆိုသူ့ကိုမိန်းကလေးထင်ကြတာများပါတယ်တဲ့ ကြီးလာတော့လဲတချို့လူတွေက သူ့ကို ရုပ်နုလွန်းလို့ ဒီအရွယ်ကမတတ်တဲ့ပုံဖြစ်နေတာကြောင့် Time Traveller လားဆိုစနောက်ကြတဲ့အပေါ် Charlie ပာာ ပြောင်နောက်နောက်ပဲ သူ့နုပျိုမှုတွေပာာ သူ့မျိုးရိုးကရတာပါအဲ့တော့ သူ့အဖေ အမေ ဘိုးဘေးဘီဘင်ထိကိုသူဒီနေ့ဒီနေရာကနေကျေးဇူးတင်ပါတယ်ဆိုပြီးရယ်လျက်ပြောပါသေးတယ်ရှင်

သူပာာပျော်ပျော်နေတတ်သူပါ အင်မတန်ယောက်ျားပီသပြီး ချစ်စရာကောင်းတဲ့မျက်နှာမျိုးလေးနဲ့ပါ မိန်းကလေးတွေကြွေကြမှာအမှန်ပါပဲ

 

Charlie ရဲ့ ဝါဿနာပာာ နက္ခတာရာတွေ ကြယ် လတွေ ကို ညအချိန်မှာ မှန်ဘီလူးနဲ့ ကြည့်တာကိုသူကဝါဿနာပါပါတယ်တဲ့ရှင် ထူးဆန်းလိုက်တာနော်

သူကအသက် ၂၀ ကျော်နောက်ပိုင်းအဝါရောင်ကိုကြိုက်လာပါတယ်တဲ့ရှင်

သူအသက် ၃၀ ထဲကဆေးလိပ်ဖြတ်ခဲ့သူပါ

သူပာာ Olympics အားကစားပွဲတွေကိုကြည့်ရတာကြိုက်ပါတယ်တဲ့

သူပာာ အမေရိကန်နိုင်ငံသားနဲ့ ကနေဒါနိုင်ငံသားခံယူထားသူ တစ်ယောက်ပါ

သူက အစားအသောက်ဂျီးများလေ့မရှိပါဘူးရှိတာအကုန်စားပါတယ်တဲ့ရှင် ?ဒါပေမဲ့ အမဲကင်နဲ့ အာလူးထောင်း ကွေကာအုပ်နဲ့ပျားရည် ချောကလတ်နဲ့ ကိတ် ကိုတော့ သူစားရရင်ဘဝန်ကျမိပါတယ်တဲ့ အခုတောင်တွေးရင်းစားချင်လာပြီဆိုခပ်နောက်နောက်နဲ့ပြောပါသေးတယ်ရှင်

သူပာာ Bass ဂစ်တာတီးတတ်ပါတယ်တဲ့ရှင် အဲ့အတွက်ကြောင့်အမြဲသူကတိုင်းလေထဲဂစ်တာတီးတဲ့ပုံကတာပါတဲ့

သူပာာ Bon Jovi သီချင်းတွေနားထောင်ပါတယ်တဲ့

သူပာာခွေးတွေကြောင်တွေကိုချစ်ပါတယ်တဲ့ အမြဲအစားကိုမျှဝေကြွေးပြီး အပျော်ကူးစက်စေပါတယ်တဲ့ရှင့်

 

သူ့ဘဝမှာမှတ်မှတ်ရရဆိုလို့ သူ့အသက် ၆ နှစ်လောက်မှာ ခေါင်းပြတ်သရဲတွေ့ဖူးတာပါတဲ့ သူအဲ့တုန်းက အတော်လေးကြောက်ပေမဲ့ အခုတော့သူပာာ လူကြီးဖြစ်လာတော့ ကြောက်နေလို့မဖြစ်မှန်းသိနေပါပြီဆိုပြောပါတယ်

တခါတလေက the Matrix ကားထဲကလို ဆေးအပြာလေးသောက်ပြီး သူအိပ်လိုက်ချင်တယ်တဲ့သူအိပ်ယာနိုးတဲ့အချိန်တွေမှာ အတိတ်တွေသတိမရပဲပြန်နိုးထလာချင်တယ်တဲ့ရှင် ပြောပုံလေးက သနားစရာပါ

