၂၀၁၉ ခုနှစ် Burger King ထုတ်ကုန် Whopper ၏ကြော်ငြာအားလုံး မှာ လျို့ဝှက် ထားတဲ့ အရာ လေးတစ်ခုရှိပါတယ်။
အဲ့ဒီ့ မှာ လျို့ဝှက် ထားတဲ့ အရာ လေးကို Burger King က Video လေးနဲ့ အားလုံးအံံ့သြသွားအောင် ထုတ်ပြလိုက်ပါတယ်။
လုံးဝကို ထင်မှတ်မထားလောက်အောင် တော်တော်လေးအံ့သြဖို့ ကောင်းပါတယ်။
အဲ့ဒီ့အရာလေးက ဘာလဲ ဆိုတော့ ~~~~
ပြိုင်ဖက် McDonald ရဲ့ထုတ်ကုန် Big Mac ကို သူတို့ ထုတ်ကုန် Whopper နောက်မှာ ဝှက်ထားတာ ပဲဖြစ်ပါတယ်...
ယခု မြန်မာနိုင်ငံရဲ့ ခေတ်အစားဆုံး ဈေးရောင်းနည်း
ဘာလို့ အဲ့လို အနောက်မှာ ဝှက်ပြရတာ လဲ ဘာရည်ရွယ်ချက်နဲ့လဲ ~~~~
Burger King ဟာ သူတို့ပြိုင်ဘက်တွေရဲ့ ယှဉ်ပြိုင်မှုနှင့်နှိုင်းယှဉ်
လျှင် သူတို့ကပိုသာကြောင်း ကိုမီးမောင်းထိုးပြနိုင်ရန် ရည်ရွယ်ချက်နဲ့ ဒီဇိုင်းဆွဲ ကြော်ငြာထားတာဖြစ်ပါတယ်။
ဒါဟာ လုံးဝသံသယ ဖြစ်စရာ မရှိပါဘူး
တိတိကျကျပြောရရင် Whopper က၎င်း၏ပြိုင်ဘက်ထက်ပိုကြီးကြောင်းကို စကားနဲ့ မကြွားနေတော့ဘဲ အလုပ်နဲ့ သက်သေ ပြလိုက်တာပဲ ဖြစ်ပါတယ်။
BBH ၏ တီထွင်ဖန်တီးမှုဆိုင်ရာအကြီးအကဲ Ian Heartfield က“ ငါတို့ပြိုင်ဘက်ထုတ်ကုန်တွေကို ၂၀၁၉ ခုနှစ်တစ်လျှောက်လုံး ငါတို့ကိုယ်ပိုင်ကြော်ငြာတွေမှာ ကြော်ငြာနေတာကိုဘယ်သူမှမသိဘဲ လုပ်နိုင်လိုက်တာက ငါတို့လုပ်ခဲ့သမျှထဲမှာပျော်စရာအကောင်းဆုံးစိတ်ကူးပါပဲ။
ဒါကတကယ်တော့ ခေတ်နောက်ကျတဲ့ နှိုင်းယှဉ်မှု ပါ ။ ဒါပေမယ့် အတွေးအခေါ်တစ်ချို့နဲ့ မီဒီယာတွေကြောင့် Up to Date ဖြစ်သွားပါတယ်။" လို့ပြောကြားခဲ့ပါတယ်။
ကဲ အခုပဲ Burger King က ထုတ်ပြလိုက်တဲ့ လျှို့ဝှက်ချက် အဖြေပါတဲ့ Video လေးကို အခုပဲ အားလုံးတူတူကြည့်လိုက်ရအောင်
<<<zawgyi>>>
အဲ့ဒီ့ မှာ လျို့ဝှက် ထားတဲ့ အရာ လေးကို Burger King က Video လေးနဲ့ အားလုံးအံ့သြသွားအောင် ထုတ်ပြလိုက်ပါတယ်။
ကနေဒါကျန်းမာရေးဝန်ကြီး မှ Vape ထုတ်ကုန် ကြော်ငြာများအား ပိတ်ပင်ရန် ကြိုးပမ်း