-->
×

Warning

JUser: :_load: Unable to load user with ID: 29


Live လွှင့်၊ ဗီဒီယိုတွေတင်ပြီး ကြော်ငြာမယ်ဆိုရင်သိထားသင့်တဲ့အချက်များ

Live လွှင့်၊ ဗီဒီယိုတွေတင်ပြီး ကြော်ငြာမယ်ဆိုရင်သိထားသင့်တဲ့အချက်များ Google

အခုနောက်ပိုင်း အွန်လိုင်းရှော့ပင်းတော်တော်များများမှာ လိုက်ဖ်လွှင့်ပြီးဈေးရောင်းတာတွေ၊ ဗီဒီယိုတွေတင်ပြီး ဈေးရောင်းတာတွေကတော့ တော်တော်ကိုခေတ်စားလာတယ်။

ဒီလိုမျိုးလုပ်ကိုင် ပြီး ရောင်းချတာမယ်ဆိုရင် သိထားရမယ့်အချက်တွေရှိပါတယ်။ တချို့တွေကျတော့ မလုပ်တတ်တာတွေရှိတယ်၊ အဲဒီတော့လူတွေကစိတ်မဝင်စားကြတော့ဘူး၊ အဲဒီလိုတွေတော့ ဖြစ်တယ်၊ လိုက်ဖ်လွှင့်တာပဲဖြစ်ဖြစ်၊ ဗီဒီယိုတွေတင်ပြီး ကြော်ငြာတာပဲဖြစ်ဖြစ် လူစိတ်ဝင်စားအောင် လုပ်နိုင်ဖို့တော့လိုအပ်တယ်၊ ထိုင်းမှာဆိုရင် တော်တော်များများကလိုက်ဖ်လွှင့်ပြီး ရောင်းကြတာ၊ သူတို့ကလူတွေကို ဘယ်လိုဆွဲဆောင်ပြီး စိတ်ဝင်စားအောင်လုပ်ရမယ်ဆိုတဲ့ နည်းလမ်းတွေကိုသိတယ်၊ အဲဒီတော့ လူတွေကလဲသဘောကျတယ်လို့ Facebook Advertiser ကိုအောင်သူရက ပြောပါတယ်။

သိသင့်တာတွေ

ဒီလိုဖေ့စ်ဘုတ်ခ်ကနေ လိုက်ဖ်တွေလွှင့်ပြီးရောင်းတာတွေ၊ ဗီဒီယိုတင်ပြီးရောင်းချတာတွေပြုလုပ်တော့မယ်ဆိုရင် ၁၀ စက္ကန့်လောက်သာပြုလုပ်သင့်ပါတယ်။ သည် ၁၀ စက္ကန့်လောက်အချိန်မှာပဲ အသုံးပြုသူတွေကိုဆွဲဆောင်နိုင်တဲ့ ကြော်ငြာတွေ၊ စာသားတွေကိုရေးသားပြောဆိုရမှာပါ။ အချိန်ကြာကြာပြုလုပ်တယ်ဆိုရင် အသုံးပြုသူတွေအတွက် ငြီးငွေ့စရာတွေဖြစ်လာနိုင်တာကြောင့် အချိန်တိုတိုနဲ့ ထိထိမိမိဖြစ်အောင်ပြုလုပ်သင့်ပါတယ်။ ထိုင်းနိုင်ငံက အွန်လိုင်းရှော့ပင်းတွေဆိုရင် သူတို့ရောင်းချင်တဲ့ပစ္စည်းတွေကိုလဲကြော်ငြာတယ်၊ ပြီးတော့ သူတို့ပြောချင်တာတွေကိုလဲ အကုန်လုံးကိုပြောပြတယ်၊ အချိန်ကတော့တော်တော်ကြာတယ်၊ ဒါပေမဲ့လူတွေစိတ်ဝင်စားတယ်၊ ဘာကြောင့်လဲဆိုတော့ ဈေးရောင်းတာနဲ့ တူအောင်မရောင်းဘူး၊ ဒီပစ္စည်းလေးတွေကတော့ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီးဘယ်လိုလေးကောင်းတာပါဆို ပြီး ပြောတယ်၊ ပြီးရင်ဟာသလေးတွေပြောတယ်၊ ကပြတာတွေလုပ်တယ်၊ အဲဒီလိုဆိုတော့ ကြည့်တဲ့သူတွေက စိတ်ဝင်စားကြတာပေါ့။

