-->
×

Warning

JUser: :_load: Unable to load user with ID: 29


လူေတြရဲ႕ ဘ၀ကိုကူညီရင္း လုပ္ငန္းေပါင္းမ်ားစြာကို တည္ေထာင္ခဲ့သူ

လူေတြရဲ႕ ဘ၀ကိုကူညီရင္း လုပ္ငန္းေပါင္းမ်ားစြာကို တည္ေထာင္ခဲ့သူ google.com

Virgin Group ရဲ႕ CEO ျဖစ္သူ ကိုယ္တိုင္ႀကိဳးစားၿပီး ကုေဋၾကြယ္သူေဌးတစ္ဦးျဖစ္လာတဲ့ Richard Branson ရဲ႕ Interview ေတြက ေကာက္ႏႈတ္ခ်က္ ေလးေတြကို ျပန္လည္ တင္ျပေပးလုိက္ပါတယ္။ Richard ဟာ အထက္တန္းေက်ာင္းသားအရြယ္ ၁၆ ႏွစ္သားကတည္းက ကိုယ္ပိုင္အေသးစားလုပ္ငန္းေလးတစ္ခု ေက်ာင္းမွာ စလုပ္ျဖစ္ခဲ့တဲ့ Entrepreneur ျဖစ္ၿပီး အခုလက္ရွိ CEO အျဖစ္တာ၀န္ယူထားတဲ့ Virgion Group ဟာ Virgin Airlines အပါအ၀င္ Company ေပါင္း ၄၀၀ ေက်ာ္ကို လည္ပတ္ေနတာျဖစ္ပါတယ္။ သူဒီလုိ လုပ္ငန္းေတြကို လည္ပတ္ႏုိင္ေအာင္ ဘယ္လုိခံယူခ်က္၊ ႀကိဳးစားမွဳေတြနဲ႔ စတင္ခဲ့လဲ။

၁။ ရုိးရိုးရွင္းရွင္းလုပ္ပါ

ကၽြန္ေတာ့္မွာ အေမ့လြယ္တဲ့ ေရာဂါရွိတယ္ဗ်… ေတာ္ယံုတန္ယံုဆုိေမ့သြားတတ္တယ္။ ဒီေတာ့ ကၽြန္ေတ္ာတုိ႔ Company မွာ သံုးတဲ့ အသံုးအႏႈန္းေတြကအစ လြယ္လြယ္နဲ႔ မွတ္မိလြယ္ေအာင္ လုပ္ထားရတယ္။ အျခား သူေတြလုိ ရႈပ္ရႈပ္ေထြးေထြး စနစ္ေတြ မထားဘူး။ ဒီ အခ်က္ေလးကပဲ ကၽြန္ေတာ္တုိ႔ကို အမ်ားသူငါေတြထက္ လြယ္ကူတဲ့ စနစ္ကို ႀကံဆျဖစ္ေအာင္ တြန္းအားေပးခဲ့တယ္ထင္တာပဲ…

၂။ စမ္းၾကည့္စမ္းပါ

လူေတာ္ေတာ္မ်ားမ်ားက လုပ္ငန္းတခုစတင္ရမွာ အရမ္းေၾကာက္တတ္ၾကတယ္။ စမ္းေတာင္ မစမ္းခ်င္ၾကဘူး။ ကၽြန္ေတာ္ ဒီလူေတြကို ေျပာခ်င္တာက “လြဲပါေစကြာ.. လုပ္ၾကရေအာင္”… တခါတေလ ဒီလုိ စမ္းၿပီး စတာေလးကပဲ လူေတြရဲ႕ ဘဝကို ေျပာင္းလဲေစခဲ့တာပါပဲ။ ေငြေၾကး နည္းနည္းေလးနဲ႔လည္း စလုိ႔ရတာေတြ အမ်ားႀကီးပါ။