သူ့အတိတ်ကတကယ်မကောင်းခဲ့ပါဘူးရှင်

 

သူ့အမေက အင်္ဂလန်နိုင်ငံသူပါ

Charlie သုံးနှစ်သားအရွယ်မှာသူ့အဖေအရင်းက မှုးယစ်ဆေးရောင်းဝယ်ဖောက်ကားမှု့နဲ့ထောင်ကျပါတယ်

Charlie အဖေဟာအမေရိကန်နိုင်ငံသား တရုပ်အစပ်လူမျိုးပါ။

Keanu Reeves ရဲ့ DNA test အရ အဖေဘက်က မြန်မာသွေးအနည်းငယ်တောင်ပါပါတယ်တဲ့။

ဘဝက ကြမ်းခဲ့ပါတယ်သူ့ရဲ့ အမေ က နောက် အိမ်ထောင်ထပ်ပြုပါတယ် အဆင်မပြေပြန်ပါဘူး သူရဲ့အမေ က အကြောင်း အမျိုးမျိုး ကြောင့် ကွဲ လိုက်အိမ်ထောင်ပြုလိုက်နဲ့Charlieပာာကျောင်း ကောင်းကောင်းမနေခဲ့ရသလိုအထက်တန်းကျောင်းတောင်ပြီးအောင်မတတ်ခဲ့ရပါဘူး

သူ့အသက် ၁၅ နှစ်လောက်မှာ သူ့အမေပာာ Hollywood ကဒါရိုက်တာတစ်ယောက်နဲ့ယူခဲ့ပါတယ်

ထိုသူ့ပထွေး ကပဲသူ့ကိုအနုပညာလောကထဲထည့်ခဲ့တာပါ

 

အစကရုပ်ရှင်မှတ်တမ်းမှတ်တဲ့ဘဝကနေစပြီး သူ့အိမ်အတွက် ဝင်ငွေကိုတဖက်တလမ်းက ရှာပေးခဲ့ရသူပါ

Charlie ဟာ ပါစတာဆိုင်တစ်ခုမှာ အချိန်ပိုင်းမန်နေဂျာလဲလုပ်ဖူးပါတယ်

သူပာာအားကစားလိုက်စားသူဖြစ်ပြီး ပောာ်ကီကစားခဲ့ပါသေးတယ်

 

2019 ခုနှစ် လူစိတ်ဝင်စားမှု အများဆုံး Brand စာရင်း

 

သူ့ရဲ့ အချစ်ဆုံးကောင်မလေးပာာသူ့ရှေ့တင်ကားအက်စီးဒန့်ဖြစ်ပြီးဆုံးပါးသွားခဲ့သလို သူ့အဲ့ကောင်မလေးမဆုံးခင်သူ့တို့သမီးလေးကို ၈လနဲ့အသက်မပါပဲအသေလေးမွေးခဲ့ပါတယ်

ထို့ပြင် သူ့ငယ်သူငယ်ချင်း အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ River Phoenix ကလဲဆုံးပါးသွားတာကြောင့်သူပာာအဲ့အချိန်ကစပြီး ဘယ်အရာကိုမှအလေးအနက်စိတ်ထဲမစား သံယောဇဉ်မထားတတ်တော့တာပါတဲ့ရှင် (River Phoenix လို့ရှာကြည့်ပါ အရင်က Hollywood မင်းသားပါပဲအရမ်းချောပါတယ်)

Charlie ပာာငယ်ငယ်ထဲက သူ့ညီမလေး ကိုပြုစုစောင့်ရှောက်တာဝန်ယူရမယ်ဆိုတဲ့စိတ်ခံယူထားသလိုသူတို့မောင်နှမကချစ်ကြပါတယ်

သူ့ညီမ Kim ဟာလည်း သွေးကင်ဆာ ရောဂါ ခံ စား ခဲ့ရသူပါ သူညီ မ ရောဂါကို သက်သာလာအောင် ကုပေးခဲ့တဲ့ ဆေးရုံကို သူတော်တော်လှူလိုက်ပါတယ်

