-->
×

Warning

JUser: :_load: Unable to load user with ID: 29


အမ်ဳိးသမီး ပရိသတ္ ပုိမ်ားတဲ့ ဂိမ္းဗီဒီယုိေၾကာ္ျငာ

အမ်ဳိးသမီး ပရိသတ္ ပုိမ်ားတဲ့ ဂိမ္းဗီဒီယုိေၾကာ္ျငာ google

၂၀၁၉ ခုႏွစ္မွာ လူအမ်ားစုဟာ ဂိမ္းမာေတြ ျဖစ္ေနၾကတယ္။

 

တစ္ခ်ိန္တုန္းက ဂိမ္းမာဆုိရင္ ပီစီေရွ႕မွာ ထုိင္ၿပီး ကစားေနတဲ့ ခ်ာတိတ္ေတြလုုိ႔ game console နဲ႔ ဂိမ္းကစားေနတဲ့ ခ်ာတိတ္ေတြလုိ႔  စိတ္ထဲ ျမင္ေယာင္တယ္။ အခုေတာ့ အဲဒီလုိ မဟုတ္ေတာ့ဘူး။

 

စမတ္ဖုန္းေတြနဲ႔ အြန္လုိင္းမွာ အုပ္စုဖြဲ႕ၿပီး ဂိမ္းကစားၾကတဲ့ဓေလ့ ထြန္းကားလာေတာ့ စမတ္ဖုန္း လက္ထဲ ရွိတဲ့သူတုိင္းကုိ ဂိမ္းေတြ ကူးစက္တယ္။

 

အာရွမွာ လူဦးေရ ၁ ဘီလ်ံေက်ာ္ စမတ္ဖုန္းနဲ႔ ဂိမ္းကစားေနၾကတာမွာ အသက္အရြယ္ မ်ဳိးစုံ ပါ၀င္တယ္။ ဒီလုိ ဂိမ္းကစားတဲ့အခ်ိန္မွာ ဆုိရွယ္မီဒီယာနဲ႔ တီဗီကုိ မၾကည့္ၾကဘူး။

 

ေန႔တုိင္း မွန္မွန္ ကစားေပးေနဖုိ႔ လုိအပ္တဲ့ မုိဘုိင္းဂိမ္းမ်ဳိးအတြက္ မပ်က္မကြက္ ကစားၾကတယ္။ ဒီေတာ့ ဆုိရွယ္မီဒီယာနဲ႔ တီဗီမွာ ျပသတဲ့ ေၾကာ္ျငာေတြကုိ မျမင္ႏုိင္ၾကေတာ့ဘူး။ 

 

ဒီေတာ့ တစ္ေန႔တာရဲ႕ ဂိမ္းကစားခ်ိန္မွာ ေၾကာ္ျငာေတြ ျပသႏုိင္ဖုိ္႔ ေၾကာ္ျငာေအဂ်င္စီေတြက မုိဘုိင္းဂိမ္းထဲမွာ ေၾကာ္ျငာဖုိ႔ ႀကိဳးစားလာၾကတယ္။ 

 

ကမၻာ့မုိဘုိင္း ဂိမ္းေဈးကြက္က ၂၀၂၁ ခုႏွစ္မွာ ကန္ေဒၚလာ ၁၇၄ ထရီလီယံအထိ ေရာက္မယ္လုိ႔ NewZoo ရဲ႕ အစီရင္ခံစာမွာ ေဖာ္ျပထားတယ္။ အာရွပစိဖိတ္ေဒသထံမွ ၀င္ေငြ ၄၉ % ၀န္းက်င္ကုိ ရရွိေနတယ္။

 

အေရွ႕ေတာင္အာရွမွာ ၂၀၂၁ ခုႏွစ္က်ရင္ မုိဘုိင္းဂိမ္းမာဦးေရ သန္း ၂၅၀ ေက်ာ္ ရွိမယ္လုိ႔ အဲဒီအစီရင္ခံစာမွာ ေဖာ္ျပထားတယ္။ 

 

‘မုိဘုိင္းဂိမ္းသည္ ဆုိရွယ္မီဒီယာ တစ္ခု’ ဟု ယူဆလာၾကတယ္။ ဆုိရွယ္မီဒီယာမွာ လူေတြ အမ်ားႀကီး ေတြ႕ႏုိင္သည့္နည္းတူ မုိဘုိင္းဂိမ္းမွာလည္း လူေတြ အမ်ားႀကီးကုိ ေတြ႕ရတယ္။ 

 

