-->
×

Warning

JUser: :_load: Unable to load user with ID: 29


၂၀၁၉-၂၀၂၀ ဝင်​ငွေနှစ်အတွက် ဝင်​ငွေ​ကြေညာလွှာတင်သွင်းရန် နှိုးဆော်စာ ထုတ်ပြန်

၂၀၁၉-၂၀၂၀ ဝင်​ငွေနှစ်အတွက် ဝင်​ငွေ​ကြေညာလွှာတင်သွင်းရန် ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ထုတ်ပြန်ထားပါသည်။ 

​သေချာစွာဖတ်ရှုပြီး မပျက်မကွက်လိုက်နာ​ဆောင်ရွက်ကြဖို့ လိုအပ်မည် ဖြစ်ပါသည်။

ဝင်​ငွေနှစ်အတွင်း လုပ်ငန်းရှိသည်ဖြစ်​စေ၊ မရှိသည်ဖြစ်​စေ ဝင်​ငွေ​ကြေညာလွှာကို မပျက်မကွက်တင်​ပေးဖို့ လိုအပ်မည်ဖြစ်ပြီး  ပျက်ကွက်ပါက ဒဏ်​ငွေ အနည်းဆုံးကျပ်တစ်သိန်းဟု အပိုဒ်(၆)တွင် ဖော်ပြထားပါသည်။ 


စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

ဝင်ငွေခွန်ကြေညာလွှာ/ လစာနှစ်ချုပ်စာရင်း/ နှစ်ချုပ်ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ တင်သွင်းရန် နှိုးဆော်ခြင်း

၁။ ဝင်ငွေနှစ်၊ ရောင်းရငွေ/ရငွေ ရရှိသောနှစ်။

ကြေညာလွှာပြုစုတင်သွင်းရမည့် ဝင်ငွေနှစ်၊ ရောင်းရငွေ၊ ရငွေ ရရှိသောနှစ် (စာရင်းပြုစုရမည့်ကာလ) သတ်မှတ်ချက်မှာ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ အထိ ဖြစ်ပါသည်။ 

ကြေညာလွှာလက်ခံမည့်ရုံးများ။ 

လက်ရှိအခွန်ထမ်းဖြစ်ပါက
ဆိုင်ရာအခွန်စီမံခန့်ခွဲမှုကို ဆောင်ရွက်နေသောရုံးတွင် တင်သွင်းရန်ဖြစ်ပြီး၊ 

အခွန်ထမ်းသစ် ကုမ္ပဏီဖြစ်ပါက 

  • နိုင်ငံခြား ကုမ္ပဏီကို အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး(၂)တွင်လည်းကောင်း၊ 

  • ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ မြန်မာကုမ္ပဏီဖြစ်ပါက အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး(၄)တွင်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပြည်ထောင် စုနယ်မြေအတွင်းရှိ မြန်မာကုမ္ပဏီဖြစ်ပါက အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၅)တွင်လည်းကောင်း၊

  •  ကျန်တိုင်းဒေသကြီး/ပြည်နယ်ရှိ မြန်မာကုမ္ပဏီဖြစ်ပါက ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများတွင်လည်းကောင်း၊ တစ်ဦးချင်းအခွန်ထမ်းဖြစ်ပါက ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများတွင်လည်းကောင်း တင်သွင်းရန်ဖြစ်ပါသည်။ 

၃။ တင်သွင်းနိုင်သည့်နည်းလမ်း။

အောက်ပါနည်းလမ်း (၃)မျိုးဖြင့် တင်သွင်းနိုင်ပါသည်

(က) လူကိုယ်တိုင် ပေးပို့တင်သွင်းခြင်း၊ လူကိုယ်တိုင်ပေးပို့ခြင်းဖြစ်ပါက လက်ခံဖြတ်ပိုင်းတွင် ဦးစီးဌာနက တံဆိပ်ရိုက်နှိပ် ဖော်ပြသည့်နေ့တွင် တင်သွင်းသည်ဟုမှတ်ယူမည် ဖြစ်ပါသည်။  

(ခ) စာတိုက်မှပေးပို့ခြင်း။ စာတိုက်မှပေးပို့ခြင်းဖြစ်ပါက ပေးပို့သည့်စာတိုက် တံဆိပ်ပါရက်စွဲတွင် တင်သွင်းသည်ဟု မှတ်ယူမည် ဖြစ်ပါသည်။

 (ဂ) အီလက်ထရောနစ်နည်းဖြင့်ပေးပို့ခြင်း။ အီလက်ထရောနစ်နည်းဖြင့် ပေးပို့ခြင်းဖြစ်ပါက ဦးစီးဌာနက အီလက်ထရောနစ်နည်းဖြင့် လက်ခံရရှိသည့်နေ့ တွင်တင်သွင်းသည်ဟု မှတ်ယူမည် ဖြစ်ပါသည်။ ယင်းနေ့သည် အများပြည်သူ ရုံးပိတ်ရက်တွင် ကျရောက်လျှင် ယင်းနေ့နှင့်နောက်တစ်ဆက်တည်းဖြစ်သော အများပြည်သူရုံးဖွင့် ရက်တွင် လက်ခံရရှိသည်ဟု မှတ်ယူမည် ဖြစ်ပါသည်။ 

၄။ ကြေညာလွှာဖြည့်စွက်ခြင်း။

 အောက်ပါအတိုင်းလိုက်နာရန်လိုအပ်ပါသည်

(က) ပြည်တွင်းအခွန်များဦးစီးဌာနမှ သတ်မှတ်ထားသည့် သက်ဆိုင်ရာပုံစံများကို အသုံးပြုရမည်ဖြစ်ပါသည်။ 

