-->
×

Warning

JUser: :_load: Unable to load user with ID: 29


SEO အေၾကာင္းသိေကာင္းစရာ

SEO အေၾကာင္းသိေကာင္းစရာ Google

SEO (Search Engine Optimization) ဆိုတာ Internet ေပၚက website ေတြေပၚမွာရွာတဲ့အခါ ကိုယ့္ website ကို လူအမ်ားျမင္ေအာင္ လုပ္တဲ့ နည္းပါပဲ။

ဥပမာ ကိုယ္က အိတ္ေရာင္းတယ္ဆိုပါစို႔။ Online က ေန အိတ္ ဆိုၿပီးရွာတဲ့အခါ ကိုယ့္ အိတ္ေရာင္းတဲ့ website က အေပၚထိပ္ပိုင္းနားက ေပၚေအာင္လုပ္ေပးတာပါ။

 

ဥပမာ ကိုယ္က စာၾကည့္တိုက္မႈးဆိုပါစို႔။ ကမာၻေပၚမွာရွိတဲ့ စာအုပ္အားလုံးကို ကိုယ့္စာတိုက္မွာ ထားထားတယ္။ လူေတြက သူတို႔ သိခ်င္တဲ့ အေၾကာင္းအရာပါတဲ့ စာအုပ္မ်ိဳးလာေမးတဲ့အခါ အဲဒီ့စာအုပ္ေတြအားလုံးထဲက အနီးစပ္ဆုံးဆြဲထုတ္ေပးရသလိုပါပဲ။

 

SEO ဆိုတာ ဆြဲထုတ္လိုက္တဲ့ စာအုပ္ထဲမွာ ကိုယ့္စာအုပ္ပါေအာင္ လုပ္ရတာပါပဲ။SEO Content ဆိုတာက Blog ေတြ Page ေတြ website ေတြမွာ ေရးတဲ့အခါ SEO အတြက္ ေသခ်ာ စဥ္းစားၿပီး ေရးထားတာပါ။

 

SEO Friendly Content ကို ျပဳလုပ္ရန္အတြက္ဆို -

 

• ကိုယ့္ရဲ႕ ရည္႐ြယ္ခ်က္ ဘယ္လိုလူေတြဆီကို ဒီ Content ကေရာက္ခ်င္တာလဲသိရပါမယ္။ ဥပမာ ကိုယ္က အိတ္ ေရာင္းတယ္ဆိုပါစို႔ ကိုယ္ေရးတဲ့ Content က မိန္းကေလးေတြဆီေရာက္ခ်င္တာလား ဘယ္လို အသက္အ႐ြယ္မ်ိဳးကိုေရာက္ခ်င္တာလဲ အသက္ 20 ကေန 40 အတြင္းေရာက္ခ်င္တာလား စသည္ျဖင့္သိရပါမယ္။

 

• ကိုယ္ေရးတဲ့ ေခါင္းစဥ္က ကိုယ္ေျပာခ်င္တဲ့ အေၾကာင္းအရာနဲ႔ဆက္စပ္မႈရွိရပါမယ္။ အိတ္ေရာင္းတယ္ဆို အိတ္အေၾကာင္းပါရပါမယ္။ သို႔မွသာ SEO အရ ရွာတဲ့အခါ ကိုယ့္ Content က ပါလာမွာပါ။

 

SEO အတြက္ ေတြးေတာသင့္သည့္ အခ်က္ ၃ ခ်က္

 

• ကိုယ္ေျပာခ်င္တဲ့ အေၾကာင္းအရာနဲ႔ ပတ္သတ္တဲ့ အျခားရည္ၫႊန္းစာရာ Link(website, blog) စသည္ျဖင့္ထည့္ေပးရပါမယ္။

 

• Content တိုတိုနဲ႔ ကိုယ့္ရဲ႕ ေျပာခ်င္တဲ့ သို႔ ေၾကျငာခ်င္တဲ့ စကားလုံးကို ထည့္ေပးရပါမယ္။ သို႔မွသာ Online မွ ရွာတဲ့ အခါ အလြယ္တကူ ေပၚလာမွာျဖစ္ၿပီး အရမ္းရွည္လြန္းလ်င္ SEO က ဘယ္စကားလုံးကို အဓိကထားၿပီးရွာရမွန္းမသိပဲ ကိုယ့္ content က မေပၚပဲျဖစ္တတ္ပါတယ္။