ဒီအမ်ဳိးအစားမွာ ဘယ္လုိ အသက္အပုိင္းအျခား က်ား/မ ပရိသတ္ေတြ ရွိေနသလဲ။

 

အာရွမွာ မုိးဘုိင္းဂိမ္းမာေတြဟာ အမ်ဳိးသမီး၊ အမ်ဳိးသားမေရြးဘူး။ အသက္ႀကီးငယ္ မေရြးဘူး။ ၀င္ေငြ အနည္းအမ်ား မေရြးဘူး။ ေန႔စဥ္ေန႔တုိင္း ဂိမ္းမွန္မွန္ကစားေနၾကသူေတြမွာ အမ်ဳိးသားေတြထက္ အမ်ဳိးသမီး ဦးေရက ပုိမ်ားတယ္။

 

အခါအားေလ်ာ္စြာ ေရပန္းစားတဲ့ ဂိမ္း လႈိင္းလုံးေတြထဲ ေမ်ာပါသြားၾကတယ္၊ Angry Birds , Candy Crush စတဲ ့ဂိမ္း လႈိင္းလုံးေတြ ကေန တုိက္ခုိက္တဲ့ ဂိမ္းေတြဆီကုိ ကူးေျပာင္းကစားၾကသူေတြ ရွိတယ္။

 

ေဘာလုံးဂိမ္း ၀ါသနာပါသူေတြလည္း ရွိတယ္။ ဒီေတာ့ ကစားတဲ့ ဂိမ္းအမ်ဳိးအစားအရ ေရြးခ်ယ္ ေၾကာ္ျငာလုိ႔ ရေနေစတယ္။

 

ေနာက္တစ္ခ်က္ ဗီဒီယုိေၾကာ္ျငာ ျပလုိ႔ ရတာ ျဖစ္ပါတယ္။ အာရွ ပစိဖိတ္ေဒသမွာ ဂိမ္းကစားသူေတြရဲ႕ ၄၀% က ေၾကာ္ျငာေတြကုိ တားထားၾကတယ္။ မုိဘုိင္းဂိမ္းမွာေတာ့ ေၾကာ္ျငာဗီဒီယုိအတုိကုိ ဆုရဖုိ႔အတြက္္ ၾကည့္ခြင့္ရတယ္။ 

 

ဂိမ္းမာေတြက ဂိမ္းမွာ ေၾကာ္ျငာ ဗီဒီယုိ အတုိ ျပတာကုိ ႀကိဳက္ၾကတယ္။ အဲဒီ ေၾကာ္ျငာဗီဒီယုိကုိ ၾကည့္ေပးၿပီးရင္ ဂိမ္းမွာ ဆု ရတယ္။ ၾကည့္ရင္ ဆုရမယ္။

 

မၾကည့္ဘဲ ပိတ္ပစ္ရင္ ဆုမရဘဲ ေရွ႕ဆက္မယ္ ႏွစ္လုိရာကုိ ေရြးလုိ႔ရေအာင္ လုပ္ေပးထားတယ္။ ဂိမ္းမာရဲ႕ သေဘာက် ေရြးလုိ႔ရတယ္။ အမွတ္ တက္တယ္။

 

ပုိက္ဆံ တက္တယ္။ ပါ၀ါတက္တယ္ စသျဖင့္ တစ္မ်ဳိးမ်ဳိးကို ဆုအျဖစ္ ရၾကတယ္။ ဒီေတာ့ ဂိမ္းမာေတြက ေၾကာ္ျငာျပၿပီး ဆုခ်တဲ့နည္းလမ္းကုိ ေရြးခ်ယ္ၾကေလ့ရွိတယ္။

 

အာရွပစိဖိတ္ေဒသမွာ မုိဘုိင္း ဂိမ္းမာေတြရဲ႕ ၈၂ ရာခုိင္ႏႈန္းက ေၾကာ္ျငာဗိီဒီယုိ ၾကည့္ရင္ ဆုရတဲ့နည္းလမ္းကုိ ေရြးထားၾကတယ္။

 

ဆုရဖုိ႔ ဗီဒီယုိ ပိတ္မပစ္ဘဲ ဖြင့္ထားတာမွာ TapJoy ရဲ႕ သုေတသန ျပဳခ်က္အရ သိၾကရတာက ဂိမ္းမာေတြ ၾကည့္ရတဲ့ ဗီဒီယုိေၾကာ္ျငာကုိ ဂ႐ုမူၿပီး စိတ္၀င္တစား ၾကည့္တဲ့သူ ဦးေရက ၄၁ ရာခုိင္ႏႈန္းရွိတယ္။

