-->
×

Warning

JUser: :_load: Unable to load user with ID: 29


Marketing သမားတိုင်း သိထားရမယ့် Product Life Cycle

Marketing သမားတိုင်း သိထားရမယ့် Product Life Cycle google.com

Marketing သမားတစ်ယောက်ဖြစ်ချင်ရင် Product Life Cycle ကိုမသိလို့မရပါဘူး။

Product Life Cycle ဆိုတာက ဖောက်သည်တွေရဲ့ စိတ်နေစိတ်ထားနဲ့ ဆက်စပ်နေတဲ့ Cycle တစ်ခုပဲ ဖြစ်ပါတယ်။

 

Product Life Cycle ကို Product အသစ်တစ်ခု ဈေးကွက်ထဲကို ရောက်လာတာကနေ စပြီး ဈေးကွက်ထဲကနေ ပျောက်ကွယ်သွားတဲ့ အခြေအနေထိကို Product Life Cycle လို့ ခေါ်ပါတယ်။

Product ရဲ့ Marketing Strategy တွေဟာလည်း Product ရဲ့ ရောင်းအားကလည်း Product Life Cycle ပေါ်မူတည်ပြီး ပြောင်းလဲမှုတွေ ဖြစ်လာပါတယ်။

ဖောက်သည်တွေရဲ့ ဝယ်ယူမှုပုံစံကလည်း Product Life Cycle ပေါ်မူတည်ပြီး ပြောင်းလဲမှုရှိပါတယ်။

ဘာကြောင့်များလည်းဗျ...?

ကျွန်တော်တို့ အချိန်လေး ၅ မိနစ် လောက်ပေးပြီးလေ့လာကြည့်ရအောင်။

Product Life Cycle မှာ အဆင့်လေးဆင့်ရှိပါတယ်။

  • Market Introduction
  • Market Growth
  • Market Marturity
  • Sales decline

 

Market Introduction

ဒီအဆင့်ဟာ လုပ်ငန်းတစ်ခုအနေနဲ့ Product အသစ်တစ်ခု၊ Idea အသစ်တစ်ခုကို ဖောက်သည်တွေအတွက် စတင်ချပြတဲ့ အချိန်ပါပဲ။

Product တစ်ခုဟာ ဖောက်သည်တွေအတွက် ဘယ်လောက်ပဲ အကျိုးရှိပါစေ၊

အခုမှ စထုတ်တာဖြစ်လို့ ဖောက်သည်တွေအနေနဲ့ ဘယ်မှာ ရှာရမှန်းတောင် မသိတာတွေ ဖြစ်တတ်ပါတယ်။

ဒါကြောင့် ဒီအဆင့်မှာ လုပ်ငန်းတွေအနေနဲ့ သတင်းအချက်အလက်များများ ပြန့်စေမယ့် Promotion တွေ လုပ်ရပါတယ်။

ဒါတောင်မှ ဖောက်သည်တွေအနေနဲ့ Product အသစ်အကြောင်းသိရှိစေဖို့ အချိန်ယူရပါသေးတယ်။

ဒါကြောင့် ဒီအဆင့်ဟာ လုပ်ငန်းတိုင်းအတွက် အရှုံးပြနေမှာ ဖြစ်ပြီး အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှုလို့ သတ်မှတ်လို့ ရပါတယ်။

 

Market Growth

ဒီတစ်ဆင့်မှာတော့ ကိုယ့်ရဲ့ Product အသစ်ဟာ ဖောက်သည်တွေကြားမှာ ပြန့်နှံ့လာပြီး အရောင်းပမာဏဟာ မြင့်ပြီးရင်း မြင့်လာမှာပါ။

မကြာခင်မှာ အမြင့်ဆုံးပမာဏကို ရရှိမှာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီတစ်ဆင့်မှာ ဒီလောက်နဲ့ ပြီးမှာ မဟုတ်ဘူးဗျ။

ကိုယ့်ရဲ့ Product ဟာ အမြတ်အစွန်းတွေ အများကြီးပေးနေတာ ဖြစ်တဲ့ အတွက် အခြားသော ပြိုင်ဘက်တွေဟာလည်း ကိုယ့်ရဲ့ Product ကို တုပပြီး ထုတ်လုပ်လာပါလိမ့်မယ်။

ဒါကြောင့် ဈေးကွက်ထဲမှာ ကိုယ့်ရဲ့ ပုံစံတူ Product တွေဟာ ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။

တချို့အင်အားကြီးလုပ်ငန်းတွေက ကိုယ့်ရဲ့လုပ်ငန်းပေါ်အခြေခံပြီး ကိုယ့်ထက်သာအောင် မွမ်းမံသွားကြတာတွေရှိတယ်။

