-->
×

Warning

JUser: :_load: Unable to load user with ID: 29


၂၀၀၈ ခုနှစ် ကမ္ဘာ့ စီးပွားရေး ကျဆင်းမှု့ ကာလ နှင့် ကိုရိုနာရောဂါ ဖြစ်စဉ်ကာလအတွင်း ဘဏ်ဍာရေး သုံးစွဲမှု့နှိုင်းယှဉ်ပုံ

ကြော်ငြာ ရေးရာ ငွေကြေး ရင်းနှီး မြုပ်နှံမှု့ ပိုင်းဆိုင်ရာ ကို Interactive Advertising Bureau ( IAB ) ရဲ့ စစ်တမ်းကောက်ချက်အရ အခု ၄၀၀ ကျော်သော မီဒီယာ များ နှင့် ကုန်ပစ္စည်း အမှတ်တံဆိပ်များ ဟာ ငွေကြေး ဘဏ်ဍာရေး သုံးစွဲ မှု့တွင် ဒီဂျစ်တယ်ကြော်ငြာ များအတွက် ၃၃ ရာခိုင်နှုန်းအောက်ငွေကြေး သုံးစွဲ ထားပြီး သာမန်မိရိုးဖလာ မူလ လက်ဟောင်းကြော်ငြာ နည်းအတွက် ၃၉ ရာခိုင်နှုန်းငွေကြေး အသုံးပြု ထားတယ်သိရပါတယ်။

 

ကြော်ငြာရေးရာ နယ်ပယ်ကတော့ ယခု ကမ္ဘာ့အနှံ အပြားဖြစ်ပွားနေတဲ့ ကိုရိုနာရောဂါကြောင့် ကာလရှည်ကြာ ငွေကြေး အသုံးပြု ခဲ့တဲ့ ကိစ္စရပ်ကို အနည်းဆုံးတော့ ထိခိုက်မှု့တော့ ရှိစေ နိုင်မယ်လို့ IAB မှ ပြောဆိုထားတာတွေ့ရပါတယ်။

( ဥပမာ အားဖြင့်ပြောရသော် အိမ်အပြင်ဘက်ကြော်ငြာပိုင်းဆိုင်ရာ Out Of Home ကြော်ငြာ ရေးရာ ဆိုရင် အတော်လေး နည်းပါးနေပါတယ် )

 

ယခု စစ်တမ်းကောက်ချက်အရ အခု ၄၀၀ ကျော်သော မီဒီယာ များ နှင့် ကုန်ပစ္စည်း အမှတ်တံဆိပ်များရဲ့ ၇၄ ရာခိုင်နှုန်းသော တုံပြန်ချက်အဖြေဟာ ၂၀၀၈ ခုနှစ်က ကမ္ဘာ့စီးပွားရေးကျဆင်းမှု့လောက်မဆိုးရွား ပါဘူးဟုသိရပါတယ်။

 

၁၆ ရာခိုင်နှုန်းကတော့ ၎င်းတို့ အနေနဲ့ တွေးတော နေတဲ့ အပိုင်းမှာ ရှိပါသေးတယ်လို့ သိရပါတယ်။

 

အမေရိကမှာဆိုရင် ၈၀၀၀၀ သောင်းကျော်သော လူတွေဟာ ကိုရိုရာ ရောဂါ စမ်းသပ်တဲ့ အခါမှာ Positive ရှိကြပါတယ်။

 

ကမ္ဘာ ကြီးက လုံးဝ အပြင်အသွားအလာ ပိတ်ချ ထားပေမဲ့ စီးပွားရေး နယ်ပယ်တွေက အပြီးရပ်ထားတာ မဟုတ်ပါဘူး ခေတ္တရပ် ဆိုင်းထားခြင်းသာ ဖြစ်ပါတယ်။

 

မာကတ်တင်းသမားတော်တော်များများ ၆၃ ရာခိုင်နှုန်း ဟာ ယခု မားကတ်ကို မီးစဉ်ကြည့် လည်ပတ်နေပါလိမ့်မယ်။

 

တချို့ ကြတော့ ဒီကမ္ဘာ့ ကပ်ကြီး ပြီးရင်ဆိုတဲ့ ရယ်ရွယ် ချက်နဲ့ မားကတ်တင်း ကိစ္စရေးရာတွေကို ဆက်လက်လုပ်ကိုင်နေတယ်သိရပါတယ်။

 

နည်းပညာရဲ့ ဂရုကြီးတွေဖြစ်တဲ့ Facebook နဲ့ Twitter မှ Demand နည်းပါးတဲ့ Online ကြော်ငြာ တွေကို ဘမ်းပြစ်တယ်သိရပါတယ်။

 

Facebook က ပြောကြားတာကတော့ ဒီအချိန်မှာ ကြော်ငြာ အားက ပိုမိုများပြားလာတယ်သိရပြီး အသုံးပြု သူလူဦးရေ လည်း ပိုမိုပမာဏ တက်လာတယ်သိရပါတယ်။

 

အိမ်ထဲမှာပဲ နေ အပြင်မထွက်ရ နဲ့ လူတွေဟာ အခုချိန်မှာ ကိုရိုနာ ရောဂါနဲ့ ပတ်သက်တဲ့ သတင်းလည်း ဖတ်ရင်း မိဘ၊ ဆွေမျိုး တွေနဲ့ ပြောဖို့ သာမန်ထက် ပို Social Media ကို အသုံးများလာတယ်လို့ ဆိုရပေမည်။

 

ပြောရရင်တော့ ၂၀၀၈ ခုနှစ်မှာ ဆိုရှယ်မီဒီယာပေါ်ကြော်ငြာ ခြင်း က မထွန်းကားသေးပါ ထို့ အတူ စီးပွားရေးက လည်း တကယ့်ကို ယက်ကန် ယက်ကန်နဲ့ ပါပဲ

 

ဒါကြောင့် ယခု ကိုဗစ်ဖြစ်တဲ့ အချိန်မှာ စီးပွားရေး နယ်ပယ်က ခေတ္တ ရပ်ဆိုင်းထားရုံမျှသာဖြစ်ပါတယ်။

 

<<< Zawgyi >>> 

 


-----------------

 


 


 


 


 


 


 


 


 


 


 


 


 


 

Myanmar Advertising Directory 

Read times
Rate this item
(0 votes)