-->
×

Warning

JUser: :_load: Unable to load user with ID: 29


Bill Gates ရဲ့ လုပ်ငန်းလုပ်ဆောင်ရေးဗျူဟာများ

ဘီလ်ဂိတ်စ်လို့ ဆိုလိုက်ရင် နည်းပညာနယ်ပယ်က လူတွေတင်မဟုတ်ဘဲ အတော်အတန်ဗဟုသုတရှိတဲ့သူတိုင်း သိကြမှာပါ။ ကမ္ဘာ့လူသိအများဆုံးနဲ့ အချမ်းသာဆုံးစာရင်းဝင် ပုဂ္ဂိုလ်လည်းဖြစ်တဲ့သူဟာ အခုနေခါမှာတော့ Microsoft ရဲ့ အမှုဆောင်အရာရှိချုပ်ရာထူးကနေ အငြိမ်းစားယူလိုက်ပြီး ပရဟိတတွေ စောက်ချလုပ်နေသူ ဖြစ်ပါတယ်။

စီးပွားရေးဘက်ကို အားမစိုက်တော့ဘူးဆိုပေမယ့် ကမ္ဘာ့အချမ်းသာဆုံးနေရာမှာ ဆယ်စုနှစ်ချီကြာ ရပ်တည်ခဲ့တဲ့ သူဌေးကြီးဆီမှာ လူငယ်စွန့်ဦးတီထွင်သမားတွေအတွက် သင်ယူစရာအများကြီး ရှိပါတယ်။ အထူးသဖြင့် ဘီလ်ဂိတ်စ်စီးပွားရှာတဲ့ ပုံစံကို လေ့လာပြီး ကိုယ့်ရဲ့ Startup လုပ်ငန်းကို အောင်မြင်အောင် တည်ဆောက်နိုင်မှာပါ။


ကဲ.. ဘီလ်ဂိတ်စ်ရဲ့ စီးပွားရေးလုပ်နည်းထဲက သင်ခန်းစာတစ်ချို့ ထုတ်ကြည့်ရအောင်ပါ။

 

(၁) စွဲမြဲခိုင်မာမှု ရှိပါ

ဘီလ်ဂိတ်စ်ကို အောင်မြင်စေတဲ့ အရည်အချင်းတစ်ခုက ဇွဲနဲ့ စွဲမြဲခိုင်မာမှုရှိခြင်းပဲ ဖြစ်ပါတယ်။ “နေ့ချင်းညချင်း ဖြစ်သွားတာ ဘာမှ မရှိဘူး” လို့ ဘီလ်ဂိတ်စ်က ဆိုပါတယ်။ Windows OS ရဲ့ ကနဦးဗားရှင်းနှစ်ခု ဖြစ်တဲ့ Windows 1.0 နဲ့ Windows 2.0 ဆိုရင် အောင်မြင်မှုမရခဲ့ပေမယ့် သူ့ရဲ့ မဆုတ်မနစ်တမ်း ကြိုးစားမှုကြောင့် Windows ဟာ ကမ္ဘာ့နာမည်အကျော်ကြားဆုံး Operating Systems ဖြစ်လာအရှေ့ကို ဘယ်လိုအနေအထားမျိုး ရောက်ချင်တယ် ၊ ဘယ်လိုပုံစံမျိုးနဲ့ ဆက်သွားမယ်ဆိုတဲ့ ပန်းတိုင်လေးတွေ ထားပေးဖို့ လိုပါတယ်။ ဘီလ်ဂိတ်စ်ရဲ့ အောင်မြင်မှုဟာ သူ့ရဲ့ အနာဂါတ်ကို တင်ကြိုတွေးမြင်မှုစွမ်းရည်ပဲ ဖြစ်ပါတယ်။ Microsoft ကို ပြိုင်ဘက်တွေရှေ့ ခြေတစ်လှမ်းစောရောက်စေခြင်းဟာ အနာဂါတ်အတွက် အမြဲရည်မှန်းချက်ထား ထားလို့ဖြစ်ပါတယ်။

