-->
×

Warning

JUser: :_load: Unable to load user with ID: 29


ပျင်းရိခြင်းက တီထွင်ဆန်းသစ်ဥာဏ်များတိုးပွားစေသည့်အချက် ၃ ချက်

ပျင်းရိခြင်းက တီထွင်ဆန်းသစ်ဥာဏ်များတိုးပွားစေသည့်အချက် ၃ ချက် Google

လတ်တလော သုတေသနတွေ့ရှိချက်တွေအရ ပျင်းရိခြင်းက သင့်အတွက် အကောင်းဆုံး တီထွင်ဆန်းသစ်မှု အရင်းအမြစ်ဆိုယုံပါသလား။ လူတိုင်းကတော့ ပျင်းရိတတ်တဲ့အလေ့အကျင့်က

ကျရှုံးမှုရဲ့အစလို့ဆိုကြပါတယ်။ ဒါပေမယ့် ပျင်းရိခြင်းက တီထွင်နိုင်မှုစွမ်းအားတွေကို တိုးပွားစေတဲ့ အချက် ၃ ချက်ကို Myanmar Advertising Directory မှ တင်ပြပေးလိုက်ပါတယ်။

၁။ သင့်ရဲ့အတွေးအမြင်ကို ကျယ်ပြန့်စေပါတယ်။

သုတေသနတွေ့ရှိချက်အရ ပျင်းရိသူအများစုဟာ ၎င်းတို့ ပျင်းရိနေချိန်မှာ စိတ်ထဲတွင် တစ်ခုမဟုတ်တစ်ခု တွေးတောနေတတ်ပါတယ်။ ထိုသို့ စတင်တွေးတောခြင်းမှ အစပြုကာ တီထွင်နိုင်စွမ်းတွေ တိုးမြင့်လာကာ သာမန်လူနှင့်မတူ အတွေးအမြင်များ ဆန်းသစ်နေပါလိမ့်မယ်။

၂။ ထုံထိုင်းမှိုင်းနေခြင်းက ဦးနှောက်ကို ပိုမိုဆန်းသစ်စေပါတယ်။

ဦးနှောက် (သို့) စိတ်ထုံထိုင်းမှိုင်းနေခြင်းက ဦးနှောက်ကို ပိုမိုအနားပေးစေတာဖြစ်တာကြောင့် တကယ်စဉ်းစားလုပ်ကိုင်တဲ့အခါမှာ ဦးနှောက်က အားအင်ပြည့်နေပြီးတော့ ပိုမိုတွေးတောနိုင်တယ်ဟု တွေ့ရှိထားပါတယ်။

၃။ ဦးနှောက်ထဲတွင် ဘလာဖြစ်နေခြင်းက စဉ်းစားတွေးခေါ်ရာတွင် ပိုမိုထိရောက်စေပါတယ်။

ပျင်းရိသူတွေရဲ့ ဦးနှောက်ထဲမှာ သူတို့ဘယ်ဟာကိုမှ တည်တည်ကျကျလေးလေးနက်နက်မတွေးတာ အိပ်မက်ဆန်ဆန် စီးမြောနေလေ့ရှိပါတယ်။ ထိုသို့တွေးတောနေရာကနေအရေးကြီးကိစ္စတစ်ခုကို မဖြစ်မနေ လုပ်ဆောင်ရမယ်ဆိုပါက ဦးနှောက်အပိုင်းမှာ မလိုအပ်တဲ့ စဉ်းစားခန်းတွေကို အလွယ်တကူ ဖြတ်နိုင်ကာ အဓိကကိုဘဲ သာမန်လူထက် အာရုံစိုက်နိုင်ကြောင်း တွေ့ရှိရပါတယ်။

Source: Inc. Southeast Asia

Read times
Rate this item
(3 votes)