-->
×

Warning

JUser: :_load: Unable to load user with ID: 29


အရောင်းမြှင့်တင်နိုင်မယ့်အပြင် ကြော်ငြာပြီးသားလည်းဖြစ်အောင်...

အရောင်းမြှင့်တင်နိုင်မယ့်အပြင် ကြော်ငြာပြီးသားလည်းဖြစ်အောင်... Google

ယနေ့ခေတ်မှာဆိုရင် ဒစ်ဂျစ်တယ်နည်းပညာကို အသုံးချပြီးအရာင်းမြှင့်တင်မှုက ပိုပြီးထိရောက်သလို ငွေကုန်ကြေးကျသက်သာစေတဲ့အပြင် ဖောက်သည်ရှာရလဲလွယ်ကူလာပါတယ်။

ပထမဆုံးအချက်အနေနဲ့ အရောင်းအဝယ်ချိတ်ဆက်ပေးတဲ့ ဝန်ဆောင်မှုတွေဖြစ်တဲ့ shopify/ creat.net/opencut စတာတွေကနေ  ကိုယ်ပိုင်စတိုးဝက်ဆိုက်တွေ ဖန်တီးရပါမယ်။ မိမိရဲ့ကုန်ပစ္စည်းကို ဆိုရှယ်မီဒီယာကနေ ကြော်ငြာတာမျိုးတွေအပြင် တစ်ဖက်တစ်လမ်းနဲ့အရောင်း  မြှင့်တင်ဖို့လည်းလိုအပ်လာပါတယ်။

(၁) အသစ်တွေတင်ပါ။

ခေတ်နဲ့အညီ  ထုတ်ကုန်တွေကို Update ဖြစ်အောင်  အသစ်အသစ်တွေတင်ရောင်းချဖို့ လိုပါတယ်။ သူများပေ့ခ်ျမှာမရောင်းရသေးခင် ကိုယ်ကဦးအောင်တင် ပြီး boost လုပ်နိုင်အောင်ကြိုးစားရပါမယ်။ နောက်တစ်ခုက ဘဏ္ဍာရေးပိုင်းကို စီမံခန့်ခွဲနိုင်တဲ့ Admin တစ်ဦးထားပါ။  ဒါမှမဟုတ် မိမိကိုယ်တိုင်လုပ်ဆောင်နိုင်ရင် ကိုယ်တိုင်စီမံခန့်ခွဲပါ။ နောက်ပြီး ဒစ်ဂျစ်တယ်ဖိုင်တွေနဲ့ အရောင်းမြှင့်တင်ဖို့နဲ့ လုပ်ငန်းတစ်ခုလုံးကိုကိုင်တွယ်နိုင်မယ့် သူ တစ်ယောက်ကို အွန်လိုင်းကနေငှားပါ။ ဆော့ဖ်ဝဲတွေအသုံးချပြီး မာကတ်တင်းအစီအစဉ်ချပါ။ ဆိုရှယ်မီဒီယာဖေ့စ်ဘုတ်ခ်၊ တွစ်တာ၊ ပင်တာရက်စ်၊ ယူကျူ့ဘ်တွေကို အသုံးချပြီး မိမိရဲ့လုပ်ငန်းအတွက်အကျိုးရှိအောင် ကြော်ငြာပါ။

သုံးစွဲသူတွေရဲ့အသံကို အမြဲနားထောင်ပါ။ သုံးစွဲသူအလိုရှိတဲ့ ထုတ်ကုန်တွေကိုသာ Update ဖြစ်အောင် အရောင်းမြင့်တင်ဖို့လိုပါတယ်။ နောက်ပြီး ကိုယ့်ရဲ့အွန်လိုင်းစတိုးဆိုင် သို့မဟုတ် ကုန်ပစ္စည်းတွေကို ရောင်းဖို့ ကိုယ်ပိုင်အမှတ်အသားတစ်ခုလုပ်ထားမှ ဖောက်သည်တွေက မိမိရဲ့logo ကို မှတ်မိနေမှာဖြစ်ပါတယ်။  အွန်လိုင်းစတိုးမှာ ကိုယ်ပိုင်အမှတ်အသားလုပ်ဖို့ ကိုယ့်ရဲ့Domain နာမည်ကို စာရင်းသွင်းဖို့လိုပါတယ်။ စာရင်းသွင်းဖို့က shopify တို့လို ဝန်ဆောင်မှုဝက်ဘ်ဆိုက်တွေနဲ့ အလွယ်တကူချိတ်ဆက်နိုင်ပါတယ်။

