-->
×

Warning

JUser: :_load: Unable to load user with ID: 29


မြန်မာ့လုပ်ငန်းရှင်ဆု ဘယ်သူရမလဲ?

မြန်မာ့လုပ်ငန်းရှင်ဆု ဘယ်သူရမလဲ? google.com

မြန်မာ့လုပ်ငန်းရှင်များ ဆုပေးပွဲကို JobNet.com.mm က ဦးဆောင်ပြီး လာမယ့် နိုင်ဝင်ဘာ ၃၀ ရက်နေ့မှာ ပြုလုပ်မှာဖြစ်တယ်။

လျှောက်ထားတဲ့ ကုမ္ပဏီတွေထဲက အကောင်းတကာ့ အကောင်းဆုံး ကုမ္ပဏီတွေကို ရွေးချယ်ပြီး

လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာဆုတွေ ပေးအပ်မှာ ဖြစ်လို့ ဘယ်သူတွေ ဆုရကြမလဲ ဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

မြန်မာ့လုပ်ငန်းရှင်ဆုပေးပွဲ 2018 အတွက် လျှောက်လွှာတွေကို ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့ကတည်းက စတင်လက်ခံခဲ့ပြီး

လာမယ့် သြဂုတ်လ ၂၃ ရက်နေ့အထိ တင်သွင်းနိုင်မှာ ဖြစ်ကြောင်း မြန်မာ့လုပ်ငန်းရှင်ဆုပေးပွဲ ကော်မတီဆီက သိရပါတယ်။

လက်ရှိမှာ ပါဝင်ရှင်ပြိုင်တဲ့ လျှောက်လွှာပေါင်း ၂၀၀ ကျော်ခန့်အထိ ရရှိထားပြီး ဖြစ်ပါတယ်။

JobNet.com.mm ရဲ့ အမှုဆောင်အရာရှိချုပ် Mr.Justin Sway က "မြန်မာ့လုပ်ငန်းရှင် ဆုပေးပွဲကို

မြန်မာနိုင်ငံမှာ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု အလေ့အထကောင်းတွေ ရှင်သန်ဖွံ့ဖြိုးလာစေရေးအတွက် ရည်ရွယ်ပြီး ပြုလုပ်တာဖြစ်တယ်" လို့ ပြောပါတယ်။

ပါဝင်တဲ့ ဆုအမျိုးအစားတွေကတော့ လူကြိုက်အများဆုံးဆု၊ လူမှုအကျိုးပြုလုပ်ငန်းများ စွမ်းဆောင်နိုင်မှုဆု၊

တစ်နှစ်တာအထူးချွန်ဆုံးအသေးစားနှင့် အလတ်စား လုပ်ငန်းဆု အပါအဝင် ဆုပေါင်း ရှစ်ဆု ပေးအပ်မှာ ဖြစ်ပါတယ်။

မြန်မာ့လုပ်ငန်းရှင်ဆုပေးပွဲကို 2017 ကစတင်ပြီး ပထမဦးဆုံးအကြိမ် ကျင်းပခဲ့ကာ ကုမ္ပဏီပေါင်း ၂၅၀ အထိ ဝင်ရောက်ယှဉ်ပြိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

2017 မြန်မာ့လုပ်ငန်းရှင်ရွေးချယ်ပွဲမှာ ဆုရတဲ့ ကုမ္ပဏီတွေကတော့ ရိုးမဘဏ်လီမီတက်၊

Unilever Myanmar,MPT,Ooredoo Myanmar,Telenor,Heineken,Grand Royal အပါအဝင် အခြားပြည်တွင်းပြည်ပလုပ်ငန်းတွေ ပါဝင်ပါတယ်။

JobNet.com.mm ရဲ့ အုပ်ချုပ်မှု ဒါရိုက်တာ Matt De Luca က "မြန်မာ့လုပ်ငန်းရှင်ဆုပေးပွဲဟာ

ပြည်တွင်းက လုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းခွင်ဝန်းကျင်၊ လုပ်ငန်းခွင်ယဉ်ကျေးမှုစတာတွေ အပါအဝင်

လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ အကောင်းဆုံး အလေ့အထတွေ ထွက်ပေါ်လာအောင်

အားစိုက်ဆောင်ရွက်နေမှုနဲ့ အောင်မြင်မှုတွေကို အသိအမှတ်ပြုပေးနိုင်ဖို့အတွက် ရည်ရွယ်ပြုလုပ်တာ ဖြစ်တယ်"လို့ ဆိုပါတယ်။

Recommended for you-သင်လဲ အောင်မြင်နိုင်ပါတယ်!

Source; ကုမုဒြာဂျာနယ်

Read times
Rate this item
(1 Vote)