နောက်သူရဲ့ The MATIX ကားမှဝင် ငွေ ရဲ့ 70% ကို အဲ့ကားရိုက်ကွင်းကကြိုးစားတဲ့လူတွေကိုအလှူခဲ့ပါသေးတယ် Charlie ပာာသူ့ရိုက်ကူးရေးအဖွဲ့သားတွေ မိတ်ကပ်ပညာရှင်တွေထဲက တော်ပြီးကြိုးစားတဲ့လူတွေကိုရက်ရောစွာပေးကမ်းတတ်ပါသေးတယ်

နာမည်ကြီးမင်းသား ဖြစ် ပြီး Charlie ပာာ အိမ်အကောင်းကားအကောင်းစားတွေမရှိပါဘူးရှင် body guard လဲမထားသလို သာမာန်လူ တစ် ယောက်လိုသူ့ဘဝကိုရိုးရှင်းစွာဖြတ်သန်းနေတာပါ

Keanu ဟာ Ballroom အကကိုအရမ်းလေ့လာထားသူပါ။

သူပာာအခြား Hollywood မင်းသားတွေလိုအကြွေးမတင်နေပါပိုတောင်ပိုလျှံ နေပါတယ်တဲ့ရှင်

Charlie က ကားတွေထက်ဆိုင်ကယ်တွေကိုရူးသွပ်တဲ့လူပါတဲ့

သူပာာအခုဆိုသူဝါဿနာပါတဲ့ Handmade ဆိုင်ကယ်လုပ်ငန်းကိုထောင်ထားပါတယ် Suit တွေ Tie တွေအကြောင်းကိုလေ့လာတာလည်းသူ့ဝါသနာပါတဲ့ရှင်

 

Charlie ပာာလူတန်းစားမခွဲခြားတတ်ပါဘူးသူပာာတကယ်ခင်ရင် လမ်းဘေးက အိပ်နေတဲ့ အိမ်ခြေယာမဲ့ နဲ့လည်းစကားပြော အစားအသောက်အတူလမ်းဘေးစားသလို အိမ်ယာမဲ့ခွေးသူချစ်ရင်လဲ လမ်းဘေးမှာပဲ ထိုခွေးနဲ့အတူထိုးအိပ် အဖော်ပြုပေးတတ်ပါသေးတယ် ကြင်နာတတ်တဲ့နှလုံးသားရှိသူပါ

သူ့ရဲ့ ပရိသတ်တွေကိုပြောချင်တဲ့စကားလေးကတော့ ဘဝမှာ အခက်အခဲတွေဘယ်လောက်ပဲကြုံကြုံ စိတ်မလျော့ပဲကျော်လွှားပါ တဲ့ရှင် ကိုယ့်တန်ဖိုးရှိလှတဲ့လူ့ဘဝကိုအသက်ရှင်နေထိုင်ပြီး ကောင်းမွန်စွာဖြတ်သန်းလိုက်ပါတဲ့ တကယ့် motivation စကားလေးပါ

သူ့အခြားကားတွေထဲက ကြည့်မယ်ဆို Drama ကြိုက်တယ်ဆို A walk in the cloud , Sweet November, The lake house တို့ကိုညွှန်းပါရစေ

သူ့ပာာ Constantine ကားမှာလည်းတကယ် သရုပ်ဆောင်တော်ခဲ့ပါတယ်

Action ကားထဲကဆိုရင် Point break , Exposed , , 47 Ronin , Street King , Dracula ကိုကြည့်ကြည့်ပါ

အခြားကောင်းတဲ့ကားလေးတွေက Knock knock , Little Buddha , My own pravite Idaho , Feeling Minnesota စတဲ့သူ့ကားတွေလဲကျွန်မသဘောကျမိပါတယ်

Shakespere ဝတ္ထုကို ပြန်ရိုက်တဲ့ကား Much Ado about nothing မှာလဲသူပါပါတယ်။

ကဲ ကျွန်မတို့ရဲ့ဦးဦးချောချောလေးကိုဝန်းရံကြရအောင် ...........

 

<<zawgyi>>

 






 







 







 




 




 








 




 

နာမည်ကြီး Fashion Brand များရဲ့ ကြော်ငြာ များတွင် သားမွှေး ကင်းလွှတ် မူဝါဒ စတင်ကျင့်သုံးမည်






 








 







 

Myanmar Advertising Directory 

Read times
Rate this item
(0 votes)