Myanmar Research Association ရဲ့ ဒုတိယ အကြိမမြောက် Annual General Meeting ကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ နှစ်ရက် နေ့ မှာ နေ့လည် ၁ နာရီမှ ညနေ ၄ နာရီ ထိ Zoom မိတင်ဖြင့် ကျင်းပ ခဲ့ပါသည်။
ဖွင့်ပွဲအခန်းအနားကို ငွေကြေး စီမံခန့်ခွဲရေး ဝန်ကြီး ဦးရဲမင်းဦးမှ မိန့်ခွန်းအမှာစကားပြောကြားပြီးပွဲအစီအစဉ်ကို စတင်ခဲ့ပါတယ်။
ထို့နောက် MRA မှ ဥက္ကဌ ဖြစ်သူ ဦးကျော်လှိုင် မှအဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။ထို့နောက် အာရှ ပစိဖိတ်ဒေသရှိစျေးကွက် မားကတ် အကြောင်းကို Apac ရဲ့ ambassador ဖြစ်သူ Mr . John Smurthwaite မှ Landscape တင်ဆက်ခဲ့ပါတယ်။
ကိုဗစ်ကြောင့် စျေးကွက် ထိခိုက်ရတဲ့ အပေါ် Ms . Marita Schimpl က ဆွေးနွေးပြောကြားခဲ့ပါတယ်။ပြီးနောက် MRA ရဲ့ Annual Report ကို Grand Valley Consulting မှ U Kyaw Soe Moe မှ ပြသခဲ့ပါတယ်။
Panel Discussion ကိုတော့ Market Research နယ်ပယ်မှ Moderator အဖြစ် MMRD မှ Chairman ဖြစ်သူ ဦးမိုးကျော်မှ ပါဝင်ပြီး Panelist တွေ အဖြစ် Myanmar Resources Network မှ MD ဖြစ်သူ ဦး သူရိန်ငြိမ်း ၊
Min Myanmar Research မှ MD ဦးအောင်မင်း ၊ Nielsen MMRD မှ Director ဒေါ်စံပယ်အောင် ၊ Hamsa Hub မှ MD ဦး သုတအောင် နှင့် MSR မှ Sr. Executive Advisor ဖြစ်သူ ဦး ဆန်းထွန်းအောင် မှ ပါဝင်ထားပါတယ်။
ပြီးနောက် ပရိသတ်နဲ့ အမေးအဖြေ အချိန် ပေးဖြေကြားခဲ့ပြီး ပွဲအခန်းအနားကို ဦးအောင်မင်းမှ အပိတ်အမှာစကားပြောကြားကာ အခန်းအနား ပြီးဆုံးခဲ့ပါတယ်။
Myanmar Advertising Directory