တခါက ကၽြန္ေတာ့္ အေမ လမ္းေပၚမွာ ဆြဲႀကိဳးေလး ေကာက္ရလုိ႔ ရဲစခန္းကို သြားေပးဖူးတယ္။ ၃လၾကာလုိ႔ ပိုင္ရွင္မေပၚေတာ့ ရဲေတြက အေမ့ကို ျပန္ေပးလုိ႔ ေရာင္းလုိက္တာ ပိုက္ဆံနည္းနည္း ရတယ္။ ဒီ ပိုက္ဆံ နည္းနည္းကပဲ ကၽြန္ေတာ္တုိ႔ လုပ္ငန္း စျဖစ္ဖုိ႔အတြက္ အဓိက အရင္းအႏွီးျဖစ္လာတယ္။

၃။ ေခါင္းေဆာင္ေကာင္း လုပ္ပါ

စီးပြားေရးတခုေထာင္တုိင္း Company ဆိုတဲ့ အဓိပၸာယ္ကို ေမ့မသြားပါနဲ႔။ Company ဆုိတာ လူအစု အဖြဲ႔အစည္းကို ေခၚပါတယ္။ တနည္းအားျဖင့္ လူေတြေပါင္းစုၿပီးလုပ္ေနၾကတာပါ။ ဒီအတြက္ လုပ္ေပးေနတဲ့ လူေတြကို ကူညီဖုိ႔၊ စိတ္ဓာတ္ျမွင့္ေပးဖုိ႔၊ ေသခ်ာ နားေထာင္ဖုိ႔ ေခါင္းေဆာင္ အရည္အခ်င္းေတြလုိပါတယ္။

လူေတြက ပန္းေတြလုိပဲ။ ပန္းေတြကို ေရေလာင္းေပးရင္ပုိၿပီး လန္းဆန္းဖြ႔ံထြားလာသလုိ… လူေတြကို ခ်ီးမြမ္းၿပီး ပဲ့ျပင္ေပးႏုိင္ရင္လည္း သူတုိ႔ေတြ ပိုၿပီး ဖြ႔ြ႔႔ံျဖိဳးလာၾကလိမ့္မယ္။ ဒီလုိလုပ္တတ္ျခင္းဟာ ေခါင္းေဆာင္ေကာင္း တဦးရဲ႕ တကယ့္ အေရးပါတဲ့ အရည္အခ်င္းပါပဲ။

၄။ အားမေလွ်ာ့လုိက္နဲ႔

ေအာင္ျမင္တဲ့ စီးပြားေရးနဲ႔ အရံႈးေပၚေနတဲ့ လုပ္ငန္းၾကားမွာ စည္းေလး ေသးေသးေလးပဲ ျခားတယ္ဗ်။ ေအာင္ျမင္တဲ့ လုပ္ငန္းေတြက ကုန္က်စရိတ္ကုိ ကာမိေအာင္ေပးႏုိင္ၿပီး၊ အရံႈးေပၚေနတဲ့လုပ္ငန္းေတြကေတာ့ ဒီအေျခအေနေရာက္လာေအာင္ ႀကိဳးစားေနရတာပါပဲ။ ကၽြန္ေတာ္တုိ႔လည္း ဒီလုိပဲ ႏွစ္ေပါင္း ၄၀ေလာက္ ေအာင္ျမင္မႈ ဘက္ျခမ္းေလးကေန စည္းမေက်ာ္သြားေအာင္ ႀကိဳးစားရင္း ျဖတ္သန္းခဲ့တာပါပဲ။

စီးပြားေရး အစကနဦးစေထာင္တဲ့ သူေတာ္ေတာ္မ်ားမ်ား အစမွာေတာ့ အရံႈးေပၚေနတဲ့ အျခမ္းမွာပဲ ရွိတတ္ၾကပါတယ္။ ဒီလုိနဲ႔ ဆက္လက္ႀကိဳးစားရင္း ျပင္ဆင္ရင္းနဲ႔ ဒီဘက္ စည္းျခမ္းေလးကို ရာက္လာတာေပါ့။ ကၽြန္ေတာ္ကေတာ့ ဒီလုိ ႀကိဳးစားေနသူေတြကို မရပ္ပါနဲ႔၊ အားမေလွ်ာ့လုိက္ပါနဲ႔ … ဆက္လက္ႀကိဳးစားပါလုိ႔ ေျပာခ်င္ပါတယ္

