-->
×

Warning

JUser: :_load: Unable to load user with ID: 29


လိုခ်င္ေသာစိတ္သာ တကယ္ရွိမယ္ဆုိရင္ ရယူဖို႔အတြက္ နည္းလမ္းေတြကရွိစၿမဲပါ

လိုခ်င္ေသာစိတ္သာ တကယ္ရွိမယ္ဆုိရင္ ရယူဖို႔အတြက္ နည္းလမ္းေတြကရွိစၿမဲပါ google.com

အေမရိကန္ႏိုင္ငံတြင္ ေထာင္ေသာင္းေပါင္းမ်ားစြာေသာ ေက်ာင္းသား၊ေက်ာင္းသူမ်ား ႏွစ္စဥ္ဘဲြ႔ရပညာတတ္မ်ားအၿဖစ္ တကၠသိုလ္ေပါင္းမ်ားစြာက ေမြးထုတ္ေပးတာ ဂုဏ္ယူစရာဆိုပင္မယ့္ အဓိကက်တဲ့ သင္ယူထားေသာပညာနဲ႔ အသက္ေမြး၀မ္းေက်ာင္းလုပ္ငန္းတထပ္တည္းက်ဖို႔ဆိုတာမလြယ္ကူလွပါ။ လုပ္ငန္းရွင္ေတြက လူေတာ္၊လူတတ္ေတြ အလြန္မ်ားၿပားတဲ့ႏိုင္ငံမွာ ေက်ာင္းအလိုက္၊အဆင့္အလိုက္ အရည္အခ်င္း၊အမွတ္ အစရွိသည္တို႔ၿဖင့္လူေကာင္းရဖို႔ေရြးခ်ယ္တတ္ ႀကသလို အဓိကေတြထဲကမွ တခ်က္ၿဖစ္တဲ့ အဆက္အသြယ္ေကာင္းသူ၊ တနည္းအားၿဖင့္နီးစပ္ရာ သူေတြကိုလုပ္ငန္းခြင္ထဲကို ဆြဲသြင္းတတ္ႀကပါတယ္။


တခ်ိဳ့ဆိုေတာ္ေတာ္ေလးရုန္းကန္ႀကိဳးစားၿပီးမွ သူတို႔လိုခ်င္ေသာအိပ္မက္္ကိုအေကာင္အထည္ေဖာ္ႏိုင္ခဲ့တာပါ။ ထိုသူေတြထဲကမွ Danu Phromrat ဆိုတဲ့အေမရိကန္ႏိုင္ငံေရာက္ထိုင္းလူမ်ိဳးဘဲြ႔ရခါစ သူတစ္ဦးရဲ့ မဆုတ္မနစ္ ႀကိဳးစားမွုႏွင့္ လိုခ်င္ေသာအလုပ္ကို ရေအာင္စြမ္းေဆာင္ခဲ့တဲ့အေႀကာင္းကို

ဘ၀သင္ခန္းစာအၿဖင့္ ယူလိုေသာ သူမ်ား အတြက္တဆင့္ၿပန္လည္မွ်ေ၀လိုက္ပါတယ္ခင္ဗ်ာ။
Find Advertising Agencies
Danu Phromrat ဟာ ဘဲြ႔ရခါစမွာ အခ်ိန္ႀကာၿမင့္စြာအလုပ္တခုရရန္ နည္းလမ္းအဖံုဖံုၿဖင့္ႀကိဳးစားခဲ့ေသာ္လည္း အခ်ိန္သာကုန္၊ေလွ်ာက္လြာတင္ခဲ့တာလည္း အေရအတြက္ ၁၀၀မကရွိခဲ့ၿပီး ကံအေႀကာင္းမလွစြာ အလုပ္ရဖို႔ ေနေနသာသာ အင္တာဗ်ဴတခုပင္မရခဲ့ပါ။ ပံုမွန္လုပ္နည္းေတြထက္ပိုမိုထိေရာ

က္ႏိုင္ရန္ အေတြးမ်ားစြာၿဖင့္ ေနာက္ဆံုးမိမိကိုယ္ကို ကုန္ပစၥည္းတခုလို လူပံုအလယ္မွာေႀကာ္ၿငာရန္ဆံုးၿဖတ္ခ်က္ခ်လိုက္သည္။ အ၀တ္အစားကိုက်က်နန၀တ္ဆင္ၿပီးလူစည္ကားေသာလမ္းတေနရာတြင္ အလုပ္ရွာေနပါသည္ဟူေသာ ဆိုင္းဘုတ္ၿဖင့္ရပ္ကာ လူအမ်ားၿမင္သာေစရန္ၿပဳလုပ္ခဲ့ပါတယ္။ ထိေ