 

အထူးသျဖင့္ ဂိမ္းရဲ႕ ပတ္ဝန္းက်င္နဲ႔ အပ္စပ္တဲ့ ေၾကာ္ျငာအေရာင္အေသြးမ်ဳိး၊ ဇာတ္ရုပ္မ်ဳိ္းဆုိ ပုိၾကည့္ျဖစ္ၾကတယ္။

 

အဲဒီလုိ အလားအလာေတြ ရွိေနလုိ႔ Unilever, Coca-Cola နဲ႔ Ford အစရွိတဲ့ brand ေတြက မိုဘုိင္းဂိမ္းမွာ အႀကီးအက်ယ္ ရင္းႏွီးျမႇဳပ္ႏွံမႈ ျပဳေနၾကပါတယ္။

 

<<< Unicode >>>

၂၀၁၉ ခုနှစ်မှာ လူအများစုဟာ ဂိမ်းမာတွေ ဖြစ်နေကြတယ်။

တစ်ချိန်တုန်းက ဂိမ်းမာဆိုရင် ပီစီရှေ့မှာ ထိုင်ပြီး ကစားနေတဲ့ ချာတိတ်တွေလို့ game console နဲ့ ဂိမ်းကစားနေတဲ့ ချာတိတ်တွေလို့ စိတ်ထဲ မြင်ယောင်တယ်။ အခုတော့ အဲဒီလို မဟုတ်တော့ဘူး။

စမတ်ဖုန်းတွေနဲ့ အွန်လိုင်းမှာ အုပ်စုဖွဲ့ပြီး ဂိမ်းကစားကြတဲ့ဓလေ့ ထွန်းကားလာတော့ စမတ်ဖုန်း လက်ထဲ ရှိတဲ့သူတိုင်းကို ဂိမ်းတွေ ကူးစက်တယ်။

အာရှမှာ လူဦးရေ ၁ ဘီလျံကျော် စမတ်ဖုန်းနဲ့ ဂိမ်းကစားနေကြတာမှာ အသက်အရွယ် မျိုးစုံ ပါဝင်တယ်။ ဒီလို ဂိမ်းကစားတဲ့အချိန်မှာ ဆိုရှယ်မီဒီယာနဲ့ တီဗီကို မကြည့်ကြဘူး။

နေ့တိုင်း မှန်မှန် ကစားပေးနေဖို့ လိုအပ်တဲ့ မိုဘိုင်းဂိမ်းမျိုးအတွက် မပျက်မကွက် ကစားကြတယ်။ ဒီတော့ ဆိုရှယ်မီဒီယာနဲ့ တီဗီမှာ ပြသတဲ့ ကြော်ငြာတွေကို မမြင်နိုင်ကြတော့ဘူး။

ဒီတော့ တစ်နေ့တာရဲ့ ဂိမ်းကစားချိန်မှာ ကြော်ငြာတွေ ပြသနိုင်ဖို့် ကြော်ငြာအေဂျင်စီတွေက မိုဘိုင်းဂိမ်းထဲမှာ ကြော်ငြာဖို့ ကြိုးစားလာကြတယ်။

ကမ္ဘာ့မိုဘိုင်း ဂိမ်းဈေးကွက်က ၂၀၂၁ ခုနှစ်မှာ ကန်ဒေါ်လာ ၁၇၄ ထရီလီယံအထိ ရောက်မယ်လို့ NewZoo ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတယ်။ အာရှပစိဖိတ်ဒေသထံမှ ဝင်ငွေ ၄၉ % ဝန်းကျင်ကို ရရှိနေတယ်။

အရှေ့တောင်အာရှမှာ ၂၀၂၁ ခုနှစ်ကျရင် မိုဘိုင်းဂိမ်းမာဦးရေ သန်း ၂၅၀ ကျော် ရှိမယ်လို့ အဲဒီအစီရင်ခံစာမှာ ဖော်ပြထားတယ်။

‘မိုဘိုင်းဂိမ်းသည် ဆိုရှယ်မီဒီယာ တစ်ခု’ ဟု ယူဆလာကြတယ်။ ဆိုရှယ်မီဒီယာမှာ လူတွေ အများကြီး တွေ့နိုင်သည့်နည်းတူ မိုဘိုင်းဂိမ်းမှာလည်း လူတွေ အများကြီးကို တွေ့ရတယ်။

