-->
×

Warning

JUser: :_load: Unable to load user with ID: 29


မဖြစ်နိုင်ဘူးဆိုတဲ့ အတွေးဟာ သင့်အတွက် မဖြစ်ပါစေနဲ့!

မဖြစ်နိုင်ဘူးဆိုတဲ့ အတွေးဟာ သင့်အတွက် မဖြစ်ပါစေနဲ့! google.com

မဖြစ်နိုင်ဘူးဆိုတဲ့ အတွေး တွေကို ခင်ဗျား ခေါင်းထဲကနေ မောင်း ထုတ်ပစ်လိုက်ပါတော့...။

တစ်ချိန်က ဂျက်မား...


" ဒီလို ဆင်းရဲ မွဲတေ နေတဲ့ ကလေးလေး တစ်ယောက်ဟာ အရှေ့တောင် အာရှမှာ အချမ်းသာဆုံး လူတစ်ယောက် ဖြစ်မှာလားလို့"

အဲဒီအချိန်က ခင်ဗျား ကိုမေးခဲ့ရင် ဘယ်လိုပြန်ဖြေမှာလဲ?

ဒါပေမဲ့ အခုချိန်မှာ သူဟာ အရှေ့တောင် အာရှမှာ အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်နေပြီဆိုတာ ခင်ဗျား သိစေချင်တယ်။

သူရဲ့ စိတ်ဓာတ်တွေကို ခင်ဗျား အတုယူစေချင်တယ်။

မဖြစ်နိုင်ဘူးဆိုတဲ့ စိတ်ဓာတ်တွေကို ခင်ဗျား ခေါင်းထဲကနေ မောင်းထုတ်ပစ်လိုက်ပါ။

မဖြစ် ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်ကိုသာ ခင်ဗျား ခေါင်းထဲမှာ ထည့်တားပါ။

လောကမှာ မဖြစ်နိုင်ဘူးဆိုတာ ဘာမှ မရှိပါဘူး ။ မဖြစ်သေးတာပဲ ရှိသေးတာပါ ။

ကိုယ်ဖြစ်ချင်တဲ နေရာကိုရောက်ဖို့ အချိန်ကြာတာနဲ့ အချိန်မြန်မှာ ဒီနှစ်ခုထဲရယ်။

ခင်ဗျားဘက်က ဇွဲ လုံးလ ရှိဖို့ပဲလိုတယ်။

ခင်ဗျားလိုချင်တဲ့ ပန်းတိုင်ကို တစ်နေ့နေတော့ ရောက်က်ကို ရောက်ပါလိမ့်မယ်။

ဆက်ကြိုးစားပါ။

မဖြစ်နိုင်ဘူးဆိုင်ရင် အခုချိန်မှာ လူ အယောက် လေး ငါ ရား သယ်ဆောင်ပြီး လေပေါ်မှာ ပျံသန်နိုင်တဲ့ လေယာဉ်ဆိုတာ ခင်ဗျားတို့ စီးဖို့ မပြောနဲ့ ။မြင်တောင် မြင်ဖူးမှာ မဟုတ်ဘူး။

ဒါပေမဲ့ ရိုက်ညီနောင်က ရအောင် တီထွင်ခဲ့တယ် ။

မဖြစ်နိုင်ဘူးလို့ ဆိုရင် အခုချိန်မှာ ခင်ဗျားတို့ဟာ ကမ္ဘာရဲ့ အမှောင်မိုက်ဆုံး ညမှာ ဆီမီးခွက်နဲ့ဘဲ တန်တဲ့ လူတွေဘဲ။

ဒါပေမဲ့ သောမတ်စ် အက်ဒီဆင်က မီးလုံးကို. ရအောင် တီထွင်ခဲ့တယ်။

လွယ်လွယ်လေး ရလိုက်တယ်လို့တော့ မထင်ပါနဲ။ အကြိမ်ရေ တစ်သောင်း ရှုံနိမ့်ခဲ့တာတောင် လက်မလျှော့ခဲ့ဘူး။

သူရဲ့ ဇွဲ လုံးလ ရှိမှုကြောင့် ခင်ဗျားတို့ ကမ္ဘာ မှောင်ဆုံး ည မှာတောင် အလင်းရောင် ပေးနေတဲ့ မီးလုံး ကို သူ တီထွင်ခဲ့တယ်ဆိုတာ မမေ့နဲ့။

ဒီလောက်ပါပဲဗျာ...။

ဘယ်အရာမဆို ဇွဲ လုံးလ ရှိရှိကြိုးစားစမ်းပါ။ စိတ်ဓာတ်မကျပါနဲ့။

လောကကြီးထဲက ခင်ဗျား ထွက်ခွာသွားတဲ့ အခါ အကောင်းဆုံး အရာတွေ ချန်ထားခဲ့ နိုင်အောင် မဖြစ်နိုင်ဘူးဆိုတဲ့ စိတ်ဓာတ်ကြီးကို လက်လွှတ်လိုက်စမ်းပါဗျာ...။

Recommended for you-စိတ်ပျက်လက်လျှော့ချင်နေပြီလား

Source; generalknowledge

Read times
Rate this item
(3 votes)