-->
×

Warning

JUser: :_load: Unable to load user with ID: 29


2019 ခုနှစ်မှာ နိုင်ငံရေးကြော်ငြာများ ငွေကြေး ၁ ဘီလီယံ နီးနီး သုံးစွဲခဲ့

2019 ခုနှစ်မှာ နိုင်ငံရေးကြော်ငြာများ ငွေကြေး ၁ ဘီလီယံ နီးနီး သုံးစွဲခဲ့ google

ကြော်ငြာစိစစ်တိုင်းတာရေးသမားတွေရဲ့ တိုင်းတာ ချက်များအရ ၂၀၁၉ မှာ နိုင်ငံရေးကြော်ငြာများ စုစု ပေါင်းကြော်ငြာကြေးငွေ ၁ ဘီလီယံ နီးနီး သုံးစွဲခဲ့တယ်လို့ သိရပါတယ်။

 

အတိအကျ ပြောရရင် ၉၉၈.၄ မီလီယံ နိုင်ငံရေးဆိုင်ရာကြော်ငြာများတွင် အသုံးပြု ခဲ့ ပြီး ၃၅၁ မီလီယံ ကတော့ သမ္မတ ရွေးကောက် ပွဲဆိုင်ရာအတွက် ကြော်ငြာ ကြေးငွေ အသုံးပြုခဲ့တယ်လို့ပြီးခဲ့တဲ့ သောကြာနေ့က The Firm မှ အတည်ပြု ပြောကြားခဲ့ပါတယ်။

 

ယခင် နယူးယောက်မြို့ မြို့တော်ဝန် ဖြစ်တဲ့ Michael Bloomberg က နိုင်ငံရေးကြော်ငြာအတွက် ငွေကြေးအမြောက်အများသုံးစွဲသူဖြစ်ပြီး ပြီးခဲ့တဲ့လက ငွေကြေး ၁၂၄ မီလီယံ နိုင်ငံရေးကြော်ငြာများတွင်သုံးစွဲခဲ့ပါသည်။

ကြော်ငြာများကို တိုင်းတာရေးပညာရှင် Advertising Analytics မှ CEO ဖြစ်သူ Kyle Roberts ပြောပုံ အရတော့ ယခုလာမည့် ရွေးကောက်ပွဲ နီးလေလေ ကြော်ငြာအတွက် အကုန်အကျ ခံတာတွေက ပိုမိုများပြားစွာ တွေ့ရပါတယ်။သူ့ရဲ့ ထပ်လောင်း ပြောကြား ချက်အရ Michael Bloomberg ရဲ့ ယခုနှစ် နိုင်ငံရေးကြော်ငြာများတွင် အသုံး ပြုထားသော ငွေ ကြေးမှာ ၂၀၁၆ နိုင်ငံရေး ကြော်ငြာ အသုံးပြု ငွေထက်တောင် ပိုများနေပါတယ် ထို့ပြင် ပြောရရင်တော့ တစ်ဦးတစ်ယောက်ချင်းစီက နိုင်ငံရေးကြော်ငြာများတွင်ငွေကြေးအသုံးပြုတာ များပြား လွန်းတာကြောင့် ယခုကဲ့ သို့ နိုင်ငံရေးကြော်ငြာ အသုံးပြုတဲ့ ငွေနှုန်းပိုမို များ ပြားလာခြင်းပါတဲ့။

 

အရက်သောက်ထားရင် ကားမမောင်းပါနှင့်

 

စီးပွားရေးလုပ်ငန်းရှင်ဖြစ်သူ Tom Steyer က Michael Bloomberg ပြီး ရင် ဒုတိယ နောက်လိုက်အဖြစ် ၈၄ မီလီယံ ကြော်ငြာကြေး ငွေ အသုံး ပြု ထားသူပါ။ အမေရိကန် သမ္မတ Donald Trump ရဲ့ ဘက်တော်သားတွေဖြစ်တဲ့ Trump Make America Great Again အဖွဲ့ အစည်းမှ လည်း နိုင်ငံရေးကြော်ငြာကြေးငွေ ၂၃ မီလီယံ အသုံးပြု ထားကာ Trump campaign အတွက် ၁၄ မီလီယံ အသုံး ပြု ထားတယ်လို့သိရပါတယ်။

အခြားနိုင်ငံရေးကြော်ငြာ ကြေးငွေ အများဆုံး အသုံးပြု သူတွေက တော့ Buttigieg, Sanders နဲ့ Warren စတဲ့ နိုင်ငံရေး Campaign တွေက ပါ။၂၀ မီလီယံ ၊ ၁၈ မီလီယံ နှင့် ၁၂ မီလီယံ အသီးသီးစီ အသုံး ပြု ထားပါတယ်။

 

၂၀၁၉ ခုနှစ် အမေရိကားရဲ့ Washington, D.C မှ နိုင်ငံရေး ကြော်ငြာဈေးကွက်ကို ကြည့်မယ်ဆို ငွေကြေး စုစုပေါင်း ၄၉၅ မီလီယံ အသုံးပြု ထားပါသတဲ့။
ကြော်ငြာစိစစ်တိုင်းတာရေးသမားတွေရဲ့ ခန့်မှန်း ချက်ကတော့ လာမည့် ၂၀၂၀ မှာ နိုင်ငံရေး ကြော်ငြာများတွင် ၆ ဘီလီယံ လောက်သုံးစွဲလာနိုင်ပါတယ်လို့ ခန်းမှန်းထားကြောင်းသိရှိရပါတယ်။

 

<<ZAWGYI>>

 


=======================================

 



 


တီဗီ ကြော်ငြာကြေး ၄၆ မီလီယံ အသုံးပြုထားတဲ့ Nintendo

 


 






 

Ref: The Hill

Myanmar Advertising Directory 

Read times
Rate this item
(0 votes)