ဒါ့အပြင် ကိုယ်တင်လိုက်တဲ့ ဗီဒီယိုမှာပညာပေးတဲ့ နည်းလမ်းတွေထည့်ပေးတာတွေ၊ ဗီဒီယိုကနေတစ်ဆင့် စာသင်ကြားခိုင်းတာမျိုးတွေ မဟုတ်ဘဲ ကိုယ်ရောင်းချမယ့်ပစ္စည်း ကောင်းကွက်ဆိုးကွက်တွေကို သေချာပြောပြပြီး သုံးတတ်ရင်ဘယ်လိုအဆင်ပြေနိုင်ကြောင်း မသုံးတတ်ရင်တော့ ဘယ်လိုတွေဖြစ်တတ်တယ်ဆိုတာကို ပြောပြရမှာဖြစ်ပါတယ်။ နောက်ထပ်နည်းလမ်းတစ်ခုကတော့ သရုပ်ဆောင်ပြတာတွေ၊ ဖျော်ဖြေရေးလေးတွေထည့်ပေးတာကိုပြုလုပ်သင့်ပါတယ်။ ကိုယ်တိုင်သရုပ်ပြပြီး အသုံးပြုပြတယ်ဆိုရင်သုံးတဲ့သူတွေရဲ့ ကြည့်ချင်တဲ့စိတ်ကိုဖြစ်ပေါ်လာစေနိုင်တာဖြစ်ပြီး စိတ်ဝင်စားမှုကိုလည်းခံရမှာဖြစ်တယ်လို့ သိရပါတယ်။ ဖျော်ဖြေရေးတွေထည့်မယ်ဆိုရင်တော့ ပိုပြီးအဆင်ပြေမှာဖြစ်ပါတယ်။ ဖျော်ဖြေရေးတွေဆိုရင်တော့ ဟာသပိုင်းတွေ၊ အဆိုပိုင်း၊ အကပိုင်းတွေကို လူတွေကပိုပြီး စိတ်ဝင်စားကြတာကြောင့် ဖျော်ဖြေရေးတွေထည့်မယ်ဆိုရင်တော့ သည်လိုအစီအစဉ်တွေထည့်တာပိုပြီး အဆင်ပြေနိုင်မှာဖြစ်တယ်။

နောက်တစ်ချက်ကတော့ ကိုယ်ကဗီဒီယိုတွေကို ပို့စ်တွေတင်ပြီးရောင်းတာပဲဖြစ်ဖြစ်၊ လိုက်ဖ်လွှင့်ပြီးရောင်းတာပဲဖြစ်ဖြစ် လုပ်ပြီးပြီဆိုရင်တော့ ကိုယ့်ရဲ့ဖုန်းနံပါတ်တွေ၊ ဆက်သွယ်လို့ရနိုင်တဲ့ အချက်အလက်တွေကိုတော့ စုံစုံလင်လင်ထည့်ပေးပြီး ပို့စ်တင်သင့်တယ်လို့သိရပါတယ်။ လိုက်ဖ်လွှင့်တဲ့အခါမှာ အချိန်ကိုအရမ်းအကြာကြီးနဲ့ လူတွေကို ငြီးငွေ့စေတဲ့ကုန်ပစ္စည်းကြော်ငြာတွေကိုပဲ ပြနေတာမျိုးတွေမဟုတ်ဘဲ အသုံးပြုပုံတွေကိုသေချာဖော်ပြထားပြီး တင်တယ်ဆိုရင်တော့ ပိုပြီး အဆင်ပြေနိုင်မှာဖြစ်တယ်။ ဒါ့အပြင် ဖျော်ဖြေရေးလေးတွေပါထည့်သင့်တယ်လို့ သိရပါတယ်။

Video Editing & Production(ဗီဒီယိုတည်းဖြတ်နှင့်ထုတ်လုပ်ရေးလုပ်ငန်းများ(၆၇)ခုကိုရှာရန်နှိပ်ပါ။)