၅။ အလုပ္လႊဲေပးပါ

လုပ္ငန္းလုပ္တာၾကာလာၿပီဆုိရင္ ကိုယ့္ထက္ေတာ္တဲ့ တတ္တဲ့သူကို လႊဲေပးၿပီး အျခား လုပ္ငန္းတခုကို
ကိုယ္က ထပ္ၿပီး စတင္ဖုိ႔အတြက္ လုပ္ရပါမယ္။

Entrepreneur ဆုိတာ မန္ေနဂ်ာမဟုတ္ပါဘူး။ သူတုိ႔က အိုင္ဒီယာအသစ္ေတြ ေတြးေခၚဖုိ႔၊ စတင္ဖုိ႔၊ အေကာင္အထည္ေဖၚဖုိ႔ အားသန္ ၾကပါတယ္။ အဲ…. အဲ့ဒီလုိ လုပ္ၿပီးသြားၿပီဆုိရင္လည္း ဒီလုပ္ငန္းကို ကိုယ့္ထက္ ကၽြမ္းက်င္ေအာင္လုပ္ႏုိင္သူကို လႊဲေပးၿပီး ကိုယ္က ထြက္လာတဲ့အခ်ိန္မွာ ေနာက္တခုကုိ ဆက္သြားရတာပါပဲ။ ဒီလုိ မဟုတ္ဘဲ လုပ္ငန္းတခုနဲ႔ပဲ အခ်ိန္ကုန္ေနရင္ေတာ့ ဆက္လက္ခ်ဲ႕ထြင္ဖုိ႔ ခက္ခဲပါလိမ့္မယ္။

၆။ လူေတြကို ေကာင္းေကာင္းဆက္ဆံပါ

စီးပြားေရး တခုေအာင္ျမင္ေနႏိုင္ဖုိ႔အတြက္ လူေတြကို ေကာင္းေကာင္းဆက္ဆံဖုိ႔လုိပါတယ္။လူေတြကို ေကာင္းေကာင္းဆက္ဆံတတ္ရင္ ဒီလူေတြက ကိုယ့္ဆီကို တနည္းနည္းနဲ႔ ျပန္လာၾကပါတယ္။လူေတြကို သာတူညီမွ် ေကာင္းေကာင္းဆက္ဆံတတ္ရင္ လူေတြရဲ႕ ခ်စ္ခင္မႈနဲ႔ ေက်းဇူးတံု႔ျပန္မႈေတြကို
ျပန္လည္ ေတြ႔ရမွာပါ။ ဒါဟာ ကၽြန္ေတာ္တုိ႔ Virgin Group ရဲ႕ အဓိက အားသာခ်က္တခုပါပဲ။

Read-လိုခ်င္ေသာစိတ္သာ တကယ္ရွိမယ္ဆုိရင္ ရယူဖို႔အတြက္ နည္းလမ္းေတြကရွိစၿမဲပါ

၇။ သမားရိုးက်နည္းေတြကို စိန္ေခၚပါ

ကၽြန္ေတာ္က အသစ္အသစ္ေတြ ေလ့လာရတာႀကိဳက္ပါတယ္… ဒီေတာ့ ကၽြန္ေတာ့္အတြက္ေတာ့ အလုပ္လုပ္ေနရတယ္လုိ႔ မထင္ပါဘူး… ဘဝရဲ႕ အေတြ႔အႀကံဳအသစ္ေတြလုိ႔ပဲ မင္မိပါတယ္။ အျခားသူေတြ လုပ္ေနတာကို ၾကည့္ၿပီး သူတုိ႔ထက္ ေကာင္းေအာင္၊ ထူးျခားေအာင္ လုပ္ႏုိင္တယ္လုိ႔ ကၽြန္ေတာ္ျမင္ရင္ လုပ္လုိက္တာပဲ။ ေရွးရိုး အယူအဆေတြကို လက္ကိုင္မထားဘဲ ေစ်းကြက္ကို နည္းနည္း ကိုင္လႈပ္ပစ္ လုိက္တဲ့သေဘာပါ။