ရာက္မွုကေတာ့ လြန္ခဲ့ေသာေန႔ရက္ေတြနဲ႔ မတူညီေတာ့ပါ အင္တာဗ်ဴ ၆ခုအထိရရွိခဲ့လို႔ပါ။

သူ႔ရဲ့အလုပ္ရရွိရန္ရွာေဖြပံုႏွင့္ႀကိဳးစားပံုကို သိရွိသြားတဲ့လုပ္ငန္းရွင္တဦးမွာေတာ့ Danu Phromrat ရွိရာ ခ်ဥ္းကပ္သြားခဲ့ၿပီး အင္တာဗ်ဴေၿဖဆိုရန္အခြင္႔အေရး ေပးခဲ့သလို ႏွစ္နာရီႀကာၿပီးေနာက္ ၎လုပ္ငန္းမွာ လုပ္ကိုင္ရန္သေဘာတူခဲ့သည္။ ေပွ်ာ္ရႊင္မွုကေတာ့အတိုင္းအထက္အလြန္ေပါ့။ Danu လမ္းေ

ပၚတြင္ရပ္ၿပီး အလုပ္ရွာေနစဥ္တေလွ်ာက္ၿဖတ္သန္းၿဖတ္လာ သြားသူမ်ားကလက္ဆဲြႏွုတ္ဆက္ကာအားေပးခဲ့သူမ်ားရွိခဲ့သလို၊ ဒိုနပ္ေကြ်းသူမ်ားႏွင့္ Starbucks ေကာ္ဖီ၀ယ္ေသာက္ႏိုင္ရန္ လက္ေဆာင္ကဒ္မ်ားကို ေပးခဲ့သူမ်ားလည္း ရွိပါတယ္ဟုဆိုသည္။ ဒီလိုသာၿဖစ္မယ္ဆိုတာသိရင္ေစာေစာထဲက လုပ္

ပါတယ္ဟုလည္းဆိုၿပန္ပါတယ္။
ကဲသူလည္းပဲအမ်ားသူငါမ်ားသင္ခန္းစာယူႏိုင္ရန္ေၿပာႀကားခဲ့ပါတယ္၊"လိုခ်င္ေသာစိတ္သာတကယ္ရွိမယ္ဆိုရင္ ရယူဖို႔အတြက္နည္းလမ္းဆိုတာရွိစၿမဲပါတဲ့"။ ဒီေဆာင္းပါးေလးအတြက္ေတာ့ဒီေနရာမွာတင္နိဂုံုးခ်ဳပ္ပါရေစ။ ဘ၀အတြက္ေအာင္ၿမင္လိုသူမ်ား၊ေအာင္ၿမင္ၿပီးသူမ်ား၊ထပ္ဆင့္ေအာင္ၿမင္လိုသူ

မ်ားလည္း အဆိုပါေဆာင္ပုဒ္ေလးကို အသံုးခ်ေနသူမ်ား၊အသံုးခ်မယ့္သူမ်ားရွိမယ္လို႔လည္းယံုႀကည္ပါတယ္။

Credit ; world Myanmar 

(Unicode Version)

အမေရိကန်နိုင်ငံတွင် ထောင်သောင်းပေါင်းများစွာသော ကျောင်းသား၊ကျောင်းသူများ နှစ်စဉ်ဘွဲ့ရ
ပညာတတ်များအဖြစ် တက္ကသိုလ်ပေါင်းများစွာက မွေးထုတ်ပေးတာ ဂုဏ်ယူစရာဆိုပင်မယ့် အဓိကကျတဲ့ သင်ယူထားသောပညာနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတထပ်တည်းကျဖို့ဆိုတာမလွယ်ကူလှပါ။ လုပ်ငန်းရှင်တွေက လူတော်၊လူတတ်တွေ အလွန်များပြားတဲ့နိုင်ငံမှာ ကျောင်းအလိုက်၊အဆင့်အလိုက် အရည်အချင်း၊အမှတ် အစရှိသည်တို့ဖြင့်လူကောင်းရဖို့ရွေးချယ်တတ် ကြသလို အဓိကတွေထဲကမှ တချက်ဖြစ်တဲ့ အဆက်အသွယ်ကောင်းသူ၊ တနည်းအားဖြင့်နီးစပ်ရာ သူတွေကိုလုပ်ငန်းခွင်ထဲကို ဆွဲသွင်းတတ်ကြပါတယ်။

