-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဒီဂျစ်တယ်ကြော်ငြာလက်ကမ်းစာစောင်ပြုလုပ်ခြင်းရဲ့အကျိုးကျေးဇူးများ

ဒီဂျစ်တယ်ကြော်ငြာလက်ကမ်းစာစောင်ပြုလုပ်ခြင်းရဲ့အကျိုးကျေးဇူးများ Google

Promotion တွေ၊ Event တွေ၊ ဆိုင်သစ်ဖွင့်တာတွေ၊ နေရာရွှေ့တာတွေ အတွက် သာမန်ပြုလုပ်နေကြသကဲ့သို့ Pamphlet ကိုပြုလုပ် လမ်း၊ ဈေးများ စသည့်နေရာတွေမှာ မိမိတို့ရဲ့ Pamphlet ကို အချိန်ပေးပြီးလိုက်ဝေရတဲ့ ငြီးငွေ့ဖွယ်အလုပ်တွေကို အပြီးသတ်နှုတ်ဆက်နိုင်ပါပြီ။

အပြင်ဖက်လမ်းတွေပေါ်မှာဝေတဲ့အခါ မိမိတို့ရဲ့လက်ကမ်းစာစောင်တွေကို အမှန်တကယ်စိတ်ဝင်စားမယ့် လူတွေကိုခွဲခြားလို့မရပါဘူး။ Facebook ပေါ်မှာ သင့်စီးပွားရေးကို အမှန်တကယ် စိတ်ဝင်စားတဲ့သူတွေကိုသာ သတ်မှတ်ပြီးကြော်ငြာနိုင်တာကြောင့် ရလာတဲ့ရလဒ်ကတော့ လုံးဝကွဲပြားမယ်ဆိုတာ အာမခံနိုင်ပါတယ်။ ဒါတင်မကသေးပါ အသက်အရွယ်၊ ကျား/မ၊ နေရာဒေသတွေအထိ ပိုင်းခြားသတ်မှတ် ကြော်ငြာနိုင်ပါသေးတယ်။

အဲဒါဆိုဒီဇိုင်းအနေနဲ့ကရော ဆိုတာမျိုးမေးလာနိုင်ပါသေးတယ်။

ဒီဇိုင်းပိုင်းမှာဆိုရင်လဲ ဖတ်ရှူ့သူတွေအနေနဲ့ လူကြီးမင်းတို့ရဲ့အပြင်မှာ အမှန်တကယ် Pamphlet စာရွက်ကို ဖတ်နေရသလိုမျိုး Facebook သုံးရင်း ဖတ်ရှူ့နိုင်မည့်အပြင် အကြောင်းအရာအလိုက် ခွဲခြားတင်ပြပေးထားနိုင်တဲ့အတွက်လည်း ဆွဲဆောင်မှုပိုမိုရှိစေမှာဖြစ်ပါတယ်။

ဈေးနှုန်းကရော သက်သာရဲ့လား။

ဈေးနှုန်းအနေနဲ့ကလည်း အကုန်အကျနည်းပါတယ်။ အပြင်မှာအပ်တဲ့အခါ သူတို့သတ်မှတ်ပေးထားတဲ့ အစောင်အရေအတွက်ကို ယူကြရတာပါ။ ထို့အပြင် ကိုယ်အပ်ထားတဲ့ လက်ကမ်းစာစောင်တွေရဖို့ရက်တွေ၊ အချိန်တွေပေးပြီး စောင့်ရပါတယ်။ ရလာတဲ့အခါကျရင်လည်း စာစောင်တွေကိုခေါက်ရတဲ့ အလုပ်ကပိုလာပါသေးတယ်။ Digital လက်ကမ်းစာစောင်လုပ်တဲ့အခါ ထိုကဲ့သို့အလုပ်မျိုးတွေကို လျော့ချနိုင်တဲ့အပြင် အကုန်အကျအတွက်လည်း မိမိစိတ်ကြိုက် Package ကိုသာ ရွေးချယ်ဝယ်ယူသတ်မှတ်နိုင်တာကြောင့် အပြင်ထက်အများကြီး သက်သာနိုင်ပါတယ်။

ဒါကြောင့် သင့်စီးပွားရေးပိုမိုအောင်မြင်နိုင်ဖို့ Facebook ပေါ်ကနေတစ်ဆင့် လက်ကမ်းစာစောင်တွေကို ဝေကြည့်ကြရအောင်။

Read More>>> ဖေ့ဘွတ်ခ်ပေါ်မှာ Boost လုပ်တဲ့အခါ ရှောင်ရှားရမယ့်အချက်များ

Credit ; T-Work

 

Read times
Rate this item
(1 Vote)