Read More>>>အလုပ်အကိုင်ခေါ်စာကြော်ငာတွေမှာ မှားလေ့ရှိတဲ့အချက် (၆)ချက်

(၂) Gift တွေပေးပါ။

Gift ဆိုတာ လက်ဆောင်ပေးတဲ့ သဘောတရားပါ။ ဒါကတော့ မိမိရဲ့ကုန်ပစ္စည်းကို သတ်မှတ်ထားတဲ့ဈေးအစားစားမှာ ပိုပိုသာသာဝယ်တဲ့ ဖောက်သည်တွေကို  gift box ပုံစံအမှတ်အသားတိုးပေးတဲ့စနစ်နဲ့ လုပ်ဆောင်ပေးပါ။
ဥပမာ - ဖောက်သည်တစ်ယောက်ကို အကောင့်တစ်ခုဖွင့်ပေးပြီး gift box ကိုပါ တစ်ခါတည်းပေးထားပါ။ အဲဒီမှာ ရောင်းချတဲ့ကုန်ပစ္စည်းကို နှစ်သောင်းအထက်ဝယ်ယူတဲ့သူကို ဝက်ဘ်ဆိုက်မှာဖြစ်ဖြစ် ကိုယ်ပိုင်အက်ပ်မှာ ဖြစ်ဖြစ် အမှတ်တိုးစနစ်နဲ့သုံးမှတ်၊ ငါးမှတ်စတာကိုစီပေးထားပါ။ သတ်မှတ်ထားတဲ့ အမှတ်ပြည့်ရင်လျှော့ဈေး သို့ လက်ဆောင်အပိုပေးမယ်ဆိုပြီး ကြေညာထားပါ။ ဖောက်သည်တွေဘက်က လက်ဆောင်ပစ္စည်းတစ်ခုခုဖြစ်စေ လျှော့ဈေးဖြစ်စေ ကြိုက်တက်တဲ့သူတွေပါပဲ။ အမှန်တကယ် အမှတ်ပြည့်ရင်လည်း အတိအကျလုပ်ဆောင်ပေးဖို့ လိုပါတယ်။ အဲဒါမှသာ gift ရတဲ့ ဖောက်သည်တွေကအကြိုက်တွေ့နေပြီး သူတို့ရဲ့တခြားမိတ်ဆွေအသိတွေကို တစ်ဆင့်လက်ကမ်းပေးပြီး ဖောက်သည်ရှာရလွယ်လာမှာ ဖြစ်ပါတယ်။

ဖေ့စ်ဘုတ်ခ်မှာ ကြေညာတဲ့ (boost) လုပ်နည်းကတော့ တော်တော်များများ သိကြပါတယ်။  အင် စတာဂရမ်ကနေ မာကက်တင်းလုပ်ဆောင်တာက ပိုထိရောက်ပါတယ်။  ဘာကြောင့်လည်းဆိုတော့ အင်စတာဂရမ်က ဖေ့စ်ဘုတ်ခ်နဲ့ က ချိတ်ဆက်ထားတာကြောင့် အင်စတာဂရမ်မှာ  boost လုပ်တာ နဲ့က ဖေ့စ်ဘုတ်ခ်မှာပါတစ်ပါတည်း ကြော်ငြာပြီးသားဖြစ်ပါတယ်။ အီးမေးလ်ကတော့ ဆိုရှယ်မီဒီယာတွေထဲမှာ အစောဆုံးထွက်ရှိထားတာဖြစ်သလို လက်ရှိအချိန်ထိလည်း အွန်လိုင်းသုံးစွဲသူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ကွန်ရက်တစ်ခုပါပဲ။ အီးမေးလ်ကနေကြော်ငြာဖို့အတွက် လိပ်စာတွေစုဆောင်းထားပြီး အီးမေးလ်ကနေတစ်ဆင့် မာကက်တင်းဆင်းပါ။ သုံးစွဲသူတွေဘက်က မိမိဆိုက်ထဲဝင်ရောက်တဲ့အခါ ဝင်လာတဲ့ user name နဲ့ email အကောင့်တွေကို အီးမေးလ်တွေစုဆောင်းထားပါ။ နောက်ပီးရှိသမျှ အီးမေးလ်အကောင့်တွေကို ရသလောက်ရှာပြီး မိမိရဲ့လုပ်ငန်းထုတ်ကုန်အကြောင်းကို သေချာရှင်းပြမိတ်ဆက်ပြီး အီးမေးလ်ပို့ပါ။ အီးမေးလ်နဲ့ မာကက်တင်းလုပ်ဆောင်တာက လက်ကမ်းစာစောင်တွေ၊  တီဗီချန်နယ်တွေနဲ့  ရေဒီယိုတွေကနေကြော်ငြာတာထက် ပိုပြီးထိရောက်မှုရှိကာ အချိန်ကုန်လူပန်း ငွေကုန်သက်သာစေတဲ့နည်းဖြစ်ပါတယ်။

Source; KuMuDra

 

Read times
Rate this item
(0 votes)