-->
×

Warning

JUser: :_load: Unable to load user with ID: 29


ရန်ကုန်မြို့လောက်ပဲရှိတဲ့ စင်ကာပူနိုင်ငံရဲ့ထိပ်ဆုံးရောက်နေတဲ့ စီးပွားရေး

ရန်ကုန်မြို့လောက်ပဲရှိတဲ့ စင်ကာပူနိုင်ငံရဲ့ထိပ်ဆုံးရောက်နေတဲ့ စီးပွားရေး Google

လူဦးရေဟာ ၅.၇၁ သန်း ပဲရှိတဲ့ စင်ကာပူနိုင်ငံဟာ မြန်မာနိုင်ငံမှာရဲ့ ရန်ကုန်မြို့လောက်ပဲရှိပါတယ်။

ဒါပေမယ့် စင်ကာပူနိုင်ငံရဲ့ စီးပွားရေးဟာ အာဆီယံနိုင်ငံ (၁၀) နိုင်ငံမှာဆိုရင် ထိပ်ဆုံးရောက်ရှိနေပါတယ်။ နိုင်ငံသေးသေးလေး ဖြစ်ပေမယ့် ဘာကြောင့် စီးပွားရေးလုပ်ငန်းတွေ အောင်မြင်နေတယ်၊ ဘယ်လို လုပ်ငန်းတွေ လုပ်ကိုင်နေတယ်ဆိုတာကို ဖော်ပြလိုက်ပါတယ်။

စင်ကာပုနိုင်ငံမှာ GDP ( ပြည်တွင်း အသားတင်ကုန်ထုတ်လုပ်မှု) တိုးတက်နှုန်းဟာ ၂၀၁၇ ခုနှစ်ကနေစပြီး ၃.၆ ရာခိုင်နှုန်းထိ တိုးတက်ခဲ့ပြီး ပြည်တွင်းအသားတင် ဝန်ဆောင်မှု လုပ်ငန်းတွေကတော့ ၂၀၁၆ ခုနှစ်မှာ ၇၃.၄ ရာခိုင်နှုန်းနဲ့ ပြည်တွင်း စက်မှုလုပ်ငန်းတွေက ၂၆.၆ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။

စင်ကာပုနိုင်ငံမှာ လုပ်သားဦးရေစုစုပေါင်းကတော့ ၂၀၁၆ ခုနှစ်မှာ ၃.၆၆၁ မီလီယံရှိပြီး လုပ်ကိုင်တဲ့ စက်မှုလုပ်ငန်းတွေက ကတော့ လျှပ်စစ်ပစ္စည်းများ၊ ဓာတုပစ္စည်းများ၊ ဘဏ္ဍရေးဝန်ဆောင်မှု၊ ရေနံတူးဖော်ရေး လုပ်ငန်းများ၊ ရေနံသန့်စင်ရေး လုပ်ငန်းများ၊ ရာဘာ၊ အစားအစာနဲ့ အရက်သေစာ လုပ်ငန်း၊ သဘောင်္ ပြုပြင်ရေးလုပ်ငန်း စတဲ့လုပ်ငန်းတွေကို လုပ်ကိုင်နေပါတယ်။

မြန်မာနိုင်ငံဟာ စီးပွားရေး လုပ်ကိုင်ရ လွယ်ကူတဲ့ နိုင်ငံတွေထဲမှာ နောက်ဆုံးရောက်နေ

စင်ကာပူနိုင်ငံကလုပ်ကိုင်တဲ့ ပို့ကုန်လုပ်ငန်းတွေကတော့ စက်ယန္တရား နဲ့ ကိရိယာ၊ လျှပ်စစ်လုပ်ငန်း၊ ဆေးဝါးနဲ့ ပို့ကုန်လုပ်ငန်းတွေအတွက် ရရှိငွေဟာ ၃၂၉.၇ ဘီလီယံ ရရှိနေပါတယ်။

အဓိကတင်ပို့တဲ့ နိုင်ငံတွေကတော့ တရုတ်နိုင်ငံနဲ့ ဟောင်ကောင်နိင်ငံကို ၁၃ ရာခိုင်နှုန်း၊ မလေးရှားနိုင်ငံကို ၁၁ ရာခိုင်နှုန်း၊ ဥရောပနိုင်ငံကို ၉ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားနိုင်ငံကို ၈ ရာခိုင်နှုန်းနဲ့ အခြားနိုင်ငံတွေကိုတော့ ၄၇ ရာခိုင်နှုန်း တင်ပို့နေပါတယ်။

စင်ကာပူနိုင်ငံကလုပ်ကိုင်တဲ့ သွင်းကုန်လုပ်ငန်းတွေကတော့ စက်ယန္တရားနဲ့ ကိရိယာ၊ လောင်စာဆီ၊ စားသုံးကုန် ပစ္စည်းနဲ့ လူသုံးကုန် ပစ္စည်း စတာတွေဖြစ်ပါတယ်။ စင်ကာပူနိုင်ငံဟာ သွင်းကုန်လုပ်ငန်းတွေအတွက် ရရှိငွေဟာ ၂၀၁၆ ခုနှစ်မှာ ၂၈၂.၉ ဘီလီယံ ရှိပါတယ်။

အဓိကတင်သွင်းတဲ့ နိုင်ငံတွေကတော့ တရုတ်နိုင်ငံနဲ့ ဥရောပနိုင်ငံကို ၁၄ ရာခိုင်နှုန်း၊ မလေးရှားနိုင်ငံနဲ့ အမေရိကန်နိုင်ငံကို ၁၁ ရာခိုင်နှုန်း၊ ထိုင်ဝမ်နိုင်ငံကို ၄ရာခိုင်နှုန်းနဲ့ အခြားနိုင်င့တွေကိုတော့ ၄၂ ရာခိုင်နှုန်း တင်ပို့နေပါတယ်။ စင်ကာပူနိုင်ငံဟာ ဘယ်နိုင်ငံမဆို ကန့်သတ်မထားပဲ ကုန်သွယ်လို့ရတဲ့ နိုင်တာကြောင့် စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်လို့ အကောင်းဆုံးနိုင်ငံ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်မှာ စင်ကာပူနိုင်ငံရဲ့ ဘဏ္ဍာငွေဟာ ၆၉.၄၅ ဘီလီယံ ရရှိပြီး ကုန်ကျငွေကတော့ ၇၅.၀၇ ဘီလီယံ ရရှိခဲ့ပါတယ်။


Htet Htet Naing

Myanmar Advertisng Directory

Read times
Rate this item
(1 Vote)