-->
×

Warning

JUser: :_load: Unable to load user with ID: 29


အောင်မြင်တဲ့သူများ ညတိုင်းလုပ်လေ့ရှိသည့် အကျင့် ၄ မျိုး

အောင်မြင်တဲ့သူများ ညတိုင်းလုပ်လေ့ရှိသည့် အကျင့် ၄ မျိုး Getty Images

အောင်မြင်မှုဆိုတာ အလွယ်တကူနဲ့ ရတဲ့ကိစ္စမဟုတ်သလို နေ့ချင်းညချင်းအောင်မြင်တာလည်းမဟုတ်ပါဘူး။

ပုံမှန်နှင့် ဇွဲရှိရှိမှန်မှန်ကန်ကန်လုပ်ဆောင်မှသာရမယ့် အရာတစ်ခုဖြစ်ပါတယ်။ အဲလိုပါဘဲ အောင်မြင်မှုရရှိပြီးသူ တောင်မှ ၎င်းတို့၏ အောင်မြင်မှုကို ကြာရှည်ထိန်းသိမ်းနိုင်ရန် ပုံမှန်ကြိုးစားနေရဆဲဖြစ်ပါတယ်။

ယနေ့မှာတော့ Myanmar Advertising Directory မှ အောင်မြင်သူများညတိုင်းလုပ်လေ့ရှိသည့် အလေ့အကျင့် ၄ မျိုးကို တင်ဆက်ပေးလိုက်ပါတယ်။

၁။ နောက်တစ်နေ့လုပ်ရန်များကို အစီအစဉ်ဆွဲခြင်း

အောင်မြင်သူတော်တော်များများက ၎င်းတို့ ၏ အချိန်ကို အကျိုးရှိရှိ အသုံးချတတ်ပါတယ်။ ထို့ကြောင့် သူတို့၏ တစ်နေ့တာအချိန်ကိုလည်း အလဟသမဖြစ်စေချင်ကြပါဘူး။ တစ်နေ့တာအချိန်များကို အလဟသမဖြစ်စေရန် ညစဉ် အမြဲနောက်တစ်ရက်လုပ်ရန်များကို ချရေးထားပြီး အစီအစဉ်ဆွဲတတ်ပါတယ်။

၂။ မိမိဖြစ်စေချင်သော ပန်းတိုင်များကို စဉ်းစားခြင်း

ညအချိန်ဟာ စဉ်းစားရန် အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ အောင်မြင်သူတော်တော်များများက သူတို့ဖြစ်ချင်သော ပန်းတိုင်များကို မည်သို့ မည်ပုံ အကောင်အထည်ဖော်မည်ကို ညအချိန်တွင် စိတ်အေးအေးထားစဉ်းစားတတ်ကြပါတယ်။

၃။ Diary ရေးခြင်း၊ နေ့စဉ်မှတ်တမ်းရေးခြင်း

နေ့စဉ်မှတ်တမ်းရေးစခြင်းကလည်း အကောင်းဆုံးအလေ့အကျင့်ထဲကတစ်ခုဖြစ်ပါတယ်။ ထိုသို့နေ့စဉ် မှတ်တမ်းရေးခြင်းက မိမိတစ်နေ့တာလုပ်ခဲ့သည့် အလုပ်များကို ပြန်လည်ဆင်ခြင်သုံးသပ်နိုင်သလို မိမိ၏ တိုးတက်မှုကျရှုံးမှုများကိုလည်း အကောင်းဆုံး ပြန်လည်ကြည့်ရှုနိုင်မယ့်အရာပဲဖြစ်ပါတယ်။

၎။ နောက်တစ်နေ့ဝတ်ရန်အ၀တ်အစားပြင်ခြင်း

အ၀တ်အစားဆိုတာ လူတစ်ဦးတစ်ယောက်ရဲ့ အရေးအကြီးဆုံးအသွင်အပြင်ထဲကတစ်ခုဖြစ်ပါတယ်။ ထိုကြောင့် အောင်မြင်သူတွေဟာ ၎င်းတို့၏ အသွင်အပြင်ကို ထိန်းသိမ်းတဲ့အနေနဲ့ အ၀တ်အစားကို အကောင်းဆုံး ၀တ်ဆင်တတ်ကြပါတယ်။

Source: Inc. Southeast Asia

Read times
Rate this item
(3 votes)