-->
×

Warning

JUser: :_load: Unable to load user with ID: 29


လုပ်ငန်းပြိုင်ဘက်တွေကို အကောင်းဆုံးယှဉ်ပြိုင်နိုင်မယ့် အချက် (၈)ချက်

လုပ်ငန်းပြိုင်ဘက်တွေကို အကောင်းဆုံးယှဉ်ပြိုင်နိုင်မယ့် အချက် (၈)ချက် Google

လုပ်ငန်းလုပ်ကိုင်နေတဲ့ သူတိုင်းမှာ ပြိုင်ဘက်ဆိုတာရှိကြပါတယ်။ စီးပွားရေးလုပ်ကိုင်နေတဲ့ သူတစ်ယောက်က ဒါကိုကြောက်နေလို့တော့ မရပါဘူး။

ပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်တဲ့အခါမှာ ကိုယ့်ရဲ့ Strategy တွေ၊ Customer service တွေ ဘယ်လောက်ကောင်းမွန်တယ်ဆိုတာ အပေါ်မူတည်ပြီး ရလဒ်တွေကလည်း တူညီမှာမဟုတ်ပါဘူး။ အောက်မှာတော့ ပြိုင်ဘက်တွေကို အကောင်းဆုံး ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ရမလဲဆိုတဲ့ Strategy တွေကို ဖော်ပြပေးလိုက်ပါတယ်။


၁။ ကိုယ့်ပြိုင်ဘက်ကို သိခြင်း

လုပ်ငန်းတစ်ခုအတွက် ပထမဆုံးနဲ့အရေးပါဆုံးကတော့ ကိုယ့်ပြိုင်ဘက်တွေက ဘယ်သူလဲဆိုတာ ရှင်းရှင်းလင်းလင်း ခွဲခြားသတ်မှတ်ဖို့ဖြစ်ပါတယ်။ ပြိုင်ဘက်ဆိုတာက ကိုယ်ရဲ့ Product တွေကို ပုံစံတူ၊ အမျိုးအစားတူ ဝန်ဆောင်မှု ပေးတဲ့သူတွေကိုပြောတာပါ။ ကိုယ့်ရဲ့ ဖောက်သည်တွေက ဘယ်သူတွေလဲ၊ သူတို့က ဘာတွေလိုချင်တယ် ဆိုတာကို မသိဘဲနဲ့ သူများနဲ့သွားယှဉ်ပြိုင်လို့မရပါဘူး။ ကိုယ့်ရဲ့ Product/Service တွေကို ဘယ်လို Customers တွေက ဝယ်ယူအသုံးပြုတယ် ဆိုတာသိထားခြင်းအားဖြင့် သူတို့ရဲ့လိုအပ်ချက်တွေနဲ့သင့်တော်တဲ့ ဝန်ဆောင်မှုတွေ၊ Product တွေကို ထုတ်ပေးနိုင်မှာပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ကိုယ့်ရဲ့ကုန်ပစ္စည်းတွေက Customers တွေပိုပြီး ဆွဲဆောင်မှုရှိလာနိုင်မယ်ဖြစ်ပါတယ်။


၂။ ပြိုင်ဘက်တွေနဲ့ ကိုယ့်ကုန်ပစ္စည်း/ ဝန်ဆောင်မှုရဲ့ ကွာခြားချက်ကို ဖြော်ပခြင်း

ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းအတွက် ယှဉ်ပြိုင်မှုကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ကိုယ့်ရဲ့မတူညီချက်၊ ကွဲပြားခြားနားချက်ကို သုံးနိုင်ပါတယ်။ Market Research (ဈေးကွက်သုတေသန) လုပ်ပြီး ကိုယ်နဲ့ကိုယ့်ရဲ့ပြိုင်ဘက်တွေကြားထဲတွင် ဘာတွေကွာခြားချက်တွေရှိတယ် ဆိုတာကိုသိအောင်လုပ်ရပါမယ်။ ကိုယ့်ရဲ့ Product တွေက Quality ပိုကောင်းတာလား၊ ကိုယ့်ရဲ့ Product တွေက ဈေးပိုချိုတာလား၊ ကိုယ့်က After Sale Services တွေပိုကောင်းတာလား၊ ကိုယ်က အာမခံချက်တွေ ပိုပေးနိုင်တာလား စတဲ့ဟာတွေကို ပိုပြီးသိအောင်နားလည်အောင်ကြိုးစားရပါမယ်။ သိပြီဆိုတာနဲ့ အဲ့ဒီ ကွာခြားချက်ကို သိသာထင်ရှားအောင် Marketing Campaign တွေ မီးမောင်းထိုးပြရပါမယ်။


