-->
×

Warning

JUser: :_load: Unable to load user with ID: 29


Travel Blogger ကနေ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်ဖြစ်လာတဲ့ Kelly

Travel Blogger ကနေ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်ဖြစ်လာတဲ့ Kelly Google

ခရီးသွားခြင်းက စိတ်လက်အပန်းဖြေစေနိုင်တာမက မမြင်ဖူးသေးတဲ့ အတွေ့အကြုံအသစ်တွေကိုလည်း ယူဆောင်ပေးနိုင်ပါတယ်။ ခရီးသွားလို့ ဖူးစာဆုံသွားသူ ရှိသလို စွန့်ဦးတီထွင်သူ ဖြစ်သွားကြသူများလည်း ရှိပါတယ်။ The Points Guy ဆိုတဲ့ Website တစ်ခုရှိတယ်။

သူ့ရဲ့ Competitive advantage က travel နဲ့ reward tip တွေ ဖော်ပြပေးတာ၊ Travel Review တွေ ဖော်ပြပေးတဲ့အပြင် credit card point တွေ သုံးပြီး ခရီးသွားတဲ့အခါ နေရာဒေသအလိုက် ဘယ်လို point များများရအောင် လုပ်ရမလဲဆိုတာကို ဖော်ပြခြင်းတွေပါပဲ။

The Points Guy ရဲ့ အစပိုင်းမှာ Customer ရဲ့ points တွေများများရအောင် ဒေါ်လာ ၅၀ နဲ့ လုပ်ပေးရတာ အေဂျင်စီတစ်ခုလိုပါပဲ။ idea ကောင်းပေမယ့် လက်တွေ့မကျတော့ သူ့သူငယ်ချင်းတွေရဲ့ အကြံပေးချက်နဲ့ပဲ Blog Domain တစ်ခု ၀ယ်ပြီး စတင်ငွေရှာခဲ့ပါတယ်။

အစပိုင်းမှာ သူ့ရဲ့ Blog က Content များများစားစား မပါဝင်ခဲ့ပါဘူး။ Website Traffic များလာအောင် ရည်ရွယ်ချက်နဲ့ Blogging စတင်လုပ်ဆောင်ခဲ့ပြီး အလုပ်ဖြစ်ခဲ့ပါတယ်။ တစ်နှစ်တာအကြာမှာ Blogging ကြောင့် သူ့ website ကို ပုံမှန်ဝင်ရောက်ကြည့်ရှုသူ (၂၀,၀၀၀) လောက်ရှိသလို Power က ပိုအားကောင်းလာတယ် ဆိုရမှာပဲ။

သင့်ကိုယ်ပိုင်လုပ်ငန်းကို ရေရှည်ရပ်တည်နိုင်ဖို့ သိထားသင့်တဲ့အချက် (၇)ချက်

၎င်းရဲ့ အကျိုးဆက်ကြောင့်ဘဲ Chase Bank ရဲ့ အထင်ကြီးမှုကို ခံရပြီး အလုပ်တူတွဲလုပ်ဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။ The New York Times မှာ The Points Guy ရဲ့ Credit Card Blog အကြောင်းပါဝင်ပြီးနောက် Viral ဖြစ်ပြီး လူသိများသွားခဲ့တယ်။

ဒေါ်လာ တစ်သိန်းအမြတ်ရပြီးနောက် သူ့ရဲ့ site ကို Bankrate ဆီရောင်းချလိုက်ပါတယ်။ The Points Guy က သူ့ရဲ့ application ကို အပြောင်းအလဲ လုပ်လိုက်ပြီး Creative Control လောက်ပဲ လုပ်ဆောင်ပါတော့တယ်။ The Points Guy ကို တည်ထောင်သူကတော့ “Kelly” ပါ။

သူက ဒီ blogging သွားဖို့ ဘယ်က အတွေးရလဲဆိုတော့ သူဟာ ငယ်စဉ်တုန်းက သူ့အဖေရဲ့ အကြံပေးခရီးသွားရင်း သူလိုက်ပါသွားခဲ့တယ်။ မိသားစုကလည်း ခရီးမကြာခဏ သွားသူတွေဆိုတော့ Points တွေ စုရင်း နောက်ထပ်ခရီးသွားရင်းနဲ့ ခရီးသွားဖို့ ရူးသွပ်ခဲ့သူပါ။

သူဘွဲ့ရပြီးတဲ့နောက် သူ့ရဲ့ Point တွေက သက်တောင့်သက်သာသွားလို့ရတဲ့ Elite အဆင့်ကို ရောက်လာခဲ့ပေမယ့် Financial Crisis ကြောင့် သူ့မျှော်လင့်ချက်တွေ ရပ်မလိုဖြစ်ခဲ့တယ်။ ၄င်းနောက်မှာ စီးပွားရေးနဲ့ ပတ်သက်တဲ့ အကြံကို ရသွားပြီး The Points Guy ကို လုပ်ဆောင်ခဲ့တာပါပဲ။ Kelly လို ခရီးသွားခြင်းကနေ စီးပွားရေး idea တွေအဖြစ်ပြောင်းလိုက်တာကတော့ လေးစားချင်စရာပါပဲ။

Source; Efectivee
Myanmar Advertising Directory

 

Read times
Rate this item
(1 Vote)