ေန႔စဥ္ေန႔တိုင္း လူ႕ေလာကရွိ လူသားေတြဟာ စားဝတ္ေနေရးအတြက္ လႈပ္ရွားရုန္းကန္ေနၾကရပါတယ္။ လူ႕သဘာဝအေလ်ာက္ လူ႕ေလာဘေၾကာင့္ လူတိုင္းမွာ လုပ္စရာေတြ လုပ္ခ်င္တာေတြ အေရးၾကီးတာေတြ အမ်ားၾကီး ရွိေနတတ္ၾကပါတယ္။
ဒါေပမယ့္ ဘဝမွာ လုပ္ခ်င္တဲ႔အရာအားလံုး လုပ္ဖို႔ အခ်ိန္မရွိပါဘူး။ ဒါေၾကာင့္ အဲ႔ဒီ႔လုပ္စရာေတြ အမ်ားၾကီးထဲကမွ မိမိဘဝအတြက္ ဘယ္အရာဟာ အေရးအၾကီးဆံုးလဲ ဆိုုတာ သိျပီးေရြးခ်ယ္လုပ္ကိုင္နိုင္တာဟာ ပညာတစ္ခုပါပဲ။
လူတိုင္းကိုယ္စီ တစ္ရက္ကို ၂၄ နာရီ ညီတူညီမွ် ရၾကပါတယ္။ အဲ႔ဒီ႔ ၂၄ နာရီကို အားလံုး အသံုးျပဳၾကျပီး အခ်ိဳ႕က ပညာတတ္ၾကီး ျဖစ္သြားၾကတယ္ ။ အခ်ိဳ႕က လူမိုက္ၾကီးျဖစ္သြားၾကတယ္။ အခ်ိဳ႕က ဆင္းရဲသားဘဝက သူေဌးၾကီးျဖစ္သြားၾကတယ္ ။ အခ်ိဳ႕ကသူေ႒းဘဝကေန ေတာင္းစားရတဲ႔ဘဝ ေရာက္သြားၾကတယ္ ။ အခ်ိဳ႕ကသမၼတျဖစ္သြားၾကတယ္ ။အခ်ိဳ႕ကရဟႏၲာ ျဖစ္သြားၾကတယ္ ။အခ်ိဳ႕ကဘာမွ ျဖစ္မလာၾကပါဘူး။
မိမိတို႔ ညီတူညီမွ် ရရွိထားတဲ႔ ၂၄နာရီကို အသံုးခ်တာျခင္းအတူတူ ဘာလို႔ခုလို ကြာျခားသြားရတာလဲ?
အခ်ိန္ကို ခြဲျခမ္းစိတ္ျဖာ အသံုးခ်တဲ႕ေနရာမွာ ဘယ္အရာဟာ မိမိဘဝအတြက္ အေရးအၾကီးဆံုးလဲဆိုတာ သိတဲ႔ဥာဏ္နဲ႕အခ်ိန္ကို စီမံခန္႔ခြဲ လုပ္ကိုင္နိုင္မႈေပၚမွာ ကြာျခားသြားၾကတာပါပဲ။
ေအာင္ျမင္မႈ တစ္ခုမွာ ကံ ဥာဏ္ ဝီရိယ သံုးခုနဲ႕ဖြဲ႕စည္းထားတာပါ။ အေရးၾကီးဆံုးကို သိတဲ႔ဥာဏ္နဲ႕ အခ်ိန္ကိုစီမံခန္႔ခြဲ လုပ္ကိုင္တတ္တဲ႔ ဝီရိယ မပါပဲ ကံတစ္ခုထဲရွိတိုင္း မေအာင္ျမင္ပါဘူး။
ဥပမာ ျပရမယ္ ဆိုလွ်င္ ျမတ္စြာဘုရား ေဟာၾကားထားတဲ႔ သုတၲန္တစ္ခုမွာ သူေ႒းသားတစ္ေယာက္ဟာ ပထမအရြယ္ ဒုတိယအရြယ္ တတိယအရြယ္ အရြယ္သံုးပါးစလံုးမွာ အရိယာျဖစ္ဖို႕ ကံဇာတာပါ ပါလ်က္ အေရးမၾကီးတာေတြနဲ႕ အခ်ိန္ကုန္ခဲ႔တဲ႔အတြက္ အရိယာ ျဖစ္ခြင့္မရတဲ႔အျပင္ ေနာက္ဆံုးေတာင္းစားရတဲ႔ ဘဝမွာ နိဂံုးခ်ဳပ္ရရွာပါတယ္။ ဒါေၾကာင့္ ဘုရားဗုဒၶျမတ္စြာက ဘဝမွာ အေရးအၾကီးဆံုးကို အရင္ဆံုး လုပ္ဖို႕အတြက္ ျမွားထိမွန္ထားသူေမးတဲ႔ ေမးခြန္းေတြ ေျဖေနဖို႔ထက္ အသက္မေသေအာင္ ျမွားဆိပ္ေျဖေဆးနဲ႔ကုဖို႕က ပိုအေရးၾကီးပါတယ္လို႔ ဥပမာေပး ေဟာၾကားေတာ္မူခဲ႔ပါတယ္။ ဒီဥပမာမ်ားကို ေလ့လာၾကည့္ျခင္းအားျဖင့္ ဘဝမွာ အေရးမၾကီးတာေတြကို အေရးၾကီးတယ္ ထင္မိျပီး အခ်ိန္မျဖဳန္းမိဖို႔ အဓိက သတိထားသင့္တယ္ ဆိုတာ ေသခ်ာပါတယ္။