၃။ ထိရောက်သော Branding ပြုလုပ်ခြင်း

Branding ကိုထိရောက်စွာ ပြုလုပ်နိုင်ပါက အပြိုင်အဆိုင်ဈေးကွက်များမှာ ကိုယ်က အသာစီးရထားနိုင်ပါတယ်။ Branding လုပ်ခြင်းက ကိုယ်ရဲ့ Company ကဘာဆိုတာရယ်၊ ဘာ Product/ Service တွေ ရနိုင်တယ်၊ ကိုယ့်ရဲ့ ဘယ်ပစ္စည်းကတော့ ဘယ်လောက်ကောင်းတယ်ဆိုတာကို ဖောက်သည်တစ်ယောက်ကို ချက်ချင်းလက်ငင်း မျက်လုံးထဲတွင် မြင်သွားတာ၊ ရင်ထဲစွဲသွားစေနိုင်အောင်လုပ်တာပါ။ ဈေးကွက်ထဲမှာ Company ပေါင်းများစွာက ပုံစံတူ Product တွေနဲ့ ဝန်ဆောင်မှုတွေကိုပဲ ပေးနေတော့ Customer တွေက ကြာလာတော့ ရိုးအီသွားတတ်ပါတယ်။ ရှိပြီးသား Customer တွေသာမက Customer အသစ်တွေကပါ လာပြီးအားပေးဖို့ ဆိုတာက ကိုယ်ရဲ့ Branding က သူများနဲ့ မတူတမူထူးခြားနေရမှာပါ။


၎။ ဈေးကွက် အသစ်ရှာဖွေခြင်း

အခုလက်ရှိ Market က အရမ်းကို ကျဉ်းကြပ်လာပြီး၊ ပြိုင်ဆိုင်မှုတွေ အရမ်းကို များလာပြီဆိုရင် ဈေးကွက် အသစ်ရှာဖွေသင့်ပါတယ်။ စီးပွားရေးပြိုင်ဆိုင်မှုတွေမှာ ဒါကလည်း အရေးကြီးတဲ့ Strategy တစ်ခုပါ။ ကိုယ်ရဲ့ Product က အရင်က အသက်၄၀ကျော်လူလတ်ပိုင်းတွေ အတွက်ထုတ်တာဆိုရင် အခုချိန်မှာ အခြားအသက်အရွယ်အုပ်စုတွေကိုလည်း စမ်းသပ်ကြည့်သင့်ပါတယ်။ ဈေးကွက်နေရာတစ်ခုရပြီးသား ကုန်ပစ္စည်းက ဈေးကွက်အသစ်မှာ ဖောက်ဖို့က ခက်ခက်ခဲခဲကြီးမဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ Company က ဈေးကွက် အသစ်အတွက် အသင့်ဖြစ်နေပြီလား ဆိုတာကို ပထမဆုံး သေချာအောင် အရင်လုပ်ပါ။

သင့်လုပ်ငန်းအမျိုးအစားလိုက် သင့်တော်တဲ့နေရာရွေးချယ်နိုင်ဖို့်ဆိုရင်
၅။ အရည်အသွေးမတူသော ကုန်ပစ္စည်း အသစ်ထပ်မံထုတ်လုပ်ခြင်း

ဈေးကွက်ထဲမှာ နောက်ထပ်ပြိုင်ဆိုင်တဲ့ နည်းလမ်းကတော့ ကိုယ့်လက်ရှိထုတ်နေတဲ့ ကုန်ပစ္စည်းနဲ့ အရေအသွေးမတူတဲ့ ကုန်ပစ္စည်းတစ်မျိုးထပ်မံထုတ်လုပ်ခြင်းပါ။ ဥပမာ - Loi Hein ကုမ္ပဏီကနေ Alpine သောက်ရေသန့် ထုတ်နေရာကနေ၊ ထုတ်ပိုးမှု အရည်အသွေးပိုင်း နည်းနည်းလျှော့ထားပြီး ဈေးသက်သာတဲ့ Life သောက်ရေသန့်ကို ထပ်ထုတ်လိုက်ပါတယ်။ ဒီတော့ ဈေးကွက်ထဲမှာ အရည်အသွေးမြင့်ပိုင်းရော၊ အနိမ့်ပိုင်းမှာပါ ပြိုင်ဘက်တွေကို ကောင်းကောင်းယှဉ်နိုင်ပါတယ်။