 

• ေနာက္ဆုံးအေရးႀကီးတဲ့ တစ္ခ်က္ကေတာ့ ေကာင္းမြန္တဲ့ Cornerstone Content ထားရွိဖို႔ပါပဲ။ Conerstone Content ဆိုတာက ကိုယ္ေျပာခ်င္တဲ့အရာ ကိုယ္ေပးတဲ့ ၀ေဆာင္မႈ ကိုယ့္အေၾကာင္းစတာေတြကို တစ္ေနရာထဲကေနသြားၾကည့္လို႔ရမယ့္ ၀င္ေပါက္တစ္ခုပါပဲ။( ဥပမာ ကိုယ္က Website တစ္ခုရွိတယ္ဆိုလ်င္ ကိုယ့္ website ထဲမွာ ကိုယ့္ ကုန္ပစၥည္းအေၾကာင္းေတြပါမယ္။၀န္ေဆာင္မႈေတြအေၾကာင္းေတြပါမယ္။ ကိုယ့္အေၾကာင္းေတြပါမယ္။ ကိုယ့္ Site ကို အၿမဲ၀င္ၾကည့္ေနၾကသူေတြကေတာ့ ဘယ္ေနရာသြားၾကည့္ရမယ္ဆိုတာသိေပမယ့္ ခုမွ ၾကည့္မယ့္သူေတြကေတာ့ ဘယ္ကသြားရမယ္မွန္းသိမွာမဟုတ္တဲ့အတြက္ ဒါေတြအားလုံးကို တစ္ေနရာကေနသြားလို႔ရမယ့္ သြားၾကည့္လို႔ရမယ့္ေနရာကို Cornerstone Content လို႔ေခၚပါတယ္)

 

ကိုယ့္ရဲ႕ image ကိုယ့္အေပၚ impression ရဖို႔ ဒီေနရာက အရမ္းအေရးႀကီးပါတယ္။အထက္မွာေရးသားခဲ့တာေတြကေတာ့ SEO အတြက္ အၾကမ္းမ်ဥ္းေရးသားထားတာေတြပဲျဖစ္ပါတယ္။သင့္အေနနဲ႕ ယေန႕ Digital ေခတ္ ၾကီးမွာ ထို အခ်င္းအရာ ေတြသိထားတာ တကယ့္ကို အက်ိဳးရွိမွာပါ သာယာတဲ့ ေန႔ေလးပိုင္ဆိုင္ၾကပါေစ။

 

<<< Unicode >>>

 

SEO အကြောင်းသိကောင်းစရာများ

 

SEO (Search Engine Optimization) ဆိုတာ Internet ပေါ်က website တွေပေါ်မှာရှာတဲ့အခါ ကိုယ့် website ကို လူအများမြင်အောင် လုပ်တဲ့ နည်းပါပဲ။

 

ဥပမာ ကိုယ်က အိတ်ရောင်းတယ်ဆိုပါစို့။ Online က နေ အိတ် ဆိုပြီးရှာတဲ့အခါ ကိုယ့် အိတ်ရောင်းတဲ့ website က အပေါ်ထိပ်ပိုင်းနားက ပေါ်အောင်လုပ်ပေးတာပါ။

 

ဥပမာ ကိုယ်က စာကြည့်တိုက်မှုးဆိုပါစို့။ ကမ္ဘာပေါ်မှာရှိတဲ့ စာအုပ်အားလုံးကို ကိုယ့်စာတိုက်မှာ ထားထားတယ်။ လူတွေက သူတို့ သိချင်တဲ့ အကြောင်းအရာပါတဲ့ စာအုပ်မျိုးလာမေးတဲ့အခါ အဲဒီ့စာအုပ်တွေအားလုံးထဲက အနီးစပ်ဆုံးဆွဲထုတ်ပေးရသလိုပါပဲ။

 

SEO ဆိုတာ ဆွဲထုတ်လိုက်တဲ့ စာအုပ်ထဲမှာ ကိုယ့်စာအုပ်ပါအောင် လုပ်ရတာပါပဲ။SEO Content ဆိုတာက Blog တွေ Page တွေ website တွေမှာ ရေးတဲ့အခါ SEO အတွက် သေချာ စဉ်းစားပြီး ရေးထားတာပါ။

 

SEO Friendly Content ကို ပြုလုပ်ရန်အတွက်ဆို -

 