၈။ လူေတြက အၿမဲတမ္း စိုးရိမ္ၾကမွာပဲ

ကၽြန္ေတာ္တို႔ Virgin ေလေၾကာင္လုိင္း စေထာင္တုန္းက Marketing survey နဲ႔ ေလ့လာမႈေတြအရ လူေတြက ဒီနာမည္ဟာ အလုပ္မျဖစ္ႏုိင္ဘူးလုိ႔ ေျပာပါတယ္။ ဒီနာမည္ကို လူေတြက ႏွစ္သက္မွာမဟုတ္ဘူးေပါ့… ေနာက္တခ်က္ကေတာ့ ကၽြန္ေတာ္တုိ႔ ေလေၾကာင္းလုိင္းကို စီးမယ့္သူအေရအတြက္က ၇ ရာခုိင္ႏႈန္းေလာက္ပဲ ရွိမယ္လုိ႔ ဆုိပါတယ္။ ကၽြန္ေတာ္တုိ႔ ဘာမွ ဆက္မေျပာေတာ့ဘဲ လုပ္မယ္ကြာဆုိၿပီး အခုထိလုပ္လာခဲ့တာပါပဲ။

လူေတြရဲ႕ သေဘာက အၿမဲတမ္း စိုးရိမ္တတ္ၾကပါတယ္။ တခုခုအသစ္အဆန္းလုပ္မယ္ဆုိတုိင္း ဘယ္ဟာ မွားႏုိင္တယ္၊ ဘယ္ဟာ အလုပ္မျဖစ္ဘူးဆုိၿပီး အၿမဲေျပာတတ္ၾကပါတယ္။ ကုိယ့္ရဲ႕ အိုင္ဒီယာကို လက္ေတြ႔ အေကာင္အထည္ေဖၚျပၿပီး ဒီလူေတြမွားတယ္ဆုိတာ သက္ေသ ျပလုိက္ယံုပါပဲ…

၉။ လူေတြကို ကူညီဖုိ႔အတြက္ အလုပ္လုပ္ပါ

လုပ္ငန္းတုိင္းဟာ လူေတြကို ကူညီဖုိ႔အတြက္ပါ။ လုပ္ငန္းတခုစမယ္ဆုိရင္ စာရြက္အလြတ္တခုေပၚမွာ ပန္းခ်ီဆြဲသလုိပဲ… ကုိယ္ျဖစ္ခ်င္တဲ့ ေပၚေပါက္ခ်င္တဲ့ အရာမွန္သမွ်ကို စိတ္ကူးထဲကအတုိင္း ခ်ဆြဲတတ္ဖုိ႔ပါ။ ကိုယ့္စိတ္ကူးက မရွင္းလင္းဘူး၊ မတိက်ဘူးဆုိရင္ ဒီပန္းခ်ီက အႏုစိတ္လွပမွာမဟုတ္ပါဘူး။ ဒီလုိပဲ ကိုယ့္ရဲ႕ လုပ္ငန္းဟာလည္း မတိက်တဲ့အတြက္ ေအာင္ျမင္လာမွာမဟုတ္ပါဘူး။

ဒီေတာ့ အလုပ္လုပ္ရင္ ကိုယ့္စိတ္ကူးကို ၁၀၀ ရာခုိင္ႏႈန္းယံုၿပီး အလုပ္လုပ္ပါ။ တကယ့္ အႏွစ္ခ်ဳပ္ကေတာ့ ဘယ္လုပ္ငန္းပဲလုပ္လုပ္ လူေတြရဲ႕ ဘဝကို အားျဖည့္ကူညီေပးမယ့္ အလုပ္တခုျဖစ္ဖုိ႔ပါပဲ…

