-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဘီလ်ံနာဆိုတာ ဂဏန္းေပါင္းစက္နဲ႔ တြက္ခ်က္မႈ သက္သက္ပါဆိုတဲ႔ ဂၽြန္ေကာ္လစ္ဆင္

ဘီလ်ံနာဆိုတာ ဂဏန္းေပါင္းစက္နဲ႔ တြက္ခ်က္မႈ သက္သက္ပါဆိုတဲ႔ ဂၽြန္ေကာ္လစ္ဆင္ google.com

ဂြ်န္ေကာ္လစ္ဆင္ဟာ ကမၻာ႔သက္ငယ္ဆံုး ကိုယ္ထူးကိုယ္ခြ်န္ဘီလ်ံနာတစ္ေယာက္ျဖစ္ေပမဲ့ သူ႔ဂုဏ္သတင္း အတြက္ သူေက်နပ္ေပ်ာ္ရႊင္ေနျခင္းမရွိပါဘူး။ အသက္ ၂၇ ႏွစ္သာရွိေသးတဲ့ သူဟာ တျခားအခ်ိန္ေတြမွာ အင္မတန္ ကိုယ့္ကိုယ္ကိုယံုၾကည္မႈရွိၿပီး စကားေျပာသိပ္ေကာင္းသူတစ္ေယာက္ျဖစ္ပါတယ္။ ဒါေပမဲ့ သူဘယ္ေလာက္ခ်မ္းသာသလဲလို႔ ေမးလိုက္ရင္ေတာ့ သူ႕ပံုစံကကသိကေအာက္ျဖစ္သြားေလ့ရွိပါတယ္။ လူေတြက ဒီေမးခြန္းကိုပဲခဏ ခဏေမးၾကတယ္၊ သူတို႔က စိတ္ဝင္စား စရာအေျဖတစ္ခုခု လိုခ်င္ၾကတယ္ ထင္တယ္။

 

ဒါေပမဲ့ ကြ်န္ေတာ့္မွာ သူတို႔အတြက္စိတ္ဝင္စားစရာအေျဖ တစ္ခုမွ မရွိဘူးလို႔ သူကဆိုပါတယ္။ ဂြ်န္ဟာ အေမရိကန္အေျခစိုက္ ေဆာ့ဖ္ဝဲစီးပြားေရးလုပ္ငန္းတစ္ခုကို ပူးတြဲထူေထာင္သူျဖစ္ပါတယ္။ သူ႕လုပ္ငန္းကို လူအမ်ားစုက မၾကားဖူးပါဘူး။ နာမည္က Stripe ပါ။သူဟာ ဆန္ဖရန္စစၥကိုအေျခစိုက္ ကုမၼဏီကို သူ႕အစ္ကို ပက္ထရစ္ (၂၉ ႏွစ္)နဲ႔အတူထူေထာင္ခဲ့ပါတယ္။ ပက္ထရစ္ဟာလည္း ကမၻာ႔တတိယအသက္ငယ္ဆံုး ဘီလ်ံနာပါ။ (သူတို႔ညီအစ္ကို ၾကားထဲမွာကမၻာ႔ဒုတိယအသက္ငယ္ဆံုး ဘီလ်ံနာအျဖစ္ ဆိုရွယ္မီဒီယာလုပ္ငန္း စနက္ခ်က္ကို ပူးတြဲထူေထာင္သူ အီဗန္စပီးဂ်ဲလ္ (၂၇ ႏွစ္)က ရပ္တည္ေနပါတယ္။)

၂၀၁၁ ခုနွစ္မွာ ထူေထာင္ခဲ့တဲ့ Stripe လုပ္ငန္းကို လူသိနည္းရတာက သူဟာဝယ္ယူသူေတြအတြက္ ဘာပစၥည္းမွမေရာင္းခ်လို႔ပါပဲ။ သည္လုပ္ငန္းက တစ္ကမၻာလံုးကကုမၼဏီေတြ အြန္လိုင္း ေငြေပးေငြယူ လုပ္ေဆာင္ဖို႔နဲ႔  ဝက္ဘ္ဆို္က္ေတြ ထူေထာင္ဖို႔အတြက္ လြယ္ကူေအာင္ ေဆာ့ဖ္ဝဲစနစ္ေတြထုတ္ေပးေနပါတယ္။