တချို့ဆိုတော်တော်လေးရုန်းကန်ကြိုးစားပြီးမှ သူတို့လိုချင်သောအိပ်မက််ကိုအကောင်အထည်ဖော်နိုင်ခဲ့တာပါ။ ထိုသူတွေထဲကမှ Danu Phromrat ဆိုတဲ့အမေရိကန်နိုင်ငံရောက်ထိုင်းလူမျိုးဘွဲ့ရခါစ သူတစ်ဦးရဲ့ မဆုတ်မနစ် ကြိုးစားမှုနှင့် လိုချင်သောအလုပ်ကို ရအောင်စွမ်းဆောင်ခဲ့တဲ့အကြောင်းကို ဘဝသင်ခန်းစာအဖြင့် ယူလိုသော သူများ အတွက်တဆင့်ပြန်လည်မျှဝေလိုက်ပါတယ်ခင်ဗျာ။

Danu Phromrat ဟာ ဘွဲ့ရခါစမှာ အချိန်ကြာမြင့်စွာအလုပ်တခုရရန် နည်းလမ်းအဖုံဖုံဖြင့်ကြိုးစားခဲ့သော်လည်း အချိန်သာကုန်၊လျှောက်လွာတင်ခဲ့တာလည်း အရေအတွက် ၁၀၀မကရှိခဲ့ပြီး ကံအကြောင်းမလှစွာ အလုပ်ရဖို့ နေနေသာသာ အင်တာဗျူတခုပင်မရခဲ့ပါ။ ပုံမှန်လုပ်နည်းတွေထက်ပိုမိုထိရောက်နိုင်ရန် အတွေးများစွာဖြင့် နောက်ဆုံးမိမိကိုယ်ကို ကုန်ပစ္စည်းတခုလို လူပုံအလယ်မှာကြော်ငြာရန်ဆုံးဖြတ်ချက်ချလိုက်သည်။ အဝတ်အစားကိုကျကျနနဝတ်ဆင်ပြီးလူစည်ကားသောလမ်းတနေရာတွင် အလုပ်ရှာနေပါသည်ဟူသော ဆိုင်းဘုတ်ဖြင့်ရပ်ကာ လူအများမြင်သာစေရန်ပြုလုပ်ခဲ့ပါတယ်။ ထိရောက်မှုကတော့ လွန်ခဲ့သောနေ့ရက်တွေနဲ့ မတူညီတော့ပါ အင်တာဗျူ ၆ခုအထိရရှိခဲ့လို့ပါ။

သူ့ရဲ့အလုပ်ရရှိရန်ရှာဖွေပုံနှင့်ကြိုးစားပုံကို သိရှိသွားတဲ့လုပ်ငန်းရှင်တဦးမှာတော့ Danu Phromrat ရှိရာ ချဉ်းကပ်သွားခဲ့ပြီး အင်တာဗျူဖြေဆိုရန်အခွင့်အရေး ပေးခဲ့သလို နှစ်နာရီကြာပြီးနောက် ၎င်းလုပ်ငန်းမှာ လုပ်ကိုင်ရန်သဘောတူခဲ့သည်။ ပျှော်ရွှင်မှုကတော့အတိုင်းအထက်အလွန်ပေါ့။ Danu လမ်းပေါ်တွင်ရပ်ပြီး အလုပ်ရှာနေစဉ်တလျှောက်ဖြတ်သန်းဖြတ်လာ သွားသူများကလက်ဆွဲနှုတ်ဆက်ကာအားပေးခဲ့သူများရှိခဲ့သလို၊ ဒိုနပ်ကျွေးသူများနှင့် Starbucks ကော်ဖီဝယ်သောက်နိုင်ရန် လက်ဆောင်ကဒ်များကို ပေးခဲ့သူများလည်း ရှိပါတယ်ဟုဆိုသည်။ ဒီလိုသာဖြစ်မယ်ဆိုတာသိရင်စောစောထဲက လုပ်ပါတယ်ဟုလည်းဆိုပြန်ပါတယ်။


ကဲသူလည်းပဲအများသူငါများသင်ခန်းစာယူနိုင်ရန်ပြောကြားခဲ့ပါတယ်၊"လိုချင်သောစိတ်သာတကယ်ရှိမယ်ဆိုရင် ရယူဖို့အတွက်နည်းလမ်းဆိုတာရှိစမြဲပါတဲ့"။ ဒီဆောင်းပါးလေးအတွက်တော့ဒီနေရာမှာတင်နိဂုုံးချုပ်ပါရစေ။ ဘဝအတွက်အောင်မြင်လိုသူများ၊အောင်မြင်ပြီးသူများ၊ထပ်ဆင့်အောင်မြင်လိုသူများလည်း အဆိုပါဆောင်ပုဒ်လေးကို အသုံးချနေသူများ၊အသုံးချမယ့်သူများရှိမယ်လို့လည်းယုံကြည်ပါတယ်။
Credit ; world Myanmar

Read times
Rate this item
(0 votes)