၁၀။ သူမတူေအာင္ လုပ္ပါ

Richard ရဲ႕ ဘဝကုိျပန္ၾကည့္မယ္ဆုိရင္ သူတကာထက္ထူးျခားတဲ့ လုပ္ငန္းေတြနဲ႔ လုပ္ေဆာင္မႈေတြ ျမင္ႏုိင္ပါတယ္။ လူေတြရဲ႕ ဘဝကို ကူညီရင္း လုပ္ငန္းေပါင္း ၄၀၀ ေက်ာ္ကို ဦးစီးထူေထာင္ခဲ့ပါတယ္…

ေနာက္ဆံုး ေကာက္ႏႈတ္ခ်က္အေနနဲ႔ သာမန္လူေတြထက္ ထူးျခားေအာင္၊ သူမတူေအာင္၊ ေတြးေခၚတတ္၊ ႀကိဳးစားတတ္၊ အေကာင္အထည္ေဖၚတတ္လာရင္ Richard လုိေအာင္ျမင္တဲ့ လူတစ္ေယာက္ျဖစ္လာမွာပါ….

Credit: Evan

Source; Successupsize.com

(Unicode Version)

Virgin Group ရဲ့ CEO ဖြစ်သူ ကိုယ်တိုင်ကြိုးစားပြီး ကုဋေကြွယ်သူဌေးတစ်ဦးဖြစ်လာတဲ့ Richard Branson ရဲ့ Interview တွေက ကောက်နှုတ်ချက် လေးတွေကို ပြန်လည် တင်ပြပေးလိုက်ပါတယ်။ Richard ဟာ အထက်တန်းကျောင်းသားအရွယ် ၁၆ နှစ်သားကတည်းက ကိုယ်ပိုင်အသေးစားလုပ်ငန်းလေးတစ်ခု ကျောင်းမှာ စလုပ်ဖြစ်ခဲ့တဲ့ Entrepreneur ဖြစ်ပြီး အခုလက်ရှိ CEO အဖြစ်တာဝန်ယူထားတဲ့ Virgion Group ဟာ Virgin Airlines အပါအဝင် Company ပေါင်း ၄၀၀ ကျော်ကို လည်ပတ်နေတာဖြစ်ပါတယ်။ သူဒီလို လုပ်ငန်းတွေကို လည်ပတ်နိုင်အောင် ဘယ်လိုခံယူချက်၊ ကြိုးစားမှုတွေနဲ့ စတင်ခဲ့လဲ။
၁။ ရိုးရိုးရှင်းရှင်းလုပ်ပါ
ကျွန်တော့်မှာ အမေ့လွယ်တဲ့ ရောဂါရှိတယ်ဗျ… တော်ယုံတန်ယုံဆိုမေ့သွားတတ်တယ်။ ဒီတော့ ကျွန်တေ်ာတို့ Company မှာ သုံးတဲ့ အသုံးအနှုန်းတွေကအစ လွယ်လွယ်နဲ့ မှတ်မိလွယ်အောင် လုပ်ထားရတယ်။ အခြား သူတွေလို ရှုပ်ရှုပ်ထွေးထွေး စနစ်တွေ မထားဘူး။ ဒီ အချက်လေးကပဲ ကျွန်တော်တို့ကို အများသူငါတွေထက် လွယ်ကူတဲ့ စနစ်ကို ကြံဆဖြစ်အောင် တွန်းအားပေးခဲ့တယ်ထင်တာပဲ…
၂။ စမ်းကြည့်စမ်းပါ
လူတော်တော်များများက လုပ်ငန်းတခုစတင်ရမှာ အရမ်းကြောက်တတ်ကြတယ်။ စမ်းတောင် မစမ်းချင်ကြဘူး။ ကျွန်တော် ဒီလူတွေကို ပြောချင်တာက “လွဲပါစေကွာ.. လုပ်ကြရအောင်”… တခါတလေ ဒီလို စမ်းပြီး စတာလေးကပဲ လူတွေရဲ့ ဘဝကို ပြောင်းလဲစေခဲ့တာပါပဲ။ ငွေကြေး နည်းနည်းလေးနဲ့လည်း စလို့ရတာတွေ အများကြီးပါ။