၆။ လက်တွေ့ကျသော Discount လျှော့ဈေးတွေ

လုပ်ငန်းတူ ပြိုင်ဘက်တွေထက်သာအောင် လုပ်နိုင်သော Business Strategy တစ်ခုကတော့ Customer တွေကို Discount ( အထူးလျှော့ဈေး ) ပေးတာ ဖြစ်ပါတယ်။ Potential Customer (အလားအလာရှိသော ဖောက်သည်) ကို ဈေးလျှော့ပေးခြင်းအားဖြင့် ကိုယ့်ဖောက်သည်တွေရဲ့ သစ္စာရှိမှုကို ရရှိသည့်အပြင် Customer အသစ်တွေပါ တိုးလာနိုင်ပြီး လုပ်ငန်းရဲ့ ဂုဏ်သတင်းများ တက်လာစေနိုင်ပါတယ်။ ဒါပေမဲ့ ဈေးနှုန်းတစ်ခုတည်းအပေါ်မှာ မှုတည်ပြီး ပြိုင်ဘက်ကို ရေကုန်ရေခမ်း လိုက်ပြိုင်တာက မကောင်းပါဘူး။ Discount တွေ ပေးလွန်းပြန်ရင်လည်း Customer တွေက သံသယ ဖြစ်လာတတ်ပါတယ်။


၇။ ရှိပြီးသားဖောက်သည်တွေကို ထိန်းထားခြင်း

ပြိုင်ဘက်တွေထက် သာနေဖို့ဆိုရင် ရှိပြီးသား Customer တွေကို ထိန်းထားနိုင်ဖို့ကလည်း အရေးကြီးပါတယ်။ ဈေးကွက်အသစ်တွေ၊ Customer အသစ်တွေရဖို့ဆိုတာကလည်း အရေးကြီးသလို ကိုယ်ရဲ့ Product တွေကို အမြဲဝယ်ယူအားပေးနေတဲ့ Customer တွေကလည်း မရှိမဖြစ်ပါဘဲ။ ကိုယ့်ရဲ့ ရှိပြီးသားဖောက်သည်တွေကို ဆက်လက်ထိန်းသိမ်းနိင်ဖို့ရန်အတွက် အကောင်းဆုံး ဝန်ဆောင်မှုတွေ၊ Discount တွေပေးနိုင်အောင် ကြိုးစားရပါမယ်။


၈။ Excellent Customer Service

ကိုယ်ရဲ့ပြိုင်ဘက်နဲ့ကိုယ့်ရဲ့ Product Quality တွေလည်းတူတယ်၊ ဈေးနှုန်းတွေလည်းတူတယ် Marketing လုပ်နေတာလည်း တူနေတယ် သူမသာ ကိုယ်မသာ ဖြစ်နေတယ်ဆိုပါက သူထက် ကိုယ်ပိုကောင်းအောင် လုပ်နိုင်တာ တစ်ခု ကျန်နေပါသေးတယ်။ အဲဒါကတော့ Customer Service ပါဘဲ။ အမြဲတမ်း Customer တွေကို ဝန်ဆောင်မှု အကောင်းဆုံးပေးနိုင်ဖို့ ကြိုးစားရပါမယ်။ မေးခွန်းမေးလာလျှင် အတက်နိုင်ဆုံး အမြန်ဆုံး ဖြေပေးနိုင်ဖို့ကြိုးစားရပါမယ်။ Customer တွေရဲ့ စောဒက တက်မှုတွေကို ကောင်းကောင်းဖြေရှင်းပေးနိုင်တာတွေ လုပ်သင့်ပါတယ်။


ကိုယ့်ရဲ့ လုပ်ငန်းကြီးထွား ရှင်သန်ဖို့ ဆိုတာက ကိုယ်ရဲ့ပြိုင်ဘက်တွေထက် နှာတဖျား သာနေမှ ဖြစ်မှာပါ။ သေးသေးကြီးကြီးရတဲ့ အားသာချက်တွေကို အကောင်းဆုံး အသုံးချနိုင်ဖို့ အရေးကြီးပါတယ်။ အထက်ပါဖော်ပြခဲ့တဲ့ Strategics တွေကို အသုံးပြုပြီး ပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်ဖို့ ကြိုးစားသင့်ပါတယ်။ အချိန်ပေးဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။


Source; Matthew Zaw
Myanmar Advertising Directory

 

Read times
Rate this item
(1 Vote)