-->
×

Warning

JUser: :_load: Unable to load user with ID: 29


Facebook ရဲ့ News Feed Algorithm အလုပ်လုပ်ပုံ

Facebook ရဲ့ News Feed Algorithm အလုပ်လုပ်ပုံ google

လွန်ခဲ့တဲ့လအနည်းငယ်လောက်ကစပြီး Facebook ဟာ သူတို့ရဲ့ News Feed Algorithm တွေကို အပြောင်းအလဲလုပ်လိုက်ပါတယ်။

Algorithm တွေကို ဘယ်လို အပြောင်းအလဲလုပ်လိုက်လဲဆိုတာကို မပြောခင် Facebook Algorithm ရဲ့ အလုပ်လုပ်ပုံကို အရင်ဆုံးပြောပြချင်ပါတယ်။ တစ်နေ့တစ်နေ့ Facebook အသုံးပြုသူပေါင်းများစွာရဲ့ သိန်းဂဏန်းနဲ့ချီတဲ့ Post တွေဟာ ကျွန်တော်တို့နေ့စဉ်အသုံးပြုနေတဲ့ Facebook ပေါ်မှာရှိနေပါတယ်။ သူလည်းတင်မယ်၊ ကိုယ်လည်းတင်မယ်၊ Group တွေကလည်း တင်မယ်၊ Page တွေကလည်း တင်မယ်၊ ဒီလို လူတိုင်းတင်နေတဲ့ Post တွေထဲကမှ ဘယ် Post ကိုတော့ အရင်ပြမယ် ဘယ် Post ကိုတော့ နောက်မှပြမယ် ဆိုတာမျိုးကို Facebook Algorithm ကဆုံးဖြတ်ပေးပါတယ်။ နားလည်လွယ်အောင်ပြောရမယ်ဆိုရင်တော့ သင်ဟာ ဂိမ်းအကြောင်းစိတ်ဝင်စားတဲ့သူ၊ ဂိမ်းနဲ့ပတ်သတ်တာတွေကို Like, Share, Comment လုပ်လေ့ရှိတဲ့သူဆိုရင် ဂိမ်းနဲ့ပတ်သတ်တဲ့ Post တွေကို Facebook Algorithm က ထိပ်ဆုံးကနေပြပေးမှာ ဖြစ်ပါတယ်။ Facebook ရဲ့ News Feed Algorithm ကအဲ့ဒီအလုပ်ကို လုပ်ပါတယ်။

Facebook ရဲ့ News Feed မှာဆိုရင် စုစုပေါင်း Component ၄ ခုပါဝင်ပါတယ်။

Inventory (content available)

Signals (considerations about content)

Predictions (considerations about person)

Overall Score

Inventory ဆိုတာကတော့ ကျွန်တော်ခုနကပြောခဲ့သလိုပဲ Facebook မှာတင်သမျှ Post တိုင်း Content တိုင်းဟာ Facebook ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Inventory ထဲမှာရှိနေပါတယ်။ Singnals ဆိုတာကတော့ ဘယ် Content က ဘယ်ကိုသွားမလဲ? ဘယ် Content က ဘယ်နေရာမှာ အသုံးဝင်သလဲ? ဘယ် Content က ဘယ်သူ့ကို ပြရမလဲ? စတာတွေကို ဆုံးဖြတ်ပေးတဲ့ အရာဖြစ်ပါတယ်။ Predictions ဆိုတာကတော့ ဘယ် User က ဘာလုပ်မလဲ? ဆိုတာကို ခန့်မှန်းတဲ့ အရာဖြစ်ပါတယ်။ ဉပမာ Like ပေးနေကြ User တစ်ယောက်ဆိုရင် ဒီလူဟာ Like ပေးဖို့ Chance ရှိတယ် Post တွေမှာ Comment ဝင်ရေးနေကြသူဆိုရင်တော့ ဒီလူဟာ Comment ရေးဖို့ Chance ရှိတယ်။

အဲ့လိုမျိုး ဘယ် User သည် ဘယ် Content အမျိုးအစားမျိုး တွေ့လို့ရှိရင် ဘာလုပ်မလဲလို့ Facebook က ကြိုတင်ခန့်မှန်းထားပြီးသား ရှိပါတယ်။ အဲ့ဒါကို Predictions လို့ခေါ်ပါတယ်။ နောက်ဆုံးတစ်ခုဖြစ်တဲ့ Overall Score ဆိုတာကတော့ ကျွန်တော်တို့ Facebook Content တိုင်းမှာရထားတဲ့ Score အားလုံးကို Overall Score လို့ခေါ်ပါတယ်။