တစ္ကမၻာလံုးမွာ သံုးစြဲသူ ၁၀ဝ,ဝ၀ဝ ေက်ာ္ရွိၿပီး ကုမၼဏီရဲ႕တန္ဖိုးဟာ မႏွစ္က ေဒၚလာ ၉.၂ ဘီလ်ံ ျဖစ္လာခဲ့ ပါတယ္။ သေဘာက ဂြ်န္နဲ႔ပက္ထရစ္ ညီအစ္ကိုဟာ တစ္ေယာက္ကို ေဒၚလာ ၁.၁ ဘီလ်ံပိုင္ဆိုင္ေၾကာင္း ဖို႔ဘ္စ္ မဂၢဇင္းကဆိုပါတယ္။

ဆယ္ေက်ာ္သက္ ဘဝကတည္းက ကြန္ပ်ဴတာပရိုဂရမ္မာေတြျဖစ္တဲ့ ဂြ်န္နဲ႔ ပက္ထရစ္တို႔ဟာ အိုင္ယာလန္ အေနာက္ပိုင္း တစ္ပါရာရီေဒသကရြာငယ္တစ္ခုမွာႀကီးျပင္းခဲ့ပါတယ္။ လင္မာရစ္ၿမိဳ႕မွာ အထက္တန္း ေအာင္ၿပီးေနာက္ သူတို႔တက္ဖို႔ေရြးခ်ယ္တဲ့ တကၠသိုလ္ေတြက သူတို႔ဘဝရဲ႕ရည္မွန္းခ်က္ကိုေဖာ္ျပေနပါတယ္။ သူတို႔က အိုင္ယာလန္ ဒါမွမဟုတ္ ယူေကက ေကာလိပ္တစ္ခုခုကို စိတ္မဝင္စားဘဲ အေမရိကန္ ထိပ္တန္းေက်ာင္းေတြကိုမွတက္ဖို႔ ဆံုးျဖတ္ခဲ့ပါတယ္။

Read-သင္ဘယ္ႏွစ္ႀကိမ္ ျငင္းပယ္ခံခဲ႔ရဘူးပါသလဲ?

အေမရိကန္မွာ မိသားစုအဆက္အသြယ္မရွိေပမဲ့ အစ္ကိုျဖစ္သူ ပက္ထရစ္ဟာ ဂုဏ္သတင္းႀကီးတဲ့ ကိန္းဘရစ္က မက္ဆာခ်ဴးဆက္ နည္းပညာတကၠသိုလ္မွာ သခ်ၤာေက်ာင္းသားအျဖစ္ ၂၀ဝ၇ ခုႏွစ္မွာ တက္ေရာက္ခြင့္ရပါတယ္။ ေနာက္ႏွစ္ႏွစ္ၾကာၿပီးေနာက္ ဂြ်န္ဟာလည္း အလားတူဂုဏ္သတင္းႀကီးတဲ့ ဟားဗတ္တကၠသိုလ္မွာတက္ေရာက္ခြင့္ရပါတယ္။ ဒါေပမဲ့ ဂြ်န္တစ္ေယာက္ ဟားဗတ္မွာ မတက္ခင္ကတည္းက သူတို႔ညီအစ္ ကိုရဲ႕ပထမဆံုး စီးပြားေရးလုပ္ငန္းတစ္ခု ေၾကာင့္ သူတို႔က မီလ်ံနာေတြျဖစ္ေနၾကပါၿပီ။ Auctomatic လို႔ အမည္ေပးထားတဲ့ ေဆာ့ဖ္ဝဲလုပ္ငန္းဟာ အီးေဘးဝက္ဘ္ဆိုက္ေပၚမွာ ေရာင္းခ်သူေတြ ေငြေပးေငြယူ အလြယ္တကူလုပ္တဲ့ေဆာ့ဖ္ဝဲ လုပ္ငန္းျဖစ္ပါတယ္။ ထိုလုပ္ငန္းကိုသူတို႔က ၂၀ဝ၈ ခုနွစ္မွာ ေဒၚလာငါးသန္းနဲ႔ေရာင္းခ်ခဲ့ပါတယ္။