တခါက ကျွန်တော့် အမေ လမ်းပေါ်မှာ ဆွဲကြိုးလေး ကောက်ရလို့ ရဲစခန်းကို သွားပေးဖူးတယ်။ ၃လကြာလို့ ပိုင်ရှင်မပေါ်တော့ ရဲတွေက အမေ့ကို ပြန်ပေးလို့ ရောင်းလိုက်တာ ပိုက်ဆံနည်းနည်း ရတယ်။ ဒီ ပိုက်ဆံ နည်းနည်းကပဲ ကျွန်တော်တို့ လုပ်ငန်း စဖြစ်ဖို့အတွက် အဓိက အရင်းအနှီးဖြစ်လာတယ်။
၃။ ခေါင်းဆောင်ကောင်း လုပ်ပါ
စီးပွားရေးတခုထောင်တိုင်း Company ဆိုတဲ့ အဓိပ္ပာယ်ကို မေ့မသွားပါနဲ့။ Company ဆိုတာ လူအစု အဖွဲ့အစည်းကို ခေါ်ပါတယ်။ တနည်းအားဖြင့် လူတွေပေါင်းစုပြီးလုပ်နေကြတာပါ။ ဒီအတွက် လုပ်ပေးနေတဲ့ လူတွေကို ကူညီဖို့၊ စိတ်ဓာတ်မြှင့်ပေးဖို့၊ သေချာ နားထောင်ဖို့ ခေါင်းဆောင် အရည်အချင်းတွေလိုပါတယ်။
လူတွေက ပန်းတွေလိုပဲ။ ပန်းတွေကို ရေလောင်းပေးရင်ပိုပြီး လန်းဆန်းဖွ့ံထွားလာသလို… လူတွေကို ချီးမွမ်းပြီး ပဲ့ပြင်ပေးနိုင်ရင်လည်း သူတို့တွေ ပိုပြီး ဖွ့ွ့့ံဖြိုးလာကြလိမ့်မယ်။ ဒီလိုလုပ်တတ်ခြင်းဟာ ခေါင်းဆောင်ကောင်း တဦးရဲ့ တကယ့် အရေးပါတဲ့ အရည်အချင်းပါပဲ။
၄။ အားမလျှော့လိုက်နဲ့
အောင်မြင်တဲ့ စီးပွားရေးနဲ့ အရှုံးပေါ်နေတဲ့ လုပ်ငန်းကြားမှာ စည်းလေး သေးသေးလေးပဲ ခြားတယ်ဗျ။ အောင်မြင်တဲ့ လုပ်ငန်းတွေက ကုန်ကျစရိတ်ကို ကာမိအောင်ပေးနိုင်ပြီး၊ အရှုံးပေါ်နေတဲ့လုပ်ငန်းတွေကတော့ ဒီအခြေအနေရောက်လာအောင် ကြိုးစားနေရတာပါပဲ။ ကျွန်တော်တို့လည်း ဒီလိုပဲ နှစ်ပေါင်း ၄၀လောက် အောင်မြင်မှု ဘက်ခြမ်းလေးကနေ စည်းမကျော်သွားအောင် ကြိုးစားရင်း ဖြတ်သန်းခဲ့တာပါပဲ။
စီးပွားရေး အစကနဦးစထောင်တဲ့ သူတော်တော်များများ အစမှာတော့ အရှုံးပေါ်နေတဲ့ အခြမ်းမှာပဲ ရှိတတ်ကြပါတယ်။ ဒီလိုနဲ့ ဆက်လက်ကြိုးစားရင်း ပြင်ဆင်ရင်းနဲ့ ဒီဘက် စည်းခြမ်းလေးကို ရာက်လာတာပေါ့။ ကျွန်တော်ကတော့ ဒီလို ကြိုးစားနေသူတွေကို မရပ်ပါနဲ့၊ အားမလျှော့လိုက်ပါနဲ့ … ဆက်လက်ကြိုးစားပါလို့ ပြောချင်ပါတယ်