ဒီလို Component ၄ ခု ရှိတဲ့ထဲမှာမှ ကျွန်တော်တို့ အဓိက အာရုံစိုက်ရမှာက Signals ဖြစ်ပါတယ်။ ကျွန်တော်တို့လို Marketer တွေအနေနဲ့ကတော့ Signals ကိုအာရုံစိုက်ပြီး ကိုယ်လိုချင်တဲ့ Result ရအောင် လုပ်ရမှာဖြစ်ပါတယ်။ ဒီလိုဆိုရင်တော့ Signals အကြောင်းကို ဆက်ရအောင်။ Signals ဆိုတာ ဘာလဲ? ပုံမှန်အားဖြင့် Signals စုစုပေါင်း ၉ ခုရှိပါတယ်။

Average Time Spent

Person Sharing a Link over Messenger

Multiple Replies to Content on a Video

Overall Engagement

When it's Posted

Comment on the Photo or Status

Story Type

Comments on Publishers or Brand by Friends

Informative

Average Time Spent ဆိုတာကတော့ လူတစ်ယောက်ရဲ့ Content တစ်ခုပေါ်မှာ အသုံးပြုတဲ့ အချိန်ကာလ ကိုဆိုလိုပါတယ်။ Person Sharing a Link over Messenger ကတော့ အဲ့ဒီ ဖတ်လိုက်တဲ့ Content တစ်ခု၊ Post တစ်ခုကို Messenger ကနေပြီးတော့ တခြားတစ်ယောက်ယောက်ကို ပို့လေ့ရှိသလား? နောက်တစ်ခုကတော့ Multiple Replies to Content on a Video ဉပမာ Video တစ်ခုရှိတယ်။ ဒီ Video အောက်မှာ Comment ပေးတဲ့သူရှိမယ်။ အဲ့ဒီ Comment အောက်မှာ Multiple Replies တွေရလေ့ရှိသလား? နောက် Overall Engagement ကိုယ့်ရဲ့ Post တစ်ခုမှာ Like, Comment, Share, Link Click စတဲ့ Engagement တွေအားလုံးရဲ့ Overall ဘယ်လောက်လောက်ရှိသလဲ? When it's Posted ဘယ်အချိန်မှာ Post တင်လေ့ရှိသလဲ? နောက် Comment on the Photo or Status အဲ့ဒီ တင်လိုက်တဲ့ Photo ဒါမှမဟုတ် Status အောက်မှာ Comment ပေးတာ Like ပေးတာ စတဲ့အချက်တွေ ရှိသလား? ဘယ်လို Story Type နဲ့တင်တာလဲ? နောက်တစ်ခုက Publisher သို့မဟုတ် Brand တစ်ခုခုရဲ့ Post ကို လူတစ်ယောက်ယောက်က Share မယ်။ အဲ့ဒီ Share လိုက်တဲ့ Post ရဲ့အောက်မှာ Comment ဝင်ပေးလေ့ရှိသလား။ နောက်ဆုံးတစ်ချက်ကတော့ ဒီ Post တစ်ခုက ဘယ်လောက် Informative ဖြစ်သလဲ? ဘယ်လောက် Information ကောင်းကောင်းပေးနိုင်သလဲ? အဲ့ဒီ အချက် ၉ ချက်ပေါ်မှာ မူတည်ပြီးတော့ Facebook Algorithm က ဆုံးဖြတ်ပါတယ်။

ဒါတွေကတော့ ကျွန်တော်တို့ရဲ့ အချစ်တော်ကြီး Mark Zuckerberg အပြောင်းအလဲတွေမလုပ်ခင်က ပုံစံဖြစ်ပါတယ်။ အခုလည်း ဒီအချက်တွေဆက်မသုံးဖူး မဟုတ်ပါဘူး ဆက်သုံးပါတယ်။ ဒါပေမယ့် ဒီအချက် ၉ ချက်ထဲမှာမှ

Person Sharing a Link over Messenger

Multiple Replies to Content on a Video

Comments on Publishers or Brand by Friends

Comments on the Photo or Status စတဲ့ အချက် ၄ ချက်ကို ပိုပြီး Favour ပေးလိုက်ပါတယ်။ ဆိုလိုချင်တာကတော့ ရှိနေတဲ့ အချက် ၉ ချက်ထဲကမှ Comment/Like/Share စတာလေးတွေကို ပိုပြီးဉီးစားပေးလာတာပါ။

Source: digital laboratory

Read times
Rate this item
(0 votes)