-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဝန်ထမ်းတွေဘာကြောင့်အလုပ်ထွက်ရတာလဲ?

ဝန်ထမ်းတွေဘာကြောင့်အလုပ်ထွက်ရတာလဲ? google.com

ဝန်ထမ်းထွက်နှုန်းတွေကလည်း များလိုက်တာ၊၀န်ထမ်းတွေကလည်း မြဲကိုမမြဲဘူး၊စတဲ့ အသံတွေကိုကျယ်ကျယ်လောင်လောင်ကြားနေရပါတယ်။

ဘာကြောင့်ဝန်ထမ်းတွေမမြဲကြတာလဲ? ဘာကြောင့် အလုပ်တွေထွက်နေကြတာလဲ? ၀န်ထမ်းတွေ အလုပ်ထွက်တာဟာ

အကြောင်းအမျိုးမျိုး ကွဲပြားနိုင်ပါတယ်။

ဟိုအရင်ကလို ၀န်ထမ်းတွေဟာ အလုပ်တစ်ခုတည်းကိုပဲ စွဲစွဲမြဲမြဲနဲ့ သူတို့ရဲ့ဘ၀တလျှောက်လုံး လုပ်သွားမှာ မဟုတ်တော့ပါဘူး။
ဒီလိုအခြေနေမှာ မိမိလုပ်ငန်းမှာရှိတဲ့ ၀န်ထမ်းကောင်းတွေ ထွက်မသွားအောင်ထိန်းထားနိုင်ဖို့ လိုအပ်ပါတယ်။ လုပ်ငန်းတိုင်းရဲ့ အသက်သွေးကြောဟာ ၀န်ထမ်းတွေပါပဲ။
Apple ကုမ္ပဏီအောင်မြင်နေတာ ဘာကြောင့်လို့သင်ထင်လဲ??? တကယ်လို့သာ Apple ကုမ္ပဏီက အင်ဂျင်နီယာကောင်းတွေ၊ ၀န်ထမ်းကောင်းတွေသာ

အလုပ်ထွက်သွားပြီး Samsung ကုမ္ပဏီဘက်ကိုရောက်သွားခဲ့ရင် နောက်လာမယ့်နှစ်တွေမှာ Apple ရဲ့အောင်မြင်မှု နဲ့ Samsung ရဲ့အောင်မြင်မှု (၂)ခုမှာ ဘယ်လုပ်ငန်းကပိုအောင်မြင်မလဲဆိုတာ ခန့်မှန်းဖို့ခက်သွားပါလိမ့်မယ်။

ဘယ်လောက်ပဲတိုးတက် အောင်မြင်နေတဲ့ လုပ်ငန်းမျိုးမှာမဆို ၀န်ထမ်းတွေဟာ အရေးကြီးပါတယ်။ ၀န်ထမ်းကောင်းတွေ ဘာကြောင့်အလုပ်ထွက်ကြသလဲဆိုတာကို ပြောပြချင်ပါတယ်။

 

Disrespected and undervalued staff

ဝန်ထမ်းတွေဆိုတာ လူသားတွေဖြစ်တဲ့အတွက် လူသားတွေရဲ့ သဘာဝအရ သူတို့ကို လေးစားတာ၊ တန်ဖိုးထားတာကို လိုချင်တောင့်တကြပါတယ်။

ဝန်ထမ်းတွေဟာ လစာတစ်ခုတည်းအတွက် အလုပ်လုပ်နေကြတာမဟုတ်ပါဘူး။ မတူညီတဲ့ ၀န်ထမ်းအမျိုးမျိုးမှာ မတူညီတဲ့ လိုအပ်ချက်တွေရှိနေပါတယ်။

ဘယ်လိုပဲမတူညီနေပါစေ ၀န်ထမ်းတွေဟာ ရာထူး၊ လစာပြီးရင် လုပ်ငန်းဆီက မျှော်လင့်တဲ့ အချက်တစ်ချက်ကတော့ သူတို့အပေါ် အသိမှတ်ပြုတာ၊ လေးစားတာ၊ တန်ဖိုးထားတာကိုလိုချင်ကြပါတယ်။