ဒါဆို အေရးၾကီးတာကို ဘာလို႔အရင္လုပ္သင့္တာလဲ ေမးစရာရွိပါတယ္။ တကယ္ေတာ့ လူ႔ဘဝဆိုတာ အခ်ိန္နဲနဲေလး ရထားတာပါ။ မိမိတို႔ရထားတဲ႔ တိုေတာင္း လွတဲ႔လူ႕ဘဝမွာ အေရးမၾကီးတာေတြ လုပ္ေနမယ္ဆိုရင္ အေရးၾကီးတာလုပ္ရမယ့္ အခ်ိန္မရွိေတာ့လို႔ပါပဲ။ မိမိဘဝအတြက္ အေရးၾကီးတဲ႔အရာကို အခ်ိန္မီမလုပ္ခဲ႔ပါလ်ွင္ ေနာင္တစ္ခ်ိန္ ေနာင္တရင္ဝယ္ပိုက္ျပီး နိဂံုးခ်ဳပ္ရမွာပါ။
တကယ္ေတာ့ အခ်ိန္ဆိုတာ လူ႕အသက္ပါပဲ။ အခ်ိန္ေတြ ကုန္လြန္သြားတာနဲ႔ အမွ် လူ႔ရဲ႕ အသက္၊ လူ႔ရဲ႕ခြန္အားနဲ႔ ႏုပ်ိဳမႈေတြ ကုန္ဆံုးေနတာပါ။ဒီအခ်က္ကို သတိထားျပီး ဘဝအတြက္ အေရးမၾကီးတာေတြနဲ႕ အခ်ိန္မကုန္ရေလေအာင္ တစ္ေန႔ကုန္သြားရင္ ငါဒီေန႕ ဘာေတြလုပ္ျပီး အခ်ိန္ကုန္ေစခဲ႔လဲလို႔ ကိုယ့္ကိုယ္ကိုယ္ ျပန္ေမးျခင္းျဖင့္ ျပန္စဥ္းစားသင့္ပါတယ္။
ခုခ်ိန္မွစၿပီးမိမိဘဝအတြက္ အေရးမၾကီးတာေတြနဲ႕ အခ်ိန္ကုန္မခံဘဲအေရးၾကီးတာကို ခုပဲေရြးခ်ယ္ျပီး အခ်ိန္ကို စနစ္တက်စီမံခန္႔ခြဲကာ စတင္အေကာင္အထည္ေဖာ္ ေဆာင္ရြက္လိုက္ၾကပါစို႔။
Credit: ခြန္အား
Unicode Version
နေ့စဉ်နေ့တိုင်း လူ့လောကရှိ လူသားတွေဟာ စားဝတ်နေရေးအတွက် လှုပ်ရှားရုန်းကန်နေကြရပါတယ်။ လူ့သဘာဝအလျောက် လူ့လောဘကြောင့် လူတိုင်းမှာ လုပ်စရာတွေ လုပ်ချင်တာတွေ အရေးကြီးတာတွေ အများကြီး ရှိနေတတ်ကြပါတယ်။ ဒါပေမယ့် ဘဝမှာ လုပ်ချင်တဲ့အရာအားလုံး လုပ်ဖို့ အချိန်မရှိပါဘူး။ ဒါကြောင့် အဲ့ဒီ့လုပ်စရာတွေ အများကြီးထဲကမှ မိမိဘဝအတွက် ဘယ်အရာဟာ အရေးအကြီးဆုံးလဲ ဆိုုတာ သိပြီးရွေးချယ်လုပ်ကိုင်နိုင်တာဟာ ပညာတစ်ခုပါပဲ။
လူတိုင်းကိုယ်စီ တစ်ရက်ကို ၂၄ နာရီ ညီတူညီမျှ ရကြပါတယ်။ အဲ့ဒီ့ ၂၄ နာရီကို အားလုံး အသုံးပြုကြပြီး အချို့က ပညာတတ်ကြီး ဖြစ်သွားကြတယ် ။ အချို့က လူမိုက်ကြီးဖြစ်သွားကြတယ်။ အချို့က ဆင်းရဲသားဘဝက သူဌေးကြီးဖြစ်သွားကြတယ် ။ အချို့ကသူဋ္ဌေးဘဝကနေ တောင်းစားရတဲ့ဘဝ ရောက်သွားကြတယ် ။ အချို့ကသမ္မတဖြစ်သွားကြတယ် ။အချို့ကရဟန္တာ ဖြစ်သွားကြတယ် ။အချို့ကဘာမှ ဖြစ်မလာကြပါဘူး။
မိမိတို့ ညီတူညီမျှ ရရှိထားတဲ့ ၂၄နာရီကို အသုံးချတာခြင်းအတူတူ ဘာလို့ခုလို ကွာခြားသွားရတာလဲ?