တချို့ကတော့ လွယ်လွယ်ကူကူပဲ ကိုယ့်ဆီက ကူးယူလိုက်တယ်။

ဒီအခြေအနေဟာ Customer တွေအနေနဲ့ ရွေးချယ်စရာတွေ ပေါ်ပေါက်လာပြီ ဖြစ်ပါတယ်။

ဒါကြောင့် စတင်လုပ်ကိုင်ခဲ့တဲ့ လုပ်ငန်းအနေနဲ့ အမြတ်ရာခိုင်နှုန်း အမြင့်ဆုံးရရှိတာကနေ ပြိုင်ဘက်တွေ စတင်ဝင်ရောက်လာပြီး

Market Share အနည်းငယ်ခွဲပေးလိုက်ရတာကြောင့် အမြတ်ရာခိုင်နှုန်းကလည်း အနည်းငယ်နိမ့်ကျလာပါလိမ့်မယ်။

 

Market Maturity

ဒီအဆင့်မှာတော့ အရောင်းပမာဏဟာ အမြင့်ဆုံးကို ရောက်လာမှာဖြစ်ပြီး လုပ်ငန်းအချင်းချင်းကြားက ပြိုင်ဆိုင်မှုတွေကလည်း အရမ်းကို ပြင်းထန်လာပါတယ်။

လုပ်ငန်းတွေအနေနဲ့ ပြိုင်ဘက်တွေကြားမှာ ကိုယ့်ရဲ့ Product ရောင်းရဖို့အတွက် Promotion တွေ အပြိုင်ဆင်းရပါတယ်။

ဒါ့အပြင် ဖောက်သည်တွေဟာ ပြိုင်ဘက်တွေထက် ပိုရောင်းရဖို့အတွက် ရောင်းဈေးတွေ အပြိုင်အဆိုင်ချပေးကြပါတယ်။

ဒီလို ကုန်ကျစရိတ်တွေ၊ ဈေးလျှော့ပေးရမှုတွေကြောင့် ကိုယ့်လုပ်ငန်းရဲ့ အမြတ်ဟာ အပေါ်ကို တက်လာမှာ မဟုတ်ပဲ အောက်ကို ဖြည်းဖြည်းချင်း ထိုးပြီးဆင်းသွားမှာပဲဗျ။

ဒီအဆင့်မှာ Efficient နည်းပါးတဲ့ လုပ်ငန်းတွေအနေနဲ့ ခံနိုင်မှာ မဟုတ်ပဲ ဈေးကွက်ထဲကနေ ထွက်ခွာသွားရမှာပါ။

အမြတ်ရာခိုင်နှုန်းတော့ ကျဆင်းမှာ ဖြစ်ပေမယ့် အသစ်ဝင်လာမယ့် ပြိုင်ဘက်တွေလည်း ရှိနိုင်ပါသေးတယ်။

အသစ်ဝင်လာတဲ့ ပြိုင်ဘက်တွေဟာ ရှေ့က လုပ်ငန်းတွေလို Introduction Stage ကို မဖြတ်သန်းရတဲ့ အတွက် ကုန်ကျစရိတ်နဲ့ Risk သိပ်မရှိပေမယ့်

ဖောက်သည်တွေဟာ သူတို့ဝယ်နေကျ လုပ်ငန်းတွေကနေ တော်ရုံတန်ရုံ မပြောင်းချင်ကြလို့ လုပ်ငန်းသစ်တွေအနေနဲ့ ခဲယဉ်းမှုတွေရှိနေပါလိမ့်မယ်။

 

Sales Decline

ဒီတစ်ဆင့်မှာတော့ ကိုယ့်ရဲ့ Product ဟာ ဟောင်းနွမ်းလာပြီလို့ ဆိုရမှာဖြစ်ပြီး လုပ်ငန်းတွေအနေနဲ့ New Product/Idea ကို စတင်မိတ်ဆက်သင့်နေပါပြီ။

လက်ရှိ Product ဟာရောင်းအားကျလာမှာဖြစ်ပြီး နာမည်ကြီး Brand များ၊ ထူးထူးခြားခြားဖြစ်အောင် ခွဲထွက်ထားသော Product များသာ နောက်ဆုံးအချိန်ထိ အမြတ်ရနေမှာ ဖြစ်ပါတယ်။

ဒီတစ်ဆင့်မှာ Marketer တွေအနေနဲ့ Product အဟောင်းသုံးစွဲသော ဖောက်သည်များအား Product အသစ်နှင့် ရင်းနှီအောင် ဖြည်းဖြည်းချင်း မိတ်ဆက်ပေးပြီး

Product အဟောင်းကို ထုတ်လုပ်မှု ရပ်တန့်တဲ့ အခါမှာ Product အသစ်ကို ပြောင်းသုံးချင်အောင် ဖြည်းဖြည်းချင်း ဆွဲဆောင်ပေးရမှာပဲ ဖြစ်ပါတယ်။

Recommended for you-ဗျူဟာကျကျ FA ဘဝကနေ စွန့်လွှတ်ကြမယ် (ဈေးကွက်ဗျူဟာ အဆင့် (၄)ဆင့်)

Credit; htetzanlinn

Read times
Rate this item
(2 votes)