၅။ အလုပ်လွှဲပေးပါ
လုပ်ငန်းလုပ်တာကြာလာပြီဆိုရင် ကိုယ့်ထက်တော်တဲ့ တတ်တဲ့သူကို လွှဲပေးပြီး အခြား လုပ်ငန်းတခုကို
ကိုယ်က ထပ်ပြီး စတင်ဖို့အတွက် လုပ်ရပါမယ်။
Entrepreneur ဆိုတာ မန်နေဂျာမဟုတ်ပါဘူး။ သူတို့က အိုင်ဒီယာအသစ်တွေ တွေးခေါ်ဖို့၊ စတင်ဖို့၊ အကောင်အထည်ဖေါ်ဖို့ အားသန် ကြပါတယ်။ အဲ…. အဲ့ဒီလို လုပ်ပြီးသွားပြီဆိုရင်လည်း ဒီလုပ်ငန်းကို ကိုယ့်ထက် ကျွမ်းကျင်အောင်လုပ်နိုင်သူကို လွှဲပေးပြီး ကိုယ်က ထွက်လာတဲ့အချိန်မှာ နောက်တခုကို ဆက်သွားရတာပါပဲ။ ဒီလို မဟုတ်ဘဲ လုပ်ငန်းတခုနဲ့ပဲ အချိန်ကုန်နေရင်တော့ ဆက်လက်ချဲ့ထွင်ဖို့ ခက်ခဲပါလိမ့်မယ်။
၆။ လူတွေကို ကောင်းကောင်းဆက်ဆံပါ
စီးပွားရေး တခုအောင်မြင်နေနိုင်ဖို့အတွက် လူတွေကို ကောင်းကောင်းဆက်ဆံဖို့လိုပါတယ်။
လူတွေကို ကောင်းကောင်းဆက်ဆံတတ်ရင် ဒီလူတွေက ကိုယ့်ဆီကို တနည်းနည်းနဲ့ ပြန်လာကြပါတယ်။
လူတွေကို သာတူညီမျှ ကောင်းကောင်းဆက်ဆံတတ်ရင် လူတွေရဲ့ ချစ်ခင်မှုနဲ့ ကျေးဇူးတုံ့ပြန်မှုတွေကို
ပြန်လည် တွေ့ရမှာပါ။ ဒါဟာ ကျွန်တော်တို့ Virgin Group ရဲ့ အဓိက အားသာချက်တခုပါပဲ။
၇။ သမားရိုးကျနည်းတွေကို စိန်ခေါ်ပါ
ကျွန်တော်က အသစ်အသစ်တွေ လေ့လာရတာကြိုက်ပါတယ်… ဒီတော့ ကျွန်တော့်အတွက်တော့ အလုပ်လုပ်နေရတယ်လို့ မထင်ပါဘူး… ဘဝရဲ့ အတွေ့အကြုံအသစ်တွေလို့ပဲ မင်မိပါတယ်။ အခြားသူတွေ လုပ်နေတာကို ကြည့်ပြီး သူတို့ထက် ကောင်းအောင်၊ ထူးခြားအောင် လုပ်နိုင်တယ်လို့ ကျွန်တော်မြင်ရင် လုပ်လိုက်တာပဲ။ ရှေးရိုး အယူအဆတွေကို လက်ကိုင်မထားဘဲ စျေးကွက်ကို နည်းနည်း ကိုင်လှုပ်ပစ် လိုက်တဲ့သဘောပါ။
၈။ လူတွေက အမြဲတမ်း စိုးရိမ်ကြမှာပဲ