အချိန်ကို ခွဲခြမ်းစိတ်ဖြာ အသုံးချတဲ့နေရာမှာ ဘယ်အရာဟာ မိမိဘဝအတွက် အရေးအကြီးဆုံးလဲဆိုတာ သိတဲ့ဉာဏ်နဲ့အချိန်ကို စီမံခန့်ခွဲ လုပ်ကိုင်နိုင်မှုပေါ်မှာ ကွာခြားသွားကြတာပါပဲ။
အောင်မြင်မှု တစ်ခုမှာ ကံ ဉာဏ် ဝီရိယ သုံးခုနဲ့ဖွဲ့စည်းထားတာပါ။ အရေးကြီးဆုံးကို သိတဲ့ဉာဏ်နဲ့ အချိန်ကိုစီမံခန့်ခွဲ လုပ်ကိုင်တတ်တဲ့ ဝီရိယ မပါပဲ ကံတစ်ခုထဲရှိတိုင်း မအောင်မြင်ပါဘူး။
ဥပမာ ပြရမယ် ဆိုလျှင် မြတ်စွာဘုရား ဟောကြားထားတဲ့ သုတ္တန်တစ်ခုမှာ သူဋ္ဌေးသားတစ်ယောက်ဟာ ပထမအရွယ် ဒုတိယအရွယ် တတိယအရွယ် အရွယ်သုံးပါးစလုံးမှာ အရိယာဖြစ်ဖို့ ကံဇာတာပါ ပါလျက် အရေးမကြီးတာတွေနဲ့ အချိန်ကုန်ခဲ့တဲ့အတွက် အရိယာ ဖြစ်ခွင့်မရတဲ့အပြင် နောက်ဆုံးတောင်းစားရတဲ့ ဘဝမှာ နိဂုံးချုပ်ရရှာပါတယ်။ ဒါကြောင့် ဘုရားဗုဒ္ဓမြတ်စွာက ဘဝမှာ အရေးအကြီးဆုံးကို အရင်ဆုံး လုပ်ဖို့အတွက် မြှားထိမှန်ထားသူမေးတဲ့ မေးခွန်းတွေ ဖြေနေဖို့ထက် အသက်မသေအောင် မြှားဆိပ်ဖြေဆေးနဲ့ကုဖို့က ပိုအရေးကြီးပါတယ်လို့ ဥပမာပေး ဟောကြားတော်မူခဲ့ပါတယ်။ ဒီဥပမာများကို လေ့လာကြည့်ခြင်းအားဖြင့် ဘဝမှာ အရေးမကြီးတာတွေကို အရေးကြီးတယ် ထင်မိပြီး အချိန်မဖြုန်းမိဖို့ အဓိက သတိထားသင့်တယ် ဆိုတာ သေချာပါတယ်။
ဒါဆို အရေးကြီးတာကို ဘာလို့အရင်လုပ်သင့်တာလဲ မေးစရာရှိပါတယ်။ တကယ်တော့ လူ့ဘဝဆိုတာ အချိန်နဲနဲလေး ရထားတာပါ။ မိမိတို့ရထားတဲ့ တိုတောင်း လှတဲ့လူ့ဘဝမှာ အရေးမကြီးတာတွေ လုပ်နေမယ်ဆိုရင် အရေးကြီးတာလုပ်ရမယ့် အချိန်မရှိတော့လို့ပါပဲ။ မိမိဘဝအတွက် အရေးကြီးတဲ့အရာကို အချိန်မီမလုပ်ခဲ့ပါလျှင် နောင်တစ်ချိန် နောင်တရင်ဝယ်ပိုက်ပြီး နိဂုံးချုပ်ရမှာပါ။
တကယ်တော့ အချိန်ဆိုတာ လူ့အသက်ပါပဲ။ အချိန်တွေ ကုန်လွန်သွားတာနဲ့ အမျှ လူ့ရဲ့ အသက်၊ လူ့ရဲ့ခွန်အားနဲ့ နုပျိုမှုတွေ ကုန်ဆုံးနေတာပါ။ဒီအချက်ကို သတိထားပြီး ဘဝအတွက် အရေးမကြီးတာတွေနဲ့ အချိန်မကုန်ရလေအောင် တစ်နေ့ကုန်သွားရင် ငါဒီနေ့ ဘာတွေလုပ်ပြီး အချိန်ကုန်စေခဲ့လဲလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးခြင်းဖြင့် ပြန်စဉ်းစားသင့်ပါတယ်။
ခုချိန်မှစပြီးမိမိဘဝအတွက် အရေးမကြီးတာတွေနဲ့ အချိန်ကုန်မခံဘဲအရေးကြီးတာကို ခုပဲရွေးချယ်ပြီး အချိန်ကို စနစ်တကျစီမံခန့်ခွဲကာ စတင်အကောင်အထည်ဖော် ဆောင်ရွက်လိုက်ကြပါစို့။
Credit: ခွန်အား