-->
×

Warning

JUser: :_load: Unable to load user with ID: 29


မူပိုင်ခွင့်ဆိုင်ရာဥပဒေတွေ စနစ်တကျပြဌာန်းနိုင်ဖို့ လိုအပ်နေ

မူပိုင်ခွင့်ဆိုင်ရာဥပဒေတွေ စနစ်တကျပြဌာန်းနိုင်ဖို့ လိုအပ်နေ google.com

ခိုင်မာတဲ့ဥပဒေရပ်တွေ ပေါ်ထွက်လာပါက နိုင်ငံတွင်း တီထွင်ဖန်တီးမှု၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှု၊ အနုပညာသိပ္ပံပညာ ထုတ်ကုန်ပစ္စည်းတွေ တိုးတက်လာမှု၊ အသိဥာဏ်ဆိုင်ရာ ဖွံ့ဖြိုးမှုတွေနဲ့

လူ့ဘောင် အဖွဲ့အစည်းတိုးတက်မှုကို အထောက်အကူပြုနိုင်မှာဖြစ်ကြောင်း ပညာရှင်တွေက သုံးသပ်ပါတယ်။
လက်ရှိကာလမှာ မြန်မာနိုင်ငံအနေနဲ့ အသိဥာဏ်ပစ္စည်းဆိုင်ရာမူပိုင်ခွင့် (Intellectual Property Right) ဟာ မူပိုင်ခွင့်ဥပဒေနဲ့ ပတ်သက်ပြီး ခေတ်နဲ့လျှော်ညီတဲ့ ဥပဒေတစ်ရပ် ရေးဆွဲနေပါတယ်။
ဒါ့အပြင် မူပိုင်ခွင့်နဲ့ ပတ်သက်တဲ့ ဥပဒေသတွေဖြစ်တဲ့ စာပေအနုပညာဆိုင်ရာ မူပိုင်၊ Copyright Law တီထွင်မူပိုင်၊ Patent Law စက်မှုလက်မှု ဒီဇိုင်း မူပိုင်၊ Industrial Law ကုန်အမှတ်တံဆိပ် မူပိုင်နဲ့ Trademark Law စတဲ့ ဥပဒေတွေကို ပြဌာန်းနိုင်စေဖို့ ဆောင်ရွက်နေပါတယ်။
မြန်မာနိုင်ငံရဲ့ မူပိုင်ခွင့်အက်ဥပဒေအနေနဲ့ ၁၉၁၁ခုနှစ်က ပြဌာန်းထားတဲ့ ဥပဒေရှိနေသော်လည်း တိကျစွာ ဆောင်ရွက်နိုင်တာမျိုး မရှိသေးပါဘူး။

“ထုတ်ကုန်လုပ်ငန်း၊ အသိဥာဏ်ပစ္စည်းဆိုင်ရာ ဆောင်ရွက်မှုလုပ်ငန်းတွေ၊ ဥပမာ- မင်္ဂလာဝတ်စုံ ဒီဇိုင်း အပါအ၀င် တီထွင်ဖန်တီးမှုတွေ ကုန်ပစ္စည်းထုတ်လုပ်မှု၊ ဖြန့်ဖြူးမှုတွေကို စာချုပ်စာတမ်း မှတ်ပုံတင် အက်ဥပဒေအရ ကုန်အမှတ်တံဆိပ်တွေ ပြုလုပ်ပြီး မြွက်ဟကြော်ငြာချက်စာတမ်းတစ်ခုအနေနဲ့ မှတ်ပုံတင်နိုင် ကြောင်း ပြဌာန်းထားတာကြောင့် ကြေးတိုင်းနှင့်မြေစာရင်းဦးစီးဌာန လက်အောက်က စာအုပ်စာတမ်းမှတ်ပုံတင် ရုံးတွေမှာ ကုန်အမှတ်တံဆိပ်တွေကို မှတ်ပုံတင်ခြင်းနဲ့ ပိုင်ဆိုင်ခွင့်ရရှိစေဖို့ အကာအကွယ်ပြုကြတယ်။

ဒါပေမယ့် မှတ်ပုံတင်အက်ဥပဒေအရ ကုန်အမှတ်တံဆိပ်ကို မှတ်ပုံတင်ထားပေမယ့်လည်း ပိုင်ရှင်ဖြစ်သူအပေါ် ဥပဒေကြောင်းအရ ဘာမှ အကာအကွယ်မပေးနိုင်တာကို တွေ့ရပါတယ်”လို့ ဥပဒေပညာရှင် တစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံရဲက တည်ဆဲပြစ်မှုဆိုင်ရာ ဥပဒေတွေမှာ ကုန်တံဆိပ်၊ ပစ္စည်းတံဆိပ်နဲ့ တစ်ခြားတံဆိပ်တွေနဲ့ စပ်လျဉ်းပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ(၄၇၈)မှ (၄၈၉)အထိ ဖွင့်ဆိုချက်တွေနဲ့ ပြဌာန်းထားပါတယ်။
မြန်မာနိုင်ငံမှာ ကိုယ်ပိုင်တီထွင်ဥာဏ်နဲ့ ပြုလုပ်တဲ့ ကုန်ပစ္စည်းတွေနဲ့ စပ်လျဉ်းပြီး မူပိုင်ခွင့်အနေနဲ့ သီးခြား မှတ်ပုံတင်နိုင်ခြင်း မရှိတာကြောင့် မှတ်ပုံတင်အက်ဥပဒေ အရသာ ကိုယ်ပိုင်တီထွင်ဖန်တီးထားတဲ့ ပစ္စည်း အသီးသီးကို ကိုယ်ပိုင်အမှတ်အသားအဖြစ် အမှတ်တံဆိပ်ပြုလုပ်ကာ မှတ်ပုံတင်ကြရတာ ဖြစ်ပါတယ်။

ကုန်အမှတ်တံဆိပ်နဲ့ ပတ်သက်တဲ့ မှုခင်းတွေ ဖြစ်ပွားလာတိုင်း တရားရုံးတွေမှာ စီရင်ထုံးတွေကိုသာ အခြေခံပြီး အဆုံးအဖြတ်ပြုလုပ်နေတာကို တွေ့ရပါတယ်။
မိမိကိုယ်ပိုင်တီထွင်ထုတ်လုပ်သည့်မူပိုင်ပစ္စည်းနှင့် ပတ်သတ်၍တစ်စုံတစ်ဦးမှ စင်တူရိုးမှား အတုအပ ပြုလုပ်ထုတ်လုပ်ဖြန့်ဖြူးလာပါက နစ်နာမှုအရပ်ရပ်အတွက် တရားမကြောင်းအရဖြစ်စေ၊ ရာဇ၀တ် ကြောင်းအရဖြစ်စေ တရားစွဲဆိုရာတွင် ခိုင်မာသည့် သက်သေအထောက်အထားအဖြစ် ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ထားခြင်းအားသက်သေပြသနိုင်ခွင့်ရှိပါတယ်။
ဒါ့ကြောင့် မူပိုင်ခွင့်ဆိုင်ရာဥပဒေတွေ စနစ်တကျပြဌာန်းနိုင်ဖို့ လိုအပ်နေတယ်လို့ ဥပဒေပညာရှင်တွေက ဆိုကြတာ ဖြစ်ပါတယ်။

Read-ပုံနှိပ်ကြော်ငြာဒီဇိုင်းအတွက် နည်းဥပဒေသများ

Read times
Rate this item
(2 votes)