(ခ) အခွန်ထမ်းသည် အခွန်ကြေညာလွှာများ၏ မှန်ကန်တိကျမှုနှင့် ပြည့်စုံမှုကို တာဝန်ခံရမည်ဖြစ်ပါသဖြင့် သတ်မှတ်ကြေညာလွှာပုံစံများကို ပြည့်စုံစွာ ဖြည့်စွက်ရန် လိုအပ်ပါသည်။ 

(ဂ) ကြေညာလွှာပုံစံတွင် အခွန်ထမ်းကိုယ်တိုင် လက်မှတ်ရေးထိုး တင်သွင်းရမည်ဖြစ်ပါသည်။ 

အခွန်ကြေညာလွှာ သို့မဟုတ် အခွန်ကြေညာလွှာ၏ တစ်စိတ် တစ်ပိုင်းကို အခကြေးငွေရယူ၍ ပြင်ဆင်ပေးခြင်းဖြစ်ပါက ပြင်ဆင်ပေးသည့် ပုဂ္ဂိုလ်ကလည်း ကြေညာလွှာတွင် ပူးတွဲလက်မှတ် ရေးထိုးရန်လိုအပ်ပါသည်။ 

၅။ တင်သွင်းရမည့်နောက်ဆုံးရက်။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့ (အင်္ဂါနေ့) ဖြစ်ပါသည်။

 (မှတ်ချက်။ သက်ဆိုင်ရာဥပဒေများအရ ကြေညာလွှာတင်သွင်းရမည့် နောက်ဆုံးနေ့ဖြစ်သော ၃၁-၁၂-၂၀၂၀ ရက်နေ့မှ ၄-၁-၂၀၂၁ ရက်နေ့အထိ (၅) ရက်သည် အများပြည်သူရုံးပိတ်ရက်များ ဖြစ်နေခြင်းကြောင့် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှု ဥပဒေ ပုဒ်မ ၁၉၊ ပုဒ်မခွဲ (က)အရ ၄-၁-၂၀၂၁နေ့နှင့် တစ်ဆက်တည်းဖြစ်သော အများပြည်သူရုံးဖွင့်ရက်ဖြစ်သည့် ၅-၁-၂၀၂၁ ရက်နေ့ (အင်္ဂါနေ့)ကို သတ်မှတ်ခြင်း

ဖြစ်ပါသည်။) 

၆။ ဒဏ်ကြေးငွေ။

အခွန်ကြေညာလွှာများကို အချိန်မီတင်သွင်းရန် ပျက်ကွက်ပါက

အောက်ပါဒဏ်ကြေးငွေနှစ်ရပ်အနက်မှ များရာဒဏ်ကြေးငွေကို ပေးဆောင်ရမည် ဖြစ်ပါသည်

(က) ပေးဆောင်ရမည့် အခွန်ပမာဏ၏ ၅ ရာခိုင်နှုန်းအပြင် တင်သွင်းရန် သတ်မှတ်ထားသည့်နေ့မှ ညွှန်ကြားရေးမှူးချုပ်က စည်းကြပ်မှုပြုလုပ်သည့် အချိန်ကာလအထိ ကြေညာလွှာတင်သွင်းရန် ဆက်လက်ပျက်ကွက်နေသည့် တစ်လချင်းစီအတွက် သို့မဟုတ် တစ်လ၏ အစိတ်အပိုင်းအတွက် ပေးဆောင်ရမည့် အခွန်ပမာဏ၏ ၁ ရာခိုင်နှုန်း၊

(ခ) ငွေကျပ်တစ်သိန်း။ 

၇။ အခွန်ထမ်း၏အခွင့်အရေး။ 

အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် သတ်မှတ်ကာလအတွင်း ကြေညာလွှာကို အချိန်မီတင်သွင်းရန် အခက်အခဲရှိပါက အခွန်ကြေညာလွှာတင်သွင်းရမည့် သတ်မှတ်ရက်ကို တိုးမြှင့်ပေးရန် သက်ဆိုင်ရာအခွန်ရုံးသို့  ကြိုတင်လျှောက်ထားနိုင်ပါသည်။

၈။   စုံစမ်းရန်။   

မရှင်းလင်းသည့် အချက်များကို သက်ဆိုင်ရာရုံးများနှင့် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပြီး အခြားလိုအပ်ချက်များရှိပါက အောက်ဖော်ပြပါ ဝန်ဆောင်မှုရုံးများကိုလည်း ဆက်သွယ်ဆောင်ရွက်နိုင်ပါသည် -

(က)အခွန်ထမ်းဝန်ဆောင်မှုဗဟိုအဖွဲ့ရုံး 

အမှတ်၊ ၅၉/၆၁၊ မြေညီထပ်၊ 

ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ 

ဖုန်းနံပါတ်- ၀၁-၈၃၈၉၃၁၁၊ ၀၁-၈၃၈၉၃၂၂

(ခ)အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (နေပြည်တော်) 

ရုံးအမှတ် (၄၆)၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ 

ဖုန်းနံပါတ်- ၀၆၇-၃၄၃၀၅၂၂ ၊ ၀၆၇-၃၄၃၀၅၃၃

(ဂ)အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (ရန်ကုန်) 

အမှတ် ၅၉/၆၁ ၊ ပထမထပ်၊ 

ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ 

ဖုန်းနံပါတ်-၀၁-၃၇၈၃၇၀၊ ၀၁-၃၇၈၃၇၂

(ဃ) အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (မန္တလေး)

 ၆၅ လမ်း ၊ ၂၂ x ၂၃ လမ်းကြား၊ 

ဖုန်းနံပါတ် - ၀၂-၄၀၃၀၁၉၂

ပြည်တွင်းအခွန်များဦးစီးဌာန

 

Myanmar Advertising Guide 

Read times
Rate this item
(0 votes)