-->
×

Warning

JUser: :_load: Unable to load user with ID: 29


လူသိနည်းတဲ့ဘီလ်ဂိတ်စ်ရဲ့မေးခွန်း(၃)ခု

လူသိနည်းတဲ့ဘီလ်ဂိတ်စ်ရဲ့မေးခွန်း(၃)ခု Google

ကမ္ဘာ့ဒုတိယအချမ်းသာဆုံးသူဌေးကြီး ဘီလ်ဂိတ်စ်လို့ပြောလိုက်ရင် မသိတဲ့သူရှိမယ်လို့ မထင်ပါဘူး။

သူနဲ့ ပတ်သက်ပြီး လူတွေသိပြီးသား အကြောင်းအရာတွေ ရှိထားသလို လူသိနည်းနေတဲ့ ပုဂ္ဂိုလ်ရေးအကြောင်းတစ်ချို့လည်း ရှိပါတယ်။ အခုပြောမယ့် ဘီလ်ဂိတ်စ်ရဲ့ မေးခွန်း (၃)ခု အကြောင်းကတော့ လူသိနည်းမယ်လို့ထင်ပါတယ်။ ဘီလ်ဂိတ်စ်ဟာ အရင်ကတော့ တစ်နှစ်ကုန်ဆုံးတိုင်းမှာ Microsoft ဆော့ဖ်ဝဲလ်တွေဟာ PC ကွန်ပျူတာအိပ်မက်ကို တကယ်ဖြစ်စေခဲ့သလားဆိုတဲ့ မေးခွန်းနဲ့သူကိုယ်သူ သုံးသပ်တယ်လို့ဆိုပါတယ်။ အခုချိန်မှာတော့ နှစ်တိုင်းသူကိုသူ ပြန်မေးတဲ့မေးခွန်း ပြောင်းသွားခဲ့ပြီ ဖြစ်ပါတယ်။

(၁) ငါမိသားစုအတွက် အချိန်ပေးဖြစ်ရဲ့လား

ငွေဟာလိုချင်တာအများစုကို ဝယ်ယူပေးနိုင်ပေမယ့် ငွေနဲဝယ်လိုမရတဲ့အထဲမှာ ပျော်ရွှင်မှူန့ နှစ်လိုမက်မောစရာဆက်ဆံရေး စသည်ဖြင့် အများကြီးရှိပါတယ်။ လူတစ်ယောက်ဟာ သူအတတ်ပညာနဲအသက်မွေးမှူမှာ ထူးချွန်သူ ဖြစ်ချင်ဖြစ်မယ့် သူ့နံဘေးမှာ သူ့ကိုတကယ်ချစ်ခင်တဲ့ မိတ်ဆွေနဲမိသားစုဝင်တွေမရှိတော့ရင် သူ့ဘဝဟာတကယ်ပဲထိုက်တန်သလား။ ဂိတ်စ်ကတော့ သူ့ဘဝတစ်လျှောက်လုံးမှာ အံ့ဖွယ်ကောင်းလောက်အောင် ငွေရှာနိုင်ခဲ့သလို အားလုံးအိပ်မက်မက်လောက်ရတဲ့ အားကျစရာအောင်မြင်မှူ၊ ဂုဏ်ပြုချီးကျူးခံရမှူတွေ ရရှိခဲ့သူပါ။ ဒါပေမယ့် သူ့အတွက် နှစ်စဉ်လိုလိုပြန်မေးပြီး လက်တွေလုပ်ဖြစ်တာက မိသားစုနဲ့ပျော်ပျော်ရွှင်ရွှင် နေထိုင်ခြင်းပါပဲ။

Read More>>>သင့်ကုမ္ပဏီက ဘယ်လိုအမျိုးအစားထဲမှာပါပါသလဲ...?

(၂) ငါအသစ်အဆန်းတွေ လေ့လာခဲ့သလား

လေ့လာမှူဆိုတာ ရတနာပါပဲ။ ခင်ဗျားကိုပိုပြီး အဖိုးတန်စေတဲ့အရာလည်း ဖြစ်ပါတယ်။ ဘီလ်ဂိတ်စ်ကတော့ သူ့ကိုယ်သူအမြဲတိုးတက်အောင် လုပ်နေသူပါ။ နှစ်တိုင်းနှစ်တိုင်းသူဖတ်တဲ့ စာအုပ်ချည်းအုပ်ရေ (၅၀) ရှိပါတယ်။ဒါတွေအပြင် သူဟာ ဒေသန္တရဗဟုသုတရမယ့်နေရာတွေ သွားသလိုသူ့ ဦးနှောက်နဲ့ ကျွမ်းကျင်မှူကို ပိုကောင်းစေဖို့ သိပ္ဗံပညာရှင်၊ အသိပညာတွေနဲ့ စကားလက်ဆုံပြောတာ၊ အွန်လိုင်းသင်ခန်းစာတွေ လေ့လာတာတွေပါ လုပ်ပါတယ်။

(၃) ငါမိတ်ဆွေသစ်ဖွဲ့ နိုင်ပြီး မိတ်ဆွေဟောင်းတွေနဲ့ခင်မင်မှူခိုင်မြဲအောင်လုပ်ခဲ့လား

ကျန်းမာပျော်ရွှင်တဲ့ ဆက်ဆံရေးပုံစံကောင်းရဖို့ မိတ်ဆွေတွေနဲ့ ရင်းရင်းနှီးနှီး နေထိုင်ခြင်း၊ မိတ်သစ်ဖွဲ့ ခြင်းတွေဟာ အလွန်ပဲအရေးပါလှပါတယ်။ ကျွန်တော်တို့ နေ့စဉ်ဘဝကိုပိုပြီး ကြည်နူးချမ်းမြေ့စရာကောင်းတာဟာ ချစ်ခြင်းမေတ္တာနဲ့ နွေးထွေးခြင်းပါပဲ။ ဒီအချက်ကို ဘီလ်ဂိတ်စ်ဟာ တန်ဖိုးထားသူ ဖြစ်ပါတယ်။ သူ့ မိတ်ဆွေဟောင်းတွေနဲ့ သူ့ အကြား ဆက်ဆံရေးဟာ သေတဲ့အထိပါသွားတဲ့ သေရာပါခင်မင်မှူဖြစ်သလို မိတ်ဆွေသစ်တွေအပေါ် သူ့ ရဲ့ဆက်ဆံရေးကလည်း ချီးကျူးစရာအပြည့်လို့ ပြောစမှတ်တွင်ပါတယ်။

Source; Kwee

 

Read times
Rate this item
(1 Vote)