-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကြော်ငြာစောင့်ကြည့်သူများက Brew Dog ၏ ALCOHOL-FREE ဘီယာ ကြော်ငြာတစ်ခု အားပိတ်ပင်

ကြော်ငြာစောင့်ကြည့်သူများက Brew Dog ၏ ALCOHOL-FREE ဘီယာ ကြော်ငြာတစ်ခု အားပိတ်ပင် google



 



 

ဒေါ်လာ ၁ သောင်းအကုန်အကျခံထားသော အဖြူရောင်ဗလာ ကြော်ငြာ Billboard ကြီး

 




 



 




 

<<<Unicode>>>

 

မူလတန်းကျောင်းတစ်ခု ၏ အပြင်ဘက်တွင်  Brewdog အမှတ်တံဆိပ် မှ ထုတ်လုပ်ထားသော မူးယစ်စေနိုင်သော Alcohol မပါသည့် Punk AF ဘီယာ ကြော်ငြာတွင် "SOBER AS A MOTHERFU” ဆိုသည့်စာသားကို တွေ့ပြီးနောက် မူလတန်းကျောင်းသားမိဘများမှ ကြော်ငြာ စောင့်ကြည့်သူတို့အား တိုင်ကြားခဲ့သည်။

Brewdog မှတာဝန်ရှိသူက အောက်တိုဘာ ၂၁ ရက်မှစပြီး ၄၄ ပတ်ကျော် ကြာကြေငြာမည့် ထိုကြော်ငြာ နှင့်ပတ်သက်၍ "ထိုအရာသည် ထွေထွေထူးထူးကိစ္စတစ်ခုတော့မဟုတ်ပါဘူး ကလေးတွေကြားမှာ အမြင်မသင့်တော်တဲ့ ကိစ္စလည်း မဟုတ်ပါဘူး " လို့ ပြောကြားခဲ့ပါတယ်။

 

UKBillboards မှ အဘိဓာန်တွင် 'motherf * cker' ဟူသောစကားလုံးအား ရိုင်းပြသောစကားလုံးဟု သတ်မှတ်ထားသည်။

ကြော်ငြာအဖွဲ့က ထိုကြော်ငြာစာသားသည် ၎င်းတို့၏ ထုတ်ကုန်ကိုမြှင့်တင်ရန် စပ်လျဉ်းကြောင်းပြောကြားခဲ့သည်။


သို့သော် ASA မှ ထိုကြော်ငြာအပေါ် တိုင်ကြားမှုစာပေါင်း၂၆ စောင် ကိုလက်ခံရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

တိုင်ကြားသူတစ် ဦး က ထိုကြော်ငြာကို မူလတန်းကျောင်းပြင်ပတွင် တွေ့တာနဲ့ချက်ချင်းတိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။


ကြော်ငြာတွင်လူမှုရေးတာဝန် ထိခိုက်မှုနှင့် ပြစ်မှုဆိုင်ရာစည်းမျဉ်းနှစ်ခုကို ဖောက်ဖျက်ကြောင်းတွေ့ရှိရသည်။

 

ကြော်ငြာစောင့်ကြည့်သူများကInstagram မှ Vape ထုတ်ကုန် အရောင်းမြှင့်တင်ခြင်းအား ပိတ်ပင်

 

ASA မှ Brewdog ၏ Punk AF ကြော်ငြာကို“ ယခုလို ပုံစံဖြင့်နောက်တစ်ကြိမ် ထပ်မံပေါ်မလာရ” ဟုသတိပေးပြောကြားခဲ့သည်။

ဒါပထမဆုံးအကြိမ်တော့မဟုတ်ပါ။
၂၀၁၃ ခုနှစ်တွင်လည်း ASA သည် BrewDog ဝက်ဘ်ဆိုက်၌ ပုံမှန်မဟုတ်သောကြေညာချက်နှင့် ပတ်သက်၍ တိုင်ကြားချက်တစ်ခုရရှိခဲ့သည်။

 

တိုက်ဆိုင်စွာဖြင့် Brewdog ကဘီယာပွဲတော်ကိုလာမည့်နှစ်တွင်ကျင်းပရန်စီစဉ်ထားကြောင်းကြေငြာခဲ့သည်။

၂၀၂၀၊ ဇန်နဝါရီလ ၁၁ ရက်တွင်ကျင်းပမည့်ပွဲတော်တွင်“ ဆွေးနွေးပွဲများ၊ မြည်းစမ်းခြင်းအစီအစဉ်များနှင့် ဘီယာ AF ဘီယာများ ထုတ်လုပ်သူများနှင့်တွေ့ဆုံရန်အခွင့်အလမ်းတစ်ခုဖြစ်လိမ့်မည်” ဟု brewer ၏ သတင်း ဝက်ဘ်ဆိုက်မှာဖော်ပြထားပါတယ်။

ထိုပွဲတော်ကြီးတွင် Mikkeller၊ Lucky Saint၊ Thornbridge၊ Big Drop နှင့် Nirvana စသည့် ဘီယာစက်ရုံများပါ ပါဝင်မှာဖြစ်ပါတယ်။

 

Ref; the drinks business

Myanmar Advertising Directory 

Read times
Rate this item
(0 votes)