ထို႔ေနာက္ ညီအစ္ကိုႏွစ္ေယာက္ဟာ Stripeကို စတင္လုပ္ကိုင္ခဲ့ၿပီး ဟားဗတ္မွာ ဂြ်န္စတက္ခ်ိန္မွာ အ ရွိန္ရစျပဳလာပါတယ္။ မၾကာခင္မွာပဲ သူတို႔ဟာတကၠသိုလ္အသီးသီးကေန ထြက္လိုက္ၾကၿပီး Stripeကို ကယ္လီဖိုးနီးယားျပည္နယ္၊ ဆီလီကြန္ဗယ္လီမွာ ထူေထာင္ခဲ့ၾကပါတယ္။ ဂြ်န္က အြန္လိုင္းေပၚမွာ စီးပြားေရးလုပ္တာဘာခက္သလဲလို႔ ခင္ဗ်ားတို႔ စဥ္းစားမိလိမ့္မယ္၊ လူေတြဝယ္ခ်င္မယ့္ပစၥည္းမ်ိဳးကိုဖန္တီးၿပီး အဲဒီပစၥည္းအေၾကာင္းကိုလူေတြသိေအာင္လုပ္၊ ဒါပဲေပါ့၊ ဒါေပမဲ့ အင္တာနက္ေပၚကေန လူေတြဆီက ပိုက္ဆံယူဖို႔က သိပ္ခက္တယ္ဗ်၊ ပက္ထရစ္ကိုကြ်န္ေတာ္ေျပာခဲ့တယ္၊ အဲဒါကေကာဘယ္ေလာက္ခက္မွာလဲ၊ တို႔ေတြစမ္းၾကည့္ သင့္တာပဲလို႔လို႔ ဆိုပါတယ္။

သည္လိုနည္းနဲ႔ သူတို႔ဟာ Stripe ကို အစပ်ိဳးခဲ့ၾကပါတယ္။ Stripe က ေဆာ့ဖ္ဝဲစနစ္တစ္ခုျဖစ္ၿပီး သည္ေဆာ့ဖ္ဝဲစနစ္ကိုသံုးရင္ ကုမၼဏီႀကီးႀကီးေသးေသးမွန္သမွ် ကာစတန္မာေတြဆီက ပိုုက္ဆံေတြကို အလြယ္တကူေကာက္ႏိုင္တယ္၊ သူတို႔ကာစတန္မာေတြရဲ႕ အခ်က္အလက္နဲ႔ တျခားလံုၿခံဳေရး အခ်က္အလက္ေတြကို သူတို႔ဝက္ဘ္ဆိုက္ေတြေပၚမွာလံုၿခံဳစိတ္ခ်စြာသိမ္း ဆည္းထားႏိုင္ပါတယ္။ ၿပိဳင္ဘက္ေတြအမ်ားႀကီးရွိေပမဲ့ Stripe ကို သံုးစြဲသူကအျမန္တိုးတက္လာၿပီး paypal လိုလုပ္ငန္းႀကီးေတြရဲ႕ ပံ့ပိုးေထာက္ခံမႈေတြရရွိလာပါတယ္။

လုပ္ငန္းရဲ႕စီးပြားေရးေမာ္ဒယ္လ္က ရွင္းပါတယ္။ သူ႕ေဆာ့ဖ္ဝဲသံုးၿပီး လုပ္ေဆာင္သမွ်အတြက္ ကာစတန္မာေတြဆီက ပိုက္ဆံေကာက္ပါတယ္။ Stripe က သူ႕ရဲ႕တစ္ႏွစ္တာ အက်ိဳးအျမတ္ကို အေသးစိတ္မေဖာ္ျပေပမဲ့ ကုမၼဏီရဲ႕ တန္ဖိုးက ေဒၚလာ ၉.၂ ဘီလ်ံရွိတာေၾကာင့္ သည္လုပ္ငန္းဟာ အက်ိဳးအျမတ္အလြန္မ်ားတဲ့လုပ္ငန္းျဖစ္တယ္လို႔ ယူဆရပါတယ္။