• ကိုယ့်ရဲ့ ရည်ရွယ်ချက် ဘယ်လိုလူတွေဆီကို ဒီ Content ကရောက်ချင်တာလဲသိရပါမယ်။ ဥပမာ ကိုယ်က အိတ် ရောင်းတယ်ဆိုပါစို့ ကိုယ်ရေးတဲ့ Content က မိန်းကလေးတွေဆီရောက်ချင်တာလား ဘယ်လို အသက်အရွယ်မျိုးကိုရောက်ချင်တာလဲ အသက် 20 ကနေ 40 အတွင်းရောက်ချင်တာလား စသည်ဖြင့်သိရပါမယ်။

 

• ကိုယ်ရေးတဲ့ ခေါင်းစဉ်က ကိုယ်ပြောချင်တဲ့ အကြောင်းအရာနဲ့ဆက်စပ်မှုရှိရပါမယ်။ အိတ်ရောင်းတယ်ဆို အိတ်အကြောင်းပါရပါမယ်။ သို့မှသာ SEO အရ ရှာတဲ့အခါ ကိုယ့် Content က ပါလာမှာပါ။

 

• ကိုယ်ပြောချင်တဲ့ အကြောင်းအရာနဲ့ ပတ်သတ်တဲ့ အခြားရည်ညွှန်းစာရာ Link(website, blog) စသည်ဖြင့်ထည့်ပေးရပါမယ်။

 

• Content တိုတိုနဲ့ ကိုယ့်ရဲ့ ပြောချင်တဲ့ သို့ ကြေငြာချင်တဲ့ စကားလုံးကို ထည့်ပေးရပါမယ်။ သို့မှသာ Online မှ ရှာတဲ့ အခါ အလွယ်တကူ ပေါ်လာမှာဖြစ်ပြီး အရမ်းရှည်လွန်းလျင် SEO က ဘယ်စကားလုံးကို အဓိကထားပြီးရှာရမှန်းမသိပဲ ကိုယ့် content က မပေါ်ပဲဖြစ်တတ်ပါတယ်။

 

• နောက်ဆုံးအရေးကြီးတဲ့ တစ်ချက်ကတော့ ကောင်းမွန်တဲ့ Cornerstone Content ထားရှိဖို့ပါပဲ။ Conerstone Content ဆိုတာက ကိုယ်ပြောချင်တဲ့အရာ ကိုယ်ပေးတဲ့ ဝဆောင်မှု ကိုယ့်အကြောင်းစတာတွေကို တစ်နေရာထဲကနေသွားကြည့်လို့ရမယ့် ဝင်ပေါက်တစ်ခုပါပဲ။( ဥပမာ ကိုယ်က Website တစ်ခုရှိတယ်ဆိုလျင် ကိုယ့် website ထဲမှာ ကိုယ့် ကုန်ပစ္စည်းအကြောင်းတွေပါမယ်။ ဝန်ဆောင်မှုတွေအကြောင်းတွေပါမယ်။ ကိုယ့်အကြောင်းတွေပါမယ်။ ကိုယ့် Site ကို အမြဲဝင်ကြည့်နေကြသူတွေကတော့ ဘယ်နေရာသွားကြည့်ရမယ်ဆိုတာသိပေမယ့် ခုမှ ကြည့်မယ့်သူတွေကတော့ ဘယ်ကသွားရမယ်မှန်းသိမှာမဟုတ်တဲ့အတွက် ဒါတွေအားလုံးကို တစ်နေရာကနေသွားလို့ရမယ့် သွားကြည့်လို့ရမယ့်နေရာကို Cornerstone Content လို့ခေါ်ပါတယ်)

 

ကိုယ့်ရဲ့ image ကိုယ့်အပေါ် impression ရဖို့ ဒီနေရာက အရမ်းအရေးကြီးပါတယ်။အထက်မှာရေးသားခဲ့တာတွေကတော့ SEO အတွက် အကြမ်းမျဉ်းရေးသားထားတာတွေပဲဖြစ်ပါတယ်။သင့်အနေနဲ့ ယနေ့ Digital ခေတ် ကြီးမှာ ထို အချင်းအရာ တွေသိထားတာ တကယ့်ကို အကျိုးရှိမှာပါ သာယာတဲ့ နေ့လေးပိုင်ဆိုင်ကြပါစေ။

 

 

 

Read times
Rate this item
(0 votes)