လစာအများကြီးရနေပြီးအလုပ်ကထွက်သွားတဲ့ သူတွေကိုကျွန်တော်တို့မြင်ဖူးပါတယ်။ အကြောင်းကတော့ ၀န်ထမ်းတွေဟာ လစာတစ်ခုတည်းကြောင့်အလုပ်လုပ်နေတာ မဟုတ်ကြောင်း စီမံခန့်ခွဲသူတွေအနေနဲ့ သိရှိနားလည်ဖို့ လိုအပ်ပါတယ်။

 

No career progression

ဝန်ထမ်းတွေဟာ တူညီတဲ့အလုပ်တွေကိုပဲ ဘ၀တစ်လျှောက်လုံးမလုပ်ချင်ကြပါဘူး။ သူတို့ရဲ့ အသိပညာ၊ အတတ်ပညာတိုးတက်မှုနဲ့ ရာထူးတိုးတက်မှုတွေကို လိုချင်တောင့်တကြပါတယ်။

ဒီလုပ်ငန်းမှာလုပ်နေရတာ ဘာတိုးတက်မှုမှမရှိဘူးလို့ ၀န်ထမ်းတွေမြင်သွားရင် မိမိတို့လုပ်ငန်းကို ၀န်ထမ်းတွေစွန့်ခွာသွားနိုင်ပါတယ်။

သူတို့ကြိုးစားရင် ကြိုးစားသလောက် တိုးတက်မှုအခွင့်အလမ်းတွေမရှိဘူးဆိုရင် လုပ်ငန်းတွေကို စွန့်ခွာသွားတတ်တယ်ဆိုတာ စီမံခန့်ခွဲသူတွေ သိရှိနေဖို့လိုအပ်ပါတယ်။

 

Inequality

ဝန်ထမ်းတွေဟာ သူတို့အနေနဲ့ လုပ်ငန်းခွင်မှာ မမျှတမှုကို ကြုံတွေ့နေရတာ များလာရင် လုပ်ငန်းခွင်စိတ်ကျေနပ်မှုတွေပျောက်ဆုံးသွားပြီး အလုပ်ကိုစွန့်ခွာတတ်ကြပါတယ်။

ဒီနေ့ခေတ်ဝန်ထမ်းတွေဟာ အသိပညာပိုမိုပွင့်လင်းလာပါပြီ။ လုပ်ငန်းခွင်မမျှတမှုတွေကို လက်မခံနိုင်တော့တဲ့အခါမှာ အလုပ်ထွက်တတ်ကြပါတယ်။

တကယ်လို့ အလုပ်မထွက်ဘဲ ဆက်လုပ်နေရင်တောင် သူတို့ရဲ့ ထုတ်လုပ်မှုစွမ်းအား Productivity တွေကို ထုတ်သင့်သလောက်မထုတ်တော့ဘူးဆိုတာ စီမံခန့်ခွဲသူတွေအနေနဲ့ အသေအချာ သိရှိနားလည်ဖို့လိုအပ်ပါတယ်။
အသိအမှတ်မပြုတာတွေများလာတဲ့အခါမှာဝန်ထမ်းတွေဟာ ဘယ်လောက်ကြိုးစားကြိုးစား ဘာမှဖြစ်လာမှာမဟုတ်ဘူးလို့ ယူဆသွားပြီး စိတ်ဓာတ်ရေးရာကျဆင်းမှုတွေဖြစ်လာတတ်ပါတယ်။

ဒီလိုစိတ်ဓာတ်ရေးရာကျဆင်းမှုတွေရဲ့ အကျိုးဆက်တွေအနေနဲ့ ၀န်ထမ်းတွေ ခဏခဏခွင့်ယူတာတွေ၊ အလုပ်နောက်ကျတာတွေ၊ အမှားအယွင်းများနေတာတွေ၊ ဆင်ခြေပေးတာတွေကို စီမံခန့်ခွဲသူတွေအနေနဲ့ သိရှိနိုင်ပါတယ်။

ဒီအချက်တွေကိုလျစ်လျှူရှုထားမယ်ဆိုရင် ၀န်ထမ်းထွက်နှုန်းတွေဟာ တက်မြဲ တက်ဆဲဖြစ်နေမှာပါ။

Read-လုပ်ငန်းခွင် အတွင်းစိတ်ဖိစည်းမှုတွေကို ဘယ်လို လျော့ချမလဲ

Credit; Management

Read times
Rate this item
(2 votes)