ဘီလ်ံနာျဖစ္ရတာ ဘယ္လိုမ်ိဳးလဲလို႔ ေမးတဲ့အခါမွာေတာ့ ဂြ်န္က ဘီလ်ံနာဆိုတာ ဂဏန္းေပါင္းစက္နဲ႔ တြက္ခ်က္မႈသက္သက္ပါဗ်ာလို႔ဆိုပါတယ္။ ကြ်န္ေတာ္တို႔က အၿပိဳင္အဆိုင္အရမ္းမ်ားတဲ့ နယ္ပယ္မွာ သိပ္ၿပီးလူႀကိဳက္မ်ားတဲ့ ဝန္ေဆာင္မႈေတြကို ဆက္လက္ထုတ္လုပ္လိမ့္မယ္လို႔ ခန္႔မွန္းၿပီး အဲဒီလို တြက္ခ်က္ေနၾကတာပါ၊ ဒီေတာ့ေကာင္းေတာ့ ေကာင္းပါတယ္၊  ဒါေပမဲ့လုပ္စရာေတြက အမ်ားႀကီး ရွိေသးတာေပါ့လို႔ ဆိုပါတယ္။

Source; Kumudra

(Unicode Version)

ဂျွန်ကော်လစ်ဆင်ဟာ ကမ္ဘာ့သက်ငယ်ဆုံး ကိုယ်ထူးကိုယ်ချွန်ဘီလျံနာတစ်ယောက်ဖြစ်ပေမဲ့ သူ့ဂုဏ်သတင်း အတွက် သူကျေနပ်ပျော်ရွှင်နေခြင်းမရှိပါဘူး။ အသက် ၂၇ နှစ်သာရှိသေးတဲ့ သူဟာ တခြားအချိန်တွေမှာ အင်မတန် ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပြီး စကားပြောသိပ်ကောင်းသူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ သူဘယ်လောက်ချမ်းသာသလဲလို့ မေးလိုက်ရင်တော့ သူ့ပုံစံကကသိကအောက်ဖြစ်သွားလေ့ရှိပါတယ်။ လူတွေက ဒီမေးခွန်းကိုပဲခဏ ခဏမေးကြတယ်၊ သူတို့က စိတ်ဝင်စား စရာအဖြေတစ်ခုခု လိုချင်ကြတယ် ထင်တယ်။
ဒါပေမဲ့ ကျွန်တော့်မှာ သူတို့အတွက်စိတ်ဝင်စားစရာအဖြေ တစ်ခုမှ မရှိဘူးလို့ သူကဆိုပါတယ်။ ဂျွန်ဟာ အမေရိကန်အခြေစိုက် ဆော့ဖ်ဝဲစီးပွားရေးလုပ်ငန်းတစ်ခုကို ပူးတွဲထူထောင်သူဖြစ်ပါတယ်။ သူ့လုပ်ငန်းကို လူအများစုက မကြားဖူးပါဘူး။ နာမည်က Stripe ပါ။သူဟာ ဆန်ဖရန်စစ္စကိုအခြေစိုက် ကုမ္မဏီကို သူ့အစ်ကို ပက်ထရစ် (၂၉ နှစ်)နဲ့အတူထူထောင်ခဲ့ပါတယ်။ ပက်ထရစ်ဟာလည်း ကမ္ဘာ့တတိယအသက်ငယ်ဆုံး ဘီလျံနာပါ။ (သူတို့ညီအစ်ကို ကြားထဲမှာကမ္ဘာ့ဒုတိယအသက်ငယ်ဆုံး ဘီလျံနာအဖြစ် ဆိုရှယ်မီဒီယာလုပ်ငန်း စနက်ချက်ကို ပူးတွဲထူထောင်သူ အီဗန်စပီးဂျဲလ် (၂၇ နှစ်)က ရပ်တည်နေပါတယ်။)
၂၀၁၁ ခုနှစ်မှာ ထူထောင်ခဲ့တဲ့ Stripe လုပ်ငန်းကို လူသိနည်းရတာက သူဟာဝယ်ယူသူတွေအတွက် ဘာပစ္စည်းမှမရောင်းချလို့ပါပဲ။ သည်လုပ်ငန်းက တစ်ကမ္ဘာလုံးကကုမ္မဏီတွေ အွန်လိုင်း ငွေပေးငွေယူ လုပ်ဆောင်ဖို့နဲ့ ဝက်ဘ်ဆို်က်တွေ ထူထောင်ဖို့အတွက် လွယ်ကူအောင် ဆော့ဖ်ဝဲစနစ်တွေထုတ်ပေးနေပါတယ်။