ဘီလ်ဂိတ်စ်ကို အောင်မြင်စေတဲ့ အရည်အချင်းတစ်ခုက ဇွဲနဲ့ စွဲမြဲခိုင်မာမှုရှိခြင်းပဲ ဖြစ်ပါတယ်။ “နေ့ချင်းညချင်း ဖြစ်သွားတာ ဘာမှ မရှိဘူး” လို့ ဘီလ်ဂိတ်စ်က ဆိုပါတယ်။ Windows OS ရဲ့ ကနဦးဗားရှင်းနှစ်ခု ဖြစ်တဲ့ Windows 1.0 နဲ့ Windows 2.0 ဆိုရင် အောင်မြင်မှုမရခဲ့ပေမယ့် သူ့ရဲ့ မဆုတ်မနစ်တမ်း ကြိုးစားမှုကြောင့် Windows ဟာ ကမ္ဘာ့နာမည်အကျော်ကြားဆုံး Operating Systems ဖြစ်လာခဲ့တာပါ။

 

(၂) ရည်မှန်းချက် ထားပါ

အရှေ့ကို ဘယ်လိုအနေအထားမျိုး ရောက်ချင်တယ် ၊ ဘယ်လိုပုံစံမျိုးနဲ့ ဆက်သွားမယ်ဆိုတဲ့ ပန်းတိုင်လေးတွေ ထားပေးဖို့ လိုပါတယ်။ ဘီလ်ဂိတ်စ်ရဲ့ အောင်မြင်မှုဟာ သူ့ရဲ့ အနာဂါတ်ကို တင်ကြိုတွေးမြင်မှုစွမ်းရည်ပဲ ဖြစ်ပါတယ်။ Microsoft ကို ပြိုင်ဘက်တွေရှေ့ ခြေတစ်လှမ်းစောရောက်စေခြင်းဟာ အနာဂါတ်အတွက် အမြဲရည်မှန်းချက်ထား ထားလို့ဖြစ်ပါတယ်။

 

(၃) စာပိုဖတ်ပါ

ဦးနှောက်ကို ထက်မြက်အောင် သွေးဖို့ စာမဖတ်လို့ မဖြစ်ပါဘူး။ ဘီလ်ဂိတ်စ်ဟာ အကြမ်းဖျဉ်းအားဖြင့် တစ်နှစ်ကို စာအုပ်ပေါင်း ၅၀ ဖတ်တယ်လို့ဆိုပါတယ်။ သဘောက တစ်ပတ်ကို စာအုပ်တစ်အုပ်နှုန်း ပုံမှန်ဖတ်တာ ဖြစ်ပါတယ်။ စီးပွားရေးလုပ်တာပဲ ဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် ပိုကောင်းအောင် ပုံသွင်းရာပဲ ဖြစ်ဖြစ် စာကောင်းပေကောင်းတွေကို မလွတ်တမ်း ဖတ်နေဖို့ လိုပါတယ်။

 

(၄) စူးစမ်းလိုစိတ် ရှိပါ

သိချင်စိတ်ဟာ ပိုပြီးမြင့်တဲ့နေရာကို ခေါ်ဆောင်ပါတယ်။ တော်တဲ့စမတ််ကျတဲ့သူတွေဟာ မေးခွန်းတွေမေးပြီး လေးလေးနက်နက် စဉ်းစားသူတွေ ဖြစ်ပါတယ်။ ဆန်းသစ်ထူးခြားတဲ့အရာတွေ လုပ်နိုင်ဖို့ အသစ်အသစ် စဉ်းစားစူးစမ်းမှုတွေ မလုပ်လို့ မရနိုင်ပါဘူး။

 

Crd : Kwee 

 

Myanmar Advertising Guide

Read times
Rate this item
(0 votes)