ဒီအမျိုးအစားမှာ ဘယ်လို အသက်အပိုင်းအခြား ကျား/မ ပရိသတ်တွေ ရှိနေသလဲ။

အာရှမှာ မိုးဘိုင်းဂိမ်းမာတွေဟာ အမျိုးသမီး၊ အမျိုးသားမရွေးဘူး။ အသက်ကြီးငယ် မရွေးဘူး။ ဝင်ငွေ အနည်းအများ မရွေးဘူး။ နေ့စဉ်နေ့တိုင်း ဂိမ်းမှန်မှန်ကစားနေကြသူတွေမှာ အမျိုးသားတွေထက် အမျိုးသမီး ဦးရေက ပိုများတယ်။

အခါအားလျော်စွာ ရေပန်းစားတဲ့ ဂိမ်း လှိုင်းလုံးတွေထဲ မျောပါသွားကြတယ်၊ Angry Birds , Candy Crush စတဲ့ဂိမ်း လှိုင်းလုံးတွေ ကနေ တိုက်ခိုက်တဲ့ ဂိမ်းတွေဆီကို ကူးပြောင်းကစားကြသူတွေ ရှိတယ်။

ဘောလုံးဂိမ်း ဝါသနာပါသူတွေလည်း ရှိတယ်။ ဒီတော့ ကစားတဲ့ ဂိမ်းအမျိုးအစားအရ ရွေးချယ် ကြော်ငြာလို့ ရနေစေတယ်။

နောက်တစ်ချက် ဗီဒီယိုကြော်ငြာ ပြလို့ ရတာ ဖြစ်ပါတယ်။ အာရှ ပစိဖိတ်ဒေသမှာ ဂိမ်းကစားသူတွေရဲ့ ၄၀% က ကြော်ငြာတွေကို တားထားကြတယ်။ မိုဘိုင်းဂိမ်းမှာတော့ ကြော်ငြာဗီဒီယိုအတိုကို ဆုရဖို့အတွက် ကြည့်ခွင့်ရတယ်။

ဂိမ်းမာတွေက ဂိမ်းမှာ ကြော်ငြာ ဗီဒီယို အတို ပြတာကို ကြိုက်ကြတယ်။ အဲဒီ ကြော်ငြာဗီဒီယိုကို ကြည့်ပေးပြီးရင် ဂိမ်းမှာ ဆု ရတယ်။ ကြည့်ရင် ဆုရမယ်။

မကြည့်ဘဲ ပိတ်ပစ်ရင် ဆုမရဘဲ ရှေ့ဆက်မယ် နှစ်လိုရာကို ရွေးလို့ရအောင် လုပ်ပေးထားတယ်။ ဂိမ်းမာရဲ့ သဘောကျ ရွေးလို့ရတယ်။ အမှတ် တက်တယ်။

ပိုက်ဆံ တက်တယ်။ ပါဝါတက်တယ် စသဖြင့် တစ်မျိုးမျိုးကို ဆုအဖြစ် ရကြတယ်။ ဒီတော့ ဂိမ်းမာတွေက ကြော်ငြာပြပြီး ဆုချတဲ့နည်းလမ်းကို ရွေးချယ်ကြလေ့ရှိတယ်။

အာရှပစိဖိတ်ဒေသမှာ မိုဘိုင်း ဂိမ်းမာတွေရဲ့ ၈၂ ရာခိုင်နှုန်းက ကြော်ငြာဗီဒီယို ကြည့်ရင် ဆုရတဲ့နည်းလမ်းကို ရွေးထားကြတယ်။

ဆုရဖို့ ဗီဒီယို ပိတ်မပစ်ဘဲ ဖွင့်ထားတာမှာ TapJoy ရဲ့ သုတေသန ပြုချက်အရ သိကြရတာက ဂိမ်းမာတွေ ကြည့်ရတဲ့ ဗီဒီယိုကြော်ငြာကို ဂရုမူပြီး စိတ်ဝင်တစား ကြည့်တဲ့သူ ဦးရေက ၄၁ ရာခိုင်နှုန်းရှိတယ်။

အထူးသဖြင့် ဂိမ်းရဲ့ ပတ်ဝန်းကျင်နဲ့ အပ်စပ်တဲ့ ကြော်ငြာအရောင်အသွေးမျိုး၊ ဇာတ်ရုပ်မျိုးဆို ပိုကြည့်ဖြစ်ကြတယ်။

အဲဒီလို အလားအလာတွေ ရှိနေလို့ Unilever, Coca-Cola နဲ့ Ford အစရှိတဲ့ brand တွေက မိုဘိုင်းဂိမ်းမှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံမှု ပြုနေကြပါတယ်။

 

Read times
Rate this item
(0 votes)