တစ်ကမ္ဘာလုံးမှာ သုံးစွဲသူ ၁၀ဝ,ဝဝဝ ကျော်ရှိပြီး ကုမ္မဏီရဲ့တန်ဖိုးဟာ မနှစ်က ဒေါ်လာ ၉.၂ ဘီလျံ ဖြစ်လာခဲ့ ပါတယ်။ သဘောက ဂျွန်နဲ့ပက်ထရစ် ညီအစ်ကိုဟာ တစ်ယောက်ကို ဒေါ်လာ ၁.၁ ဘီလျံပိုင်ဆိုင်ကြောင်း ဖို့ဘ်စ် မဂ္ဂဇင်းကဆိုပါတယ်။
ဆယ်ကျော်သက် ဘဝကတည်းက ကွန်ပျူတာပရိုဂရမ်မာတွေဖြစ်တဲ့ ဂျွန်နဲ့ ပက်ထရစ်တို့ဟာ အိုင်ယာလန် အနောက်ပိုင်း တစ်ပါရာရီဒေသကရွာငယ်တစ်ခုမှာကြီးပြင်းခဲ့ပါတယ်။ လင်မာရစ်မြို့မှာ အထက်တန်း အောင်ပြီးနောက် သူတို့တက်ဖို့ရွေးချယ်တဲ့ တက္ကသိုလ်တွေက သူတို့ဘဝရဲ့ရည်မှန်းချက်ကိုဖော်ပြနေပါတယ်။ သူတို့က အိုင်ယာလန် ဒါမှမဟုတ် ယူကေက ကောလိပ်တစ်ခုခုကို စိတ်မဝင်စားဘဲ အမေရိကန် ထိပ်တန်းကျောင်းတွေကိုမှတက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အမေရိကန်မှာ မိသားစုအဆက်အသွယ်မရှိပေမဲ့ အစ်ကိုဖြစ်သူ ပက်ထရစ်ဟာ ဂုဏ်သတင်းကြီးတဲ့ ကိန်းဘရစ်က မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်မှာ သချင်္ာကျောင်းသားအဖြစ် ၂၀ဝ၇ ခုနှစ်မှာ တက်ရောက်ခွင့်ရပါတယ်။ နောက်နှစ်နှစ်ကြာပြီးနောက် ဂျွန်ဟာလည်း အလားတူဂုဏ်သတင်းကြီးတဲ့ ဟားဗတ်တက္ကသိုလ်မှာတက်ရောက်ခွင့်ရပါတယ်။ ဒါပေမဲ့ ဂျွန်တစ်ယောက် ဟားဗတ်မှာ မတက်ခင်ကတည်းက သူတို့ညီအစ် ကိုရဲ့ပထမဆုံး စီးပွားရေးလုပ်ငန်းတစ်ခု ကြောင့် သူတို့က မီလျံနာတွေဖြစ်နေကြပါပြီ။ Auctomatic လို့ အမည်ပေးထားတဲ့ ဆော့ဖ်ဝဲလုပ်ငန်းဟာ အီးဘေးဝက်ဘ်ဆိုက်ပေါ်မှာ ရောင်းချသူတွေ ငွေပေးငွေယူ အလွယ်တကူလုပ်တဲ့ဆော့ဖ်ဝဲ လုပ်ငန်းဖြစ်ပါတယ်။ ထိုလုပ်ငန်းကိုသူတို့က ၂၀ဝ၈ ခုနှစ်မှာ ဒေါ်လာငါးသန်းနဲ့ရောင်းချခဲ့ပါတယ်။
