-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင်ယူနိုင်မှုစွမ်းအားနှင့်-မှတ်ဥာဏ်စွမ်းအားအမြန်-တိုးတက်လာအောင်လေ့ကျင့်နိုင်မည့်နည်းလမ်းများ

သင်ယူနိုင်မှုစွမ်းအားနှင့်-မှတ်ဥာဏ်စွမ်းအားအမြန်-တိုးတက်လာအောင်လေ့ကျင့်နိုင်မည့်နည်းလမ်းများ google.com

သင်ဟာသင့်ရဲ့ အပြင်ပိုင်းရုပ်သွင်လှပအောင်၊ကြွက်သားတွေတောင့်တင်းခိုင်မာမှုရှိအောင် gym  သွားပြီး ကစားခြင်း၊ပင်ပန်းခံနိုင်မှုစွမ်းရည်များ မြင့်တက်အောင်

ခြေလျင်ခရီးထွက်ခြင်းနှင့် အခြားသောလေ့ကျင့်ခန်း များကို ပြုလုပ်ကြမှာပါ။

ဒါဆိုခန္ဓာကိုယ်တစ်ခုလုံးမှာ အရေးကြီးဆုံး အစိတ်အပိုင်းဖြစ်ပြီး အချိန်တိုင်းအလုပ်လုပ်နေရတဲ့ ဦးနှောက်ကို

အနားပေးဖို့နဲ့ လေ့ကျင့်ခန်းလုပ်ဖို့မလိုအပ်ဘူးလား။

အမှန်တော့ဒါဟာ အလွန်အရေးကြီးပြီး မဖြစ်မနေလုပ်ရမယ့်လုပ်ငန်းဆောင်တာတစ်ခုပါ။

တစ်ခါတစ်ရံ မိမိအတွက်အရေးကြီး ပုဂ္ဂိုလ်များနှင့် တွေဆုံစဉ် မိတ်ဆက်သည့်အခါ သူ့ရဲ့ မျက်နှာကို မှတ်မိသော်လည်း နာမည်ကိုစဉ်းစားမရသည့် ကသိကအောက်အခြေအနေမျိုးနဲ့ ကြုံဖူးမှာပါ။

ဒီလိုအချိန်မျိုးတွေကို ကင်းဝေးပြီး သင်ယူချင်သည်များကို အလျှင်အမြန်လိုက်ပါသင်ယူနိုင်အောင် ရိုးရှင်းသည့်လေ့ကျင့်ခန်းများကို ဖော်ပြပေးထားပါတယ်။

လူအချို့ဟာ ဦးနှောက်လေ့ကျင့်ခန်းဟုပြောလျှင်(crossword puzzles) စကားလုံးပဟေဋ္ဌိကို မြင်တတ်ကြပါတယ်။

ဒီလိုကစားခြင်းဟာ ပျော်စရာ ကောင်းပါတယ်။သို့သော်ဥာဏ်ရည်ထက်မြက်ဖို့ အတွက်တော့မလုံလောက်ဘူးနော်။

 

၁။မိမိရဲ့မှတ်ဥာဏ်ကိုအလုပ်လုပ်ပါစေ။အသုံးမပြုတောတဲ့ ဓါးတစ်ချောင်းကိုပစ်ထားလျှင် သံချေးတက်နိုင်ပါတယ်။ ဦးနှောက်ဟာလည်းထိုနည်းတူပါပဲ။

။သင့်ရဲ့ ဦးနောက်လုပ်ဆောင်ချက်များကောင်းမွန်အောင် အင်တာနက်မှလည်း အထောက်အပံ့များ ရနိုင်ပါတယ်။ (Brain HQ) ကဲ့သို့website မှဦးနှောက်လေ့ကျင့်ခန်းများကို ပြုလုပ်ကြည့်ပါ

ထူးခြားသည့် ရလဒ်များကိုသိမြင်ခံစားရမှာပါ။

၃။တစ်စုံတစ်ခုကို မတူညီသည့်ပုံစံဖြစ့် ထပ်တလဲလဲပြုလုပ်ကြည့်ပါ။ ထိုသို့ပြုလုပ်ခြင်းဖြင့် သင့်ရဲ့ဦးနှောက်မှာရှိတဲ့ပတ်လမ်းကြောင်းအသစ်က သင်ယူနိုင်စွမ်းကို ပိုမိုမြန်ဆန်စေမှာပါ။

။တစ်ခုခုကို အမြဲသင်ယူနေပါ။ အကသင်ယူခြင်း၊တူရိယာများ တီးခတ်တတ်အောင် သင်ယူခြင်း၊ ဘာသာစကားတစ်ခုကို သင်ယူခြင်းအားဖြင့် ဦးနှောက်ကို စကားလုံးသစ်များ၊ အတွေးအခေါ်သစ်များ ရရှိအောင်လေ့ကျင့်နိုင်ပါသည်။

။ကိုယ်ချစ်ခင်ရသူများနှင့်လည်း အချိန်ကုန်ဆုံးပါချစ်ခင်ရသူများနှင့် စကားပြောခြင်းဟာသင့်ရဲ့ အတွေးတွေကို ရှင်းလင်းပြတ်သားစေသည့်အပြင် ခံစားချက်တွေကိုလည်းကောင်းမွန်စေပါတယ်။

၆။ငါး၊အသီး၊အသီးအရွက်များကို စားသုံးခြင်းဟာ ဦးနှောက်ကိုကောင်းမွန်စေတာကို အားလုံးသိပီးသားပါ။

အဲ့ဒါတွေအပြင် အနက်ရောင်ချောကလတ်ကို စားသုံးခြင်းဖြင့် ဦးနှောက်လုပ်ဆောင်ချက်တွေကို ပိုမိုမြှင့်တင်ပေးနိုင်သည့် dopamine ကိုထုတ်ပေးနိုင်သည်။

Source;lifehack

 

Read times
Rate this item
(4 votes)