-->
×

Warning

JUser: :_load: Unable to load user with ID: 29


Content Marketing အတွက် အခြေခံကျတဲ့ လိုအပ်ချက်များ

Content Marketing အတွက် အခြေခံကျတဲ့ လိုအပ်ချက်များ google

Content Marketing ဆိုတာ ခေတ်စားလာတဲ့ Marketing တစ်မျိုးဖြစ်ပါတယ်။

သူက ads creative နဲ့ ပုံစံကွဲလွဲတဲ့ ပုံစံတစ်ခုဖြစ်ပြီး Company တစ်ခုက သူတို့အကြောင်း ပိုသိအောင်လို့ ထုတ်ပြန်တဲ့ စိတ်ဝင်စားစရာ သတင်းအချက်အလက်ဖြစ်ပါတယ်။ Content Marketing မှာ စားသုံးသူ စိတ်ဝင်စားမဲ့ သတင်းအချက်အလက်တွေ ပါဝင်မယ်၊ ကုမ္ပဏီက စားသုံးသူအတွက် ဦးစားပေးထားတာတွေ ပါဝင်မှာဖြစ်ပါတယ်။ Content Marketing မှာ အခြေခံကျတဲ့ လိုအပ်ချက် ၂ ခုရှိပါတယ်။ အဲဒါတွေကတော့


၁။ ကိုယ့်ရဲ့ပန်းတိုင်ကို သိပါ

ကိုယ့်ရဲ့ပန်းတိုင်ကို သိချင်ရင်တော့ ကိုယ့်ကိုယ်ကို ပြန်မေးပါ။

- Content Marketing လုပ်တာ ကိုယ့် Brand ကိုလူတွေ သိဖို့လား ။
- ကိုယ်က ဖောက်သည်တွေရဲ့ Email ကို စုချင်တာလား ။
- ရှိတဲ့ ဖောက်သည်တွေနဲ့ အဆက်အသွယ် ရှိနေချင်တာလား ။
- မ၀ယ်တော့တဲ့သူတွေ မ၀ယ်သေးတဲ့သူတွေကို ၀ယ်စေချင်တာလား ။

စတာတွေကို ပြန်မေးရင် ကိုယ်ရဲ့ပန်းတိုင်းက ဘာလဲဆိုတာ တဖြည်းဖြည်း သဘောပေါက် လာပါလိမ့်မယ်။ ကိုယ့်ကိုယ်ကို အမြဲမေးရမှာက ခုလုပ်နေတာတွေက ကိုယ့်လုပ်ငန်းရဲ့ပန်းတိုင်ကို ဘယ်လို အထောက်အကူ ပြုမလဲဆိုတာက အရေးကြီးဆုံးပါ။ အဲဒါမှ ကိုယ့် ပန်းတိုင်ကို အထောက်အကူပြုတဲ့ Content တွေ ထုတ်နိုင်မှာပါ ။

Read More...Printing Advertising ဆိုတာဘာလဲ

 

၂။ ပန်းတိုင်ကို ရောက်ဖို့ ဘယ်လမ်းက သွားမလဲ သိပါ

ပန်းတိုင်သိနေရုံနဲ့ မပြီးပါဘူး။ ဘယ်လမ်းက ဘယ်လို သွားရမလဲ သိဖို့လည်းလိုပါသေးတယ်။ ရန်ကုန်ကနေ မန်းလေးသွားတာ လေယာဉ်နဲ့ ရသလို၊ ကားနဲ့ လည်းရပါတယ်။ ကားနဲ့ဆိုလည်း လမ်းဟောင်းက သွားလို့ရသလို လမ်းသစ်က သွားလို့ရပါတယ်။ ဒီလိုပါပဲ နည်းလမ်းတိုင်းက အချိန်ကုန် ထိရောက်တာချင်းတော့ မတူကြတာသေချာပါတယ်။ ဒါကို သိဖို့အတွက်တော့ ကိုယ့်ဘာသာပြန်မေးရမှာတွေက အောက်က ၃ ချက်ပါ။


-ကိုယ်က ဘယ်သူတွေကို ဖတ်စေချင်တာလဲ

ဖတ်စေချင်တဲ့ သူမတူတော့တာနဲ့ အကြောင်းအရာချင်း တူရင်တောင် အရေးအသားရော တင်ပြပုံရော Photo သုံးပုံတွေရော မတူတော့ပါဘူး။

-သူတို့ကို ဘာတွေ ဖတ်စေချင်တာလဲ

သူတို့ကို ကိုယ့်ကုန်ပစ္စည်းအကြောင်း knowledge ပေးချင်တာလား၊ ဒီကုန်ပစ္စည်းပေါ် မူတည်ပြီး ဘာတွေ သုံးလို့ရလဲ သိချေင်တာလား စသဖြင့် ဖောက်သည်တွေရဲ့ စိတ်ဝင်စားမှုကို နှိုးဆွပေးနိုင်ရပါမယ်။

-ဖတ်ပြီးရင် ဘာကိုရစေချင်တာလဲ

ဖတ်ပြီးတာနဲ့ တံဆိပ်လေးပဲ မှတ်မိစေတာလား . နောက်တခါ ထပ်လာစေချင်သေးတာလား စသဖြင့် ပြန်မေးပါ။ ဘာလုပ်ချင်တာလည်းသိပြီ၊ ဘယ်လိုလုပ်ချင်လည်း စဉ်းစားပြီးပြီဆိုရင်တော့ Content စရေးလို့ရပြီပေါ့။


Source; Atom And Suit

Myanmar Advertising Directory

Read times
Rate this item
(1 Vote)