ကြိုလုပ်ထားသင့်တာတွေ

လိုက်ဖ်မလွှင့်ခင်မှာပရိသတ်တွေကိုကြိုတင်ပြီးတော့ သတိပေးထားသင့်ပါတယ်။ ကုန်ပစ္စည်းတစ်ခုကိုဈေးကွက်မှာ စတင်ဖြန့်တော့မယ်ဆိုရင်တော့ ပရိသတ်တွေကိုကြိုတင်အသိပေးပြီးမှ လုပ်ကိုင်တယ်ဆိုရင် ပိုပြီးအဆင်ပြေနိုင်တာကြောင့် ဖေ့စ်ဘုတ်ခ်မှာလိုက်ဖ်လွှင့်တယ်ဆိုရင်လည်း အသုံးပြုသူတွေကို ကြိုတင်ပြောပြီးမှလွှင့်တယ်ဆိုရင်တော့ အဆင်ပြေနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ အချိန်ကိုလည်းလွှင့်ချင်တဲ့အချိန်မှာ လွှင့်တာမျိုးတွေမဟုတ်ဘဲ အချိန်တစ်ခုကန့်သတ်ပြီးလွှင့်တယ်ဆိုရင်တော့ အဆင်ပြေနိုင်မှာဖြစ်တယ်။

နောက်ပြီး လိုက်ဖ်လွှင့်တာကိုအချိန်တိတိကျကျလုပ်သင့်တယ်၊ ကိုယ်လွှင့်ချင်တဲ့အချိန်လွှင့်တယ်ဆိုရင် စောင့်နေတဲ့သူတွေအတွက်ကကျတော့ အလကားဖြစ်တယ်၊ လွှင့်ပြီးမှပြန်ကြည့်ရတာထက် လွှင့်တဲ့အချိန်မေးမြန်းတာတွေ၊ ဝယ်ယူတာတွေပြုလုပ်မယ်ဆိုရင်တော့အဆင်ပြေနိုင်မှာပါ၊ တစ်ရက်မှာတစ်ကြိမ်လောက်ပဲ လွှင့်မယ်ဆိုရင်တော့ ပိုကောင်းတယ်၊ ခဏခဏလွှင့်တာထက်စာရင်လေ၊ အဲဒီတော့တစ်ရက်ကို တစ်ခါ တစ်ပတ်ကိုလေးခါလောက်ပဲလွှင့်ရမယ်၊ အချိန်တွေအများကြီးယူပြီး ခဏခဏလွှင့်နေတယ်ဆိုရင်တော့ ဘယ်သူမှစိတ်မဝင်စား လောက်တော့ဘူး၊ လွှင့်တဲ့အချိန်ကြိုပြောပြီးတော့ ဘယ်အချိန်မှာဘာပစ္စည်းလေးတွေကိုတင်ပြီး ကြော်ငြာမယ်ဆိုတာကိုကြိုပြောသင့်တယ်လို့ ပြောပါတယ်။ မှန်ကန်တဲ့လိုက်ဖ်တွေ၊ ဗီဒီယိုတွေကနေတစ်ဆင့် လုပ်ငန်းအတွက်အကျိုးအမြတ်တွေကိုရရှိနိုင်မှာဖြစ်ပါတယ်။ သည်လိုလိုက်ဖ်တွေပဲဖြစ်ဖြစ်၊ ဗီဒီယိုတွေကိုပဲဖြစ်ဖြစ် စတင်ရိုက်နေပြီဆိုရင် ကိုယ့်ပစ္စည်းတွေကိုအတင်းကြီး ကြော်ငြာနေတာတွေထက် အနည်းငယ်လောက်သာပြောပြပြီး ကိုယ်ကဘယ်လိုပစ္စည်းတွေကို သုံးတယ်ဆိုတာကိုလည်း သေသေချာချာရှင်းပြတယ်ဆိုရင်တော့ အဆင်ပြေနိုင်မှာပါ။

Read More>>>ပထမဆုံးအကြိမ် ကြော်ငြာအေဂျင်စီစာချုပ်ချုပ်ဆိုခဲ့တဲ့ Instagram

Credit; လိမ္မာ

 

Read times
Rate this item
(1 Vote)