ကျွန်တော်တို့ Virgin လေကြောင်လိုင်း စထောင်တုန်းက Marketing survey နဲ့ လေ့လာမှုတွေအရ လူတွေက ဒီနာမည်ဟာ အလုပ်မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။ ဒီနာမည်ကို လူတွေက နှစ်သက်မှာမဟုတ်ဘူးပေါ့… နောက်တချက်ကတော့ ကျွန်တော်တို့ လေကြောင်းလိုင်းကို စီးမယ့်သူအရေအတွက်က ရ ရာခိုင်နှုန်းလောက်ပဲ ရှိမယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့ ဘာမှ ဆက်မပြောတော့ဘဲ လုပ်မယ်ကွာဆိုပြီး အခုထိလုပ်လာခဲ့တာပါပဲ။
လူတွေရဲ့ သဘောက အမြဲတမ်း စိုးရိမ်တတ်ကြပါတယ်။ တခုခုအသစ်အဆန်းလုပ်မယ်ဆိုတိုင်း ဘယ်ဟာ မှားနိုင်တယ်၊ ဘယ်ဟာ အလုပ်မဖြစ်ဘူးဆိုပြီး အမြဲပြောတတ်ကြပါတယ်။ ကိုယ့်ရဲ့ အိုင်ဒီယာကို လက်တွေ့ အကောင်အထည်ဖေါ်ပြပြီး ဒီလူတွေမှားတယ်ဆိုတာ သက်သေ ပြလိုက်ယုံပါပဲ…
၉။ လူတွေကို ကူညီဖို့အတွက် အလုပ်လုပ်ပါ
လုပ်ငန်းတိုင်းဟာ လူတွေကို ကူညီဖို့အတွက်ပါ။ လုပ်ငန်းတခုစမယ်ဆိုရင် စာရွက်အလွတ်တခုပေါ်မှာ ပန်းချီဆွဲသလိုပဲ… ကိုယ်ဖြစ်ချင်တဲ့ ပေါ်ပေါက်ချင်တဲ့ အရာမှန်သမျှကို စိတ်ကူးထဲကအတိုင်း ချဆွဲတတ်ဖို့ပါ။ ကိုယ့်စိတ်ကူးက မရှင်းလင်းဘူး၊ မတိကျဘူးဆိုရင် ဒီပန်းချီက အနုစိတ်လှပမှာမဟုတ်ပါဘူး။ ဒီလိုပဲ ကိုယ့်ရဲ့ လုပ်ငန်းဟာလည်း မတိကျတဲ့အတွက် အောင်မြင်လာမှာမဟုတ်ပါဘူး။
ဒီတော့ အလုပ်လုပ်ရင် ကိုယ့်စိတ်ကူးကို ၁၀၀ ရာခိုင်နှုန်းယုံပြီး အလုပ်လုပ်ပါ။ တကယ့် အနှစ်ချုပ်ကတော့ ဘယ်လုပ်ငန်းပဲလုပ်လုပ် လူတွေရဲ့ ဘဝကို အားဖြည့်ကူညီပေးမယ့် အလုပ်တခုဖြစ်ဖို့ပါပဲ…
၁၀။ သူမတူအောင် လုပ်ပါ
Richard ရဲ့ ဘဝကိုပြန်ကြည့်မယ်ဆိုရင် သူတကာထက်ထူးခြားတဲ့ လုပ်ငန်းတွေနဲ့ လုပ်ဆောင်မှုတွေ မြင်နိုင်ပါတယ်။ လူတွေရဲ့ ဘဝကို ကူညီရင်း လုပ်ငန်းပေါင်း ၄၀၀ ကျော်ကို ဦးစီးထူထောင်ခဲ့ပါတယ်…
နောက်ဆုံး ကောက်နှုတ်ချက်အနေနဲ့ သာမန်လူတွေထက် ထူးခြားအောင်၊ သူမတူအောင်၊ တွေးခေါ်တတ်၊ ကြိုးစားတတ်၊ အကောင်အထည်ဖေါ်တတ်လာရင် Richard လိုအောင်မြင်တဲ့ လူတစ်ယောက်ဖြစ်လာမှာပါ….
Credit: Evan
Source; Successupsize.com

Read times
Rate this item
(1 Vote)