ထို့နောက် ညီအစ်ကိုနှစ်ယောက်ဟာ Stripeကို စတင်လုပ်ကိုင်ခဲ့ပြီး ဟားဗတ်မှာ ဂျွန်စတက်ချိန်မှာ အ ရှိန်ရစပြုလာပါတယ်။ မကြာခင်မှာပဲ သူတို့ဟာတက္ကသိုလ်အသီးသီးကနေ ထွက်လိုက်ကြပြီး Stripeကို ကယ်လီဖိုးနီးယားပြည်နယ်၊ ဆီလီကွန်ဗယ်လီမှာ ထူထောင်ခဲ့ကြပါတယ်။ ဂျွန်က အွန်လိုင်းပေါ်မှာ စီးပွားရေးလုပ်တာဘာခက်သလဲလို့ ခင်ဗျားတို့ စဉ်းစားမိလိမ့်မယ်၊ လူတွေဝယ်ချင်မယ့်ပစ္စည်းမျိုးကိုဖန်တီးပြီး အဲဒီပစ္စည်းအကြောင်းကိုလူတွေသိအောင်လုပ်၊ ဒါပဲပေါ့၊ ဒါပေမဲ့ အင်တာနက်ပေါ်ကနေ လူတွေဆီက ပိုက်ဆံယူဖို့က သိပ်ခက်တယ်ဗျ၊ ပက်ထရစ်ကိုကျွန်တော်ပြောခဲ့တယ်၊ အဲဒါကကောဘယ်လောက်ခက်မှာလဲ၊ တို့တွေစမ်းကြည့် သင့်တာပဲလို့လို့ ဆိုပါတယ်။
သည်လိုနည်းနဲ့ သူတို့ဟာ Stripe ကို အစပျိုးခဲ့ကြပါတယ်။ Stripe က ဆော့ဖ်ဝဲစနစ်တစ်ခုဖြစ်ပြီး သည်ဆော့ဖ်ဝဲစနစ်ကိုသုံးရင် ကုမ္မဏီကြီးကြီးသေးသေးမှန်သမျှ ကာစတန်မာတွေဆီက ပိုုက်ဆံတွေကို အလွယ်တကူကောက်နိုင်တယ်၊ သူတို့ကာစတန်မာတွေရဲ့ အချက်အလက်နဲ့ တခြားလုံခြုံရေး အချက်အလက်တွေကို သူတို့ဝက်ဘ်ဆိုက်တွေပေါ်မှာလုံခြံုစိတ်ချစွာသိမ်း ဆည်းထားနိုင်ပါတယ်။ ပြိုင်ဘက်တွေအများကြီးရှိပေမဲ့ Stripe ကို သုံးစွဲသူကအမြန်တိုးတက်လာပြီး paypal လိုလုပ်ငန်းကြီးတွေရဲ့ ပံ့ပိုးထောက်ခံမှုတွေရရှိလာပါတယ်။
လုပ်ငန်းရဲ့စီးပွားရေးမော်ဒယ်လ်က ရှင်းပါတယ်။ သူ့ဆော့ဖ်ဝဲသုံးပြီး လုပ်ဆောင်သမျှအတွက် ကာစတန်မာတွေဆီက ပိုက်ဆံကောက်ပါတယ်။ Stripe က သူ့ရဲ့တစ်နှစ်တာ အကျိုးအမြတ်ကို အသေးစိတ်မဖော်ပြပေမဲ့ ကုမ္မဏီရဲ့ တန်ဖိုးက ဒေါ်လာ ၉.၂ ဘီလျံရှိတာကြောင့် သည်လုပ်ငန်းဟာ အကျိုးအမြတ်အလွန်များတဲ့လုပ်ငန်းဖြစ်တယ်လို့ ယူဆရပါတယ်။
ဘီလျံနာဖြစ်ရတာ ဘယ်လိုမျိုးလဲလို့ မေးတဲ့အခါမှာတော့ ဂျွန်က ဘီလျံနာဆိုတာ ဂဏန်းပေါင်းစက်နဲ့ တွက်ချက်မှုသက်သက်ပါဗျာလို့ဆိုပါတယ်။ ကျွန်တော်တို့က အပြိုင်အဆိုင်အရမ်းများတဲ့ နယ်ပယ်မှာ သိပ်ပြီးလူကြိုက်များတဲ့ ဝန်ဆောင်မှုတွေကို ဆက်လက်ထုတ်လုပ်လိမ့်မယ်လို့ ခန့်မှန်းပြီး အဲဒီလို တွက်ချက်နေကြတာပါ၊ ဒီတော့ကောင်းတော့ ကောင်းပါတယ်၊ ဒါပေမဲ့လုပ်စရာတွေက အများကြီး ရှိသေးတာပေါ့လို့ ဆိုပါတယ်။
Source; Kumudra

Read